အကြင်နာပန်းလေး ရင်မှာလန်းပါ...🌼
အပိုင်း(၄၇)
ခုနောက်ပိုင်း သူမရဲ့အပြုအမှုတွေက ထိုင်းမှိုင်းလို့နေသည်။
တစ်ခုခုကို လုပ်နေသော်လည်း စိတ်လွတ်နေသူတစ်ယောက်လို ငေးငိုင်လျက်ရှိ၏။
ဤသည်ကို မြတ်ဘုန်း သတိထားမိတာ ကြာလေပြီး။
"ပန်းလေး"
"မေ့ ဟင်"
ခုလည်း မုန်လာဥနီကိုလှီးနေရာမှ ရပ်ကာ ရှေ့က နံရံအလွတ်ကိုသာငေးကြည့်နေတာမို့ သူ သူမပုခုံးကိုတို့ခေါ်လိုက်စဉ် လန့်ဖြတ်သွားသည့် သူမပုံစံ။
ထိုချိန် တူးနံ့ရလာ၍ နှစ်ယောက်လုံး ဒယ်အိုးကိုကြည့်လိုက်စဉ်
ကြက်ကြော်များမှာတူးနေသည်ကိုတွေ့လိုက်ကြရလေသည်။ထို့ကြောင့် မြတ်ဘုန်း လျင်မြတ်စွာဖြင့် ပလပ်ကြိုးကိုဆွဲဖြုတ်လိုက်ရ၏။
"ကျွတ် ပန်းလေး နင်ဘာဖြစ်နေတာလဲ စိတ်နဲ့လူနဲ့လည်းကပ်ပုံမရဘူး နင်လုပ်တာ ငါ့အိမ်မီးလောင်တော့မယ်"
သူ မျက်မှောင်ကြုတ်၍ မေးလိုက်ချိန် သူမက သူ့ကိုကြောင်ကြည့်နေသည်မို့ စိတ်မရှည်စွာ သူမပုခုံးနှစ်ဖက်ကိုခပ်တင်းတင်းဆုပ်ကိုင်၍ ခါယမ်းလျက်
"ပန်းလေး ငါပြောတာ ကြားလား ဟမ်"
ခလွမ်း
သူ လှုပ်ခါလိုက်၍ သူမလက်ထဲမှ ဓားတိုလေးမှာ ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားလေသည်။
"ဖယ်စမ်းငါ့ကို"
ထိုခါမှ သူမက သတိပြန်လည်လာသူတစ်ယောက်လို သူ့လက်တွေကိုအတင်းဖြုတ်ထုတ်ပါလေတော့သည်။
သူလည်း သူမကိုလွတ်ပေးလိုက်စဉ် သူ့ကို မျက်လုံးစိမ်းများဖြင့်ကြည့်ကာ
"နင်ပျော်တယ် မလား"
ခပ်မဲ့မဲ့အပြုံးနှင့် ပြောလာသည်မို့ သူနားမလည်နိုင်စွာသူမကိုပြန်ကြည့်မိကာ
"ပန်းလေး နင်ဘာတွေပြောနေတာလဲ ငါနားမလည်ဘူး"
"ဒီလောက်တောင်ဒုက္ခပေးထားပြီး မသိသလိုလုပ်နေမှတော့ နင်နားလည်အောင်ပြောပြရမှာပေါ့ ဒီမှာ မြတ်ဘုန်း နင်ကြောင့် ကိုကြီးက ငါ့ကိုအထင်လွဲပြီး စကားမပြောတော့ဘူး သားကိုလည်း ငါနဲ့ဝေးအောင်လုပ်နေတယ် ငါရှင်းပြဖို့ကြိုးစားမိတိုင်းလဲ ကိုကြီးက ငါနဲ့မျက်နှာချင်းကိုမဆိုင်တော့တာ ခု ငါ့မောင်လေးလည်း ဘယ်လောက်ထိများပျက်စီးနေမလဲ တွေးမိတာနဲ့ ပူလောင်လွန်းလို့ သေတောင်သေလိုက်ချင်တယ် အဲ့ဒါတွေနင်သိလား ငါဘယ်လောက် နာကျင်ခံစားနေရလဲ နင်မြင်ပြီးလား ဟင်...ဟင့် ငါတောင်းပန်ပါတယ် တော်ပါတော့ ငါခုလိုဖြစ်တာနင်ကျေနပ်တယ်မလား ဒီလောက်နဲ့ပဲ ငါ့ကိုလွတ်မြောက်ခွင့်ပေးပါတော့ ငါရှိခိုးပြီးတောင်းပန်ပါတယ် ဟီး..."
YOU ARE READING
🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼
Romance🌼အကြင်နာပန်းလေး ရင်မှာလန်းပါ🌼 zawgyi and unicode "ပန်လေးဘဝမှာလေ မြတ်ဘုန်းရှိရင်အရာရာပြည့်စုံပြီး" အကြင်နာပန်း "အဟားဟား မင်းရဲ့လိမ်ညာစကားတွေကိုယုံမိတာ ငါကခုတော့ နွားလုံးလုံးဖြစ်ကျန်ခဲ့ရပြီး" မြတ်ဘုန်းသော် "ဘွားဘွား ရှာခိုင်းတဲ့လက်စွပ်ပိုင်ရှင်ကို က...