🌼အကြင်နာပန်းလေး ရင်မှာလန်းပါ🌼
အပိုင်း(၅)
ဟော်တယ်နှင့် မလှမ်းမကမ်းလမ်းခုလတ်တစ်နေရာတွင်တော့
မြတ်ဘုန်းတစ်ယောက် လက်ပတ်နာရီတကြည့်ကြည့်ဖြင့် ပန်းလေးထွက်အလာကိုစောင့်လို့နေလေသည်။လေးနာရီအလုပ်ဆင်းးတည်းကစောင့်လိုက်ရသည့်အစောင့် လေးနာရီခွဲလောက်မှ ဟော်တယ် ဝနး်ထဲမှ ထွက်လာသည့် ပန်းလေး၏အရိပ်အယောက်ကိုမြင်ရတော့သည်။
ပန်းလေးတိုထွက်အလာ ညဆိုင်းသမားများအဝင်နှင့်တိုးကာ ပန်းလေးက သူ့အသိအစ်မများနှင့် စကားပြော နှုတ်ဆက်လို့နေသေးသည်။
မြတ်ဘုန်း ပန်းလေးကိုကြည့်ကာစိတ်မရှည်သလိုဖြစ်လာ၍ သက်ပြင်းကိုချလိုက်မိသည်။
သူသက်ပြင်းသုံးကြိမ်မြောက်ချပြီးချိန် ပန်းလေးမှ သူ့အားကြည့်ကာပြုံးပြ၍ သူ့အနားလျှောက်လို့လာသည်။
သူမလက်ထဲမှာလဲ အထုပ်ပေါင်းများစွာဖြင့်မို့ သူမလေးနေမှာဆိုး၍ ဟော်တယ်မှ လမ်းချိုးသည်နှင့် အထုပ်တွေသွားဆွဲကူလိုက်သည်။
"ဘာအထုပ်တွေလဲ ဒီလောက်အများကြီး"
"အော် ဦးလေးမျိုးကိုက ဘန်ကောက်က အပြန်လက်ဆောင်ဆိုပြီးပေးလိုက်တာ"
"ဘာ...."
မြတ်ဘုန်းတစ်ယောက် ရင်ထဲမှာပူမျှသွားကာမျက်နှာတစ်ခုလုံးလည်း တင်းမာခက်ထန်လို့သွားသည်။
"သူပေးတာဘာလို့ယူရတာလဲ ပန်းလေး ကိုယ်ပေးရင်တော့ ဖိနပ်လေးတစ်ရံတောင်မယူတဲ့နင်က ခုဘာလို့ ဒီလောက်များတဲ့လက်ဆောင်တွေလက်ခံရတာလဲ ဟမ်"
မြတ်ဘုန်းအထုပ်တွေကိုဆောင့်ကာ ကတ္တရားလမ်းပေါ်ပစ်ချ၍ ဒေါသအလျှောက်အော်မေးလိုက်သည်မို့အသံအနည်းငယ်ကျယ်သွားကာ လမ်းသွားလမ်းလာများက သူတို့နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့်ဖြင့်ကြည့်သွားကြ၏။
"နင်ကလဲ ဦးလေးက ငါ့အဖေသူငယ်ချင်း အဖေမရှိတော့ဘူးဆိုတော့ သူက ငါ့ကိုသမီးတစ်ယောက်လိုခင်လို့ပေးတာပါဟာ ငါကလည်း အဖေ့သူငယ်ချင်းဆိုတော့ ကိုယ့်ဦးလေးလိုသဘောထားပြီး အတင်းပေးနေတော့ အားနာလို့လက်ခံလိုက်ရတာပါ နင်ပေးတာမယူဘူးဆိုတာက နင့်ကို ငါ့အတွက်နဲ့တစ်ခုပြီးတစ်ခု ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်လို့ပါ ငါ့ကိုစိတ်မဆိုးပါနဲ့"
YOU ARE READING
🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼
Romance🌼အကြင်နာပန်းလေး ရင်မှာလန်းပါ🌼 zawgyi and unicode "ပန်လေးဘဝမှာလေ မြတ်ဘုန်းရှိရင်အရာရာပြည့်စုံပြီး" အကြင်နာပန်း "အဟားဟား မင်းရဲ့လိမ်ညာစကားတွေကိုယုံမိတာ ငါကခုတော့ နွားလုံးလုံးဖြစ်ကျန်ခဲ့ရပြီး" မြတ်ဘုန်းသော် "ဘွားဘွား ရှာခိုင်းတဲ့လက်စွပ်ပိုင်ရှင်ကို က...