part 37

238 12 3
                                    

အကြင်နာပန်းလေး ရင်မှာလန်းပါ....🌼

အပိုင်း(၃၇)

လွန်ခဲ့သော ခြောက်နှစ်ကျော်က....

"သားကြီး ငါတို့ဒီလိုဆက်နေလို့တော့မရတော့ဘူး မင်းဒီပုံအတိုင်းဆိုလဲ မင်းဖြစ်ချင်တဲ့ပန်းတိုင်းက ဝေးအုံးမှာ"

မြတ်ဘုန်း ဝေလင်းစကားကို ကြားရချိန် ယခုလက်ရှိအခြေအနေနဲ့ လုံးဝအားပျက်ချင်စရာပဲမို့သက်ပြင်းရှည်ကြီးချမိသည်။

ကားမောင်းသမားဘဝက ထင်သလောက်မလွယ်ကူပေ။

လမ်းကြမ်းတွေမောင်းရတဲ့အခါ အသက်အန္တရာယ်များလွန်းလှသည်။

ရတဲ့လစာဟာလဲ စားဝတ်နေရေးအဖက်ဖက်က ပြန်ကုန်နေသည့်အတွက် လောက်ရုံ စုမိဖို့ကျ ဒီဝင်ငွေနဲ့ သူဖြစ်ချင်တဲ့ပန်းတိုင်က ရွှေပြည်တော် မျှော်တိုင်းဝေးဖြစ်လို့နေတော့မည်။

"အဲ့ဒါဆို ငါဘာလုပ်ရမလဲ‌ဝေလင်း"

"ငါတို့ မိုးကုပ် ရွှေကျင်းဘက်မှာ ကျောက်သွားတူးကြရင်‌ေကာင်းမလား"

"မိုးကုပ်ဟုတ်လား ဟာ....မဖြစ်နိုင်တာကွာ ပန်းလေးလက်ထပ်လိုက်တာ မိုးကုပ်ကကောင်နဲ့ ခုသူတို့အဲ့မှာနေနေကြမှာ ငါသူတို့ကိုမမြင်ချင်ဘူး သူတို့ရှိတဲ့နေရာကိုလဲမသွားနိုင်ဘူး မသွားဘူး ဟေ့ကောင်"

မြတ်ဘုန်းသည် ကွက်ပျစ်ပေါ်ဒူးထောင်ထားသည်ကိုလက်တင်ကာ စိတ်ပျက်လက်ပျက်ထိုင်နေရင်း ခါးခါးသီးသီးထငြင်းလာသည်။

စောနက စိတ်ဓာတ်ကျဆင်းနေသော သူ့မျက်နှာက ခုတော့ ခက်ထန်မာကြောလို့သွား၏။

"အေ တွေ့‌လား...ခု မင်းသူတို့အကြောင်းတွေးမိလိုက်တာနဲ့ ထိုင်းမှိုင်းနေတဲ့ မင်းစိတ်တွေ အရှိန်အဟုန်နဲ့ မီးထတောက်လာတာ မင်း သူတို့ကိုမုန်းတယ်မလား အဲ့တော့ သူတို့ထက်သာချင်ရင် မင်းမုန်းတယ်ဆိုတဲ့ လူတွေကိုတွေးပြီး တဆစ်ဆစ်နာနေတဲ့ဒဏ်ရာကနေ မင်းအစွမ်းကုန်ကြိုးစားလိုက်စမ်းပါ မြတ်ဘုန်းရာ"

ဝေလင်းစကားကြောင့် ဝေလင်းအား ‌ခပ်တွေတွေငေးလိုက်မိသည်။

ဟုတ်သည် ‌ပန်းလေးတို့အကြောင်းခေါင်းထဲရောကါလာတာနဲ့ လမ်းပျောက်နေခဲ့တဲ့သူ စိတ်တွေ အောင်မြင်လာချင်သွားသည်။

🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼Where stories live. Discover now