part 35

384 9 0
                                    

"မမကြီး မုန့်ဖိုး"

"ဟင်...မနေ့ကပဲ မင်းကို ပေးထားတယ်လေ"

"မဟုတ်ဘူး မမကြီး...အဲ့ဒါက ဟိုဟာ...အော်...ကျောင်းမှာ ဆရာကန်တော့ပွဲအတွက်ထည့်လိုက်ရလို့ ဟုတ်တယ် အဲ့ဒါပေးလိုက်ရလို့"

ပန်းလေး ရှေ့က ခေါင်းကုပ်လိုက် နှာခေါင်းပွတ်လိုက်နှင့် ဂနာမငြိမ် နှင့်စကားကိုဝေ့လည်ကြောင်ပတ်ပြောနေသော မောင်ဖြစ်သူကိုကြည့်ကာစိတ်ပျက်မိသည်။

"ဖိုးသူ ခုတလော မင်းကိုကြည့်ရတာသိပ်မဟုတ်ဘူးနော် မင်းဘာတွေလုပ်နေတာလဲ မှန်မှန်ပြောစမ်း"

"ဟာ...ကျွန်တော်ကဘာလုပ်ရမှာလဲ မမကြီးကလဲ ပေးမှာသာပေးပါဗျာ ကျောင်းနောက်ကျနေပြီး"

"ဟင်း..."

ပန်းလေး မေးတာကို တောင် သူ့မှာစိတ်မရှည်ဘဲ ခေါင်းကိုခပ်ကြမ်းကြမ်းပွတ်၍ အနုကြမ်းစီးနေသလိုအတင်းမရမကတောင်းမည့်ပုံ။

"ရော့ ဒါ နောက်ဆုံးပဲ တစ်ပတ်လောက်အောင်‌သုံး နောက်ထပ်ထပ်မတောင်းနဲ့ ထပ်မပေးဘူးကြားလား"

"ပြီးရောဗျာ ဒိုးပြီ"

ပန်းလေးလက်ထဲက ငွေစက္ကူများကိုဆောင့်ဆွဲယူကာ လစ်ခနဲရှေ့ကထွက်လို့သွားသည်။

"ကြည့်စမ်း လက်ထဲမှာပိုက်ဆံတွေအများကြီးပဲ မီးကိုလဲ နည်းနည်းပေး ဖိုးသူ"

"ဖယ်စမ်းပါဟာ နင်ကတမှောင့်"

"အ..."

"ဟဲ့..."

အိမ်ပေါက်ဝ၌ ဖိုးသူမှာ ငယ်လေး လက်၀ါးဖြန့်၍ မုန့်ဖိုးတောင်းသည်ကို တွန်းထုတ်လိုက်၍ ငယ်လေးမှာ ဘေးဘက်သို့လက်ထောက်ကျသွားရသည်။

ပန်းလေး လဲကျသွားသော ငယ်လေးဆီအပြေးသွားကာတွဲထူလိုက်ရသည်။

"ရလား ငယ်လေး ...ဖိုးသူတစ်ကောင်တော့လေ သူ့စိတ်ကြီးပဲ အမြဲဒေါသပဲထွက်နေတယ် ဒီကောင်လေးတော့ "

ငယ်လေးမှာအားဘယ်လောက်ပြင်းပြင်းနှင့်တွန်းခံလိုက်ရ၍လဲမသိ ငိုမဲ့မဲ့လေးဖြစ်လို့နေသည်။

"နာနေလား ငယ်လေး ..."

"ဟင်အင်း ဖိုးသူ မီးမုန့်ဖိုးတောင်းတာလေးကိုတွန်းထုတ်ပစ်တယ် အရင်ကအဲ့လိုမဟုတ်ပဲနဲ့"

🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼Onde histórias criam vida. Descubra agora