part14

254 10 0
                                    

🌼အကြင်နာ ပန်းလေး ရင်မှာလန်းပါ...🌼

အပိုင်း(၁၄)

သိုက်အကြောင်းစုံပြောပြနေသည်ကို မြတ်ဘုန်း မျက်မှောင်ကြုတ်၍စိတ်မရှည်စွာ နားထောင်လို့နေသည်။

သိုက်ကလည်း သူဖြစ်ကြောင်းကုန်စင်ရှင်းပြပြီးချိန် မြတ်ဘုန်း၏မျက်နှာရိပ်မျက်နှာကဲကိုကြည့်ကာ အားပင်ပျက်ချင်သွားသည်။

ဒီလူငယ်ပုံက အကူအညီပေးချင်ပုံမပေါ်ပါ။

သူများကောင်မလေးကို ခိုးရင်ခုန်နေပြီး သူ့ကောင်လေးကိုအကူအညီတောင်းထဲက ကိုယ်ဟာတော်တော်လေးတရားလွန်နေပြီး။

မတက်သာတော့တဲ့အခြေအနေမို့ မျက်နှာပူပူ စိတ်မလုံစွာနှင့်ပင် ရှေ့ဆက်နေရသည်။

အခက်ခဲကြုံလာတော့ ဘယ်အရာမှ ဒီအခက်အခဲလောက်အရေးမပါတော့သလိုပင်။

"ညီလေး ကိုယ်ပြောတဲ့လူကို သိမယ်ဆိုင်ရင် အဲ့လူရှိတဲ့နေရာလိုက်ပို့ပေးဖို့ ကူညီပေးနိုင်မလား တကယ်လို ညီလေးမသိဘူးဆိုကင်လည်း ရပါတယ် ကိုယ့်ဘာကိုယ်ပဲရှာလိုက်ပါမယ် "

ထိုလူငယ်က မျက်နှာမာထန်နေတာမို့ သူစကားကိုမတက်မကျပြောထားရသည်။

"ဒီမှာ ခင်ဗျားမေးပုံက လုံးဝ အထာမကျဘူးနော် ခင်ဗျားပြောပုံက ခင်ဗျားသူခိုးကိုသိနေရအောင် ကျုပ်ကို ဘယ်လိုထင်နေတာလဲ"

စားပွဲကိုလက်ဝါးဖြက့်ရိုက်ကာ အသံကျယ်ကျယ်ဖြင့် မြတ်ဘုန်းအော်လိုက်တာမို့ ဘေးဝိုင်းတွေကပါ ကြည့်ကုန်ကြသည်။

သိုက်လည်း စိတ်ပူနေ၍ ကိုယ့်စကားကိုတောင် သတိမထားမိဖြစ်သွားသည်။

ထို့ကြောင့် ပျာပျာသလဲအမြန်တောင်းပန်ကာ...

"ဟာ ....တောင်းပန်ပါတယ် ညီလေးရာကိုယ်က စိတ်လောပြီး စကားပြောမှားသွားလို့ပါ ညီလေးကိုအဲ့သဘောနဲ့ပြောတာ မဟုတ်ပါဘူး"

သိုက်တောင်းပန်ပါသော်လည်း မျက်လုံးစူးစူးဖြင့်စိုက်ကြည့်နေဆဲမို့ သိုက်ခေါင်းကုပ်ကာအကျပ်ရိုက်လို့သွားသည်။

အတန်ကြာသည်ထိ သိုက်အားမကျေမချမ်းကြည့်နေပြီးမှ သက်ပြင်းရှည်တစ်ခုချကာ စိတ်လျော့လိုက်ဟန်ဖြင့်....

🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼Where stories live. Discover now