part 45

227 10 6
                                    

အကြင်နာပန်းလေး ရင်မှာလန်းပါ...🌼

အပိုင်း(၄၅)

တီ...တီ...

ပန်းလေး ကိုကြီးအတွက် အင်္ကျီထုတ်ပေးနေစဉ် ဖုန်းဝင်လာ၍ ကြည့်လိုက်စဉ် မြတ်ဘုန်းနံပါတ်ဖြစ်လို့နေသည်။

ကိုကြီးရှေ့မှာမို့ ပန်းလေး အနညး်ငယ်တုန်လှုပ်သွားမိပေမယ့်

ကိုကြီးကတော့ သူလုပ်စရာရှိတာဆက်လုပ်နေသည်။

ပန်းလေးကိုကြီးထိုင်နေသည့် နားသွား၍ အင်္ကျီလက်ရှည်နှင့် စတိုင်ပန်အား ဆိုဖာလက်တန်း‌တွင်တင်လိုက်ပြီး

"ဒီမှာ ကိုကြီးဝတ်ဖို့ ပန်း ဖုန်းခနသွားပြောလိုက်အုံးမယ်နော်"

"အင်..."

ကိုကြီးက ပြုံးကာခေါင်းညိတ်ပြ၍ လက်တော့ကိုပြန်ကြည့်နေ၏။

ပန်းလေးလည်း ‌အတက်နိုင်ဆုံး ‌အမူအရာမပျက်အောင်ကြိုးစားရင်း ရေချိုးခန်းဘက်ထွက်လာခဲ့လိုက်သည်။

ရေချိုးခန်းထဲရောက်စဉ်တံခါးကို လော့ချလိုက်ပြီး ဖုန်းကိုင်လိုက်၏။

"ဟယ်လို"

"ပန်းလေး ငါဖုန်းဆက်နေတာကြာနေပြီး နင်ဘာလို့ချက်ချင်းမကိုင်တာလဲ"

"ငါ့ကိုနင့်လိုများအားနေတယ်ထင်လားမြတ်ဘုန်း"

ပန်းလေးစစလာခြင်းပိတ်ဟောက်ခံလိုက်ရ၍ ဒေါသဖြစ်မိကာ အသံကြိတ်ကြိတ်ဖြင့်ပြန်ပြောမိသည်။

သူနဲ့ဖုန်းပြောနေရသည်မှာမွန်းကြပ်လွန်းကာ တံခါးဘက်ကိုလည်း လူသံကြားမလားနားစွင့်နေရသည်။

ခုတော့ပန်းလေးအဖြစ်က အပြစ်လုပ်ထားသူတစ်ယောက်လို ခိုးကြောင်ခိုးဝှက်နှင့်ရင်တထိတ်ထိတ်သာ။

"အေ့ပေါ့လေ နင်က အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဆိုတော့ နင့်ရဲ့ချစလှစွာသော် ခင်ပွန်းဖြစ်သူသူဌေးကြီးနဲ့သားအတွက် ဂရုစိုက်နေရတာဆိုတော့ ဘယ်အားပါ့မလဲ အဟွန့်"

"နင်ငါ့ကိုလာမရွဲ့နဲ့မြတ်ဘုန်း နင်နဲ့စကားနိုင်လာဖို့အချိန်မရှိဘူး
နင်ဘာပြောမှာလဲမြန်မြန်ပြော"

🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼Where stories live. Discover now