part 34

257 19 1
                                    

အကြင်နာပန်းလေး
                    🌼
                      ရင်မှာလန်းပါ....

အပိုင်း(၃၄)

"ဟဲ့ ငယ်ထွေး နင်ကားတိုက်ခံရတယ်ဆို"

"မဟုတ်ပါဘူး ငါ့ဘာငါ လန့်ပြီး လဲကျတာ ကားနဲ့တိုက်မိတာမဟုတ်ဘူး"

"အော် တော်သေးတာပေါ့ ငါက နင် ကားတိုက်ခံရ‌တယ်ကြားတော့ စိတ်ပူနေတာ"

"ကျေးဇူးပါဟယ် စိတ်ပူပေးလို့"

ငယ် ကျောင်းပြန်တက်ချိန် ဘေးခုံမှ သူငယ်ချင်း အိအိဖွေး နှင့်စကားတွေပြောဖြစ်ကြသည်။

နေ့လယ်ကျောင်းဆင်းချိန်ကျတော့ နှစ်ယောက်သား ထမင်းတူတူစားကြပြီး မုန့်ဈေးတန်းထွက်လာခဲ့ကြသည်။

ငယ်တို့ကျောင်း မုန့်ဈေးတန်းက ကျောင်းအနောက်ပေါက်အဝင်မှာမို့ တချို့ ကျောင်းသားတွေလဲ အထိုအနောက်ဘက်ကလဲ ကျောင်းလာတက်ကြတာမို့ လူသွာစလူလာတော့မပြတ်ပါ။

ငယ် နှင့် အိအိတို့ နှစ်ယောက် အချဉ်ပေါင်းနှင့် အအေးထုပ်ကိုယ်စီဆွဲကာ မုန့်ဈေးတန်းလျှောက်ပတ်ဖြစ်ကြသည်။

ငယ် တန်းစီဖွင့်ထားသော မုန့်ဆိုင်တွေကို လျှောက်ကြည့်ရင်း လက်ထဲမှ အအေးအားပိုက်ဖြင့်စုပ်ကာ အေးအေးလူလူလမ်းလျှောက်ဖြစ်ကြသည်။

ငယ် ‌တို့နှစ်‌ေယာက် မုန့်ဈေးတန်းအဆုံးထိ လျှောက်ပြီးကြသော် မျက်လုံးက ကျောင်းအပြင်ဘက်ကိုဝေ့ဝဲကြည့်မိသွားသည်။

ဟင်း...လူကြီး...

ကျောင်းအပြင်ဘက် ကုက္ကိုလ်ပင်အောက် ကားကိုမှီရပ်နေသော လူကြီးကိုတွေ့လိုက်ရ၍ ငယ်ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

သူက အနောက်တိုင်းဝတ်စုံအပြည့်နှင့် မျက်မှန်နက်ကိုတပ်ထားကာ မြင့်မားလွန်းသည့်သူ့အရပ်ကြီးကြောင့် လူကြားထဲထင်းနေ၍ ချက်ချင်းဆိုသလိုသူ့ကိုသတိပြုမိသွားသည်။

"ငယ်ထွေး သွားမယ်လေ စားချင်တာလဲ ဘာမှမရှိတော့ဘဲ အခန်းပဲပြန်ရအောင်"

ဘေးကနေ အိအိ‌အသံကြားပင်မယ့် စိတ်ကသူ့ဆီကိုသာရောက်နေသောကြောင့် လူက ကျောက်ရုပ်လိုဖြစ်လို့နေသည်။

🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼Tempat cerita menjadi hidup. Temukan sekarang