အကြင်နာပန်းလေး
🌼
ရင်မှာလန်းပါ...အပိုင်း(၂၃)
သူမ အခန်းနံရံ၏မျက်နှာပြင်အပြည့်နီးပါးနေရာယူထားသော ဗီရိုကြီး၏ ဘေးဘက် ဝင်ပေါက်တစ်ခုဆီသို့လျှောက်လို့သွားသည်။
ပေါ်လစ်သုတ်ထားသော ကြမ်းခင်းမှာ ထိုနံရံနှင့်အညီဆုံးသွားပြီး ကျန်နေရာများမှာ ကြွေပြားခင်းထား၍ အိမ်စီးဖိနပ်နှစ်ရံချထားတာတွေ့ရ၏။
သူမ ပန်းလေးအိမ်စီးဖိနပ်လေးဝတ်ကာ အတွင်းဘက်သို့ဆက်ဝင်လာခဲ့လိုက်သည်။
ထိုဝင်ပေါက်ကိုဝင်လိုက်ရင်ဖြက့် ခပ်ရှည်ရှည် ဘေစင်တစ်ခုရှိနေကာ နံရံတစ်ဝက်အလျားရှိသော မှန်တစ်ခုကပ်ထား၏။
ထိုဘေစင်၏ဘေးဘက် ၊နံရံကြားမြုပ်ထားသော ဗီရိုကြီး၏ အနောက်ဘက်တွင်တော့ အခန်းနှစ်ခန်းတွဲကိုမြင်လိုက်ရ၏။
ဘေးစင်၏ အနောက်ဘက်တွင်လဲ ကပ်လျက် အခန်းနှစ်ခန်းရှိလို့နေ၏။
တံခန်းမှာ အိမ်သာဖြစ်ပြီး တစ်ခန်းမှာ ရေချိုးခန်းဖြစ်၏။
ပန်းလေး ရေချိုးခန်းထဲသို့ဝင်ကာ ကိုဘဏ္ဍာသိုက်တားထားသည့်ကြားက
ရေပန်းအောက် တိုးဝင်မိသည်။ရေချိုးခန်း၏ မှန်ထဲတွင်တွေ့နေရသည့် သူမကိုယ် သူမ ကြည့်ကာ မုန်းမိသည်။
မြတ်ဘုန်းအပေါ် ပြောဆိုခဲ့သည့် ကိုယ့်ပါးစပ်ကို လက်နှစ်ဖက်လုံးဖြင့်တပြန်စီအကြိမ်ကြိမ်ရိုက်နေမိသည်။
"ငါချစ်ရတဲ့သူအပေါ် စကားလုံးကြမ်းကြမ်းတွေ ပြောခဲ့အတွက် နင့်ကိုအပြစ်ပေးတာ ကဲ့ဟယ် ကဲ့ဟယ်"
ဖြန်း ဖြန်း...
ပန်းလေး မျက်နှာတစ်ခုလုံးကြိမ်းစက်လာသည်ထိ မရပ်တန့်ပဲ ကိုယ့်ကိုယ်ကိုအပြစ်ပေးနေမိသည်။
"နင်က ဘာလို့ မြတ်ဘုန်းကို နာကျင်အောင်ပြောရတာလဲ ကဲ့ဟယ် နင့်ကြောင့်မြတ်ဘုန်းနကျင်ရတာ နင့်ကြောင့်.. .... မြတ်ဘုန်း မျက်ရည်ကျရတာ နင့်ကြောင့်မြတ်ဘုန်း ငါ့ကိုမုန်းသွားတာ နင့်ကြောင့် ...နင့်ကြောင့်...အရာရာအားလုံးဟာ နင့်ကြောင့်ဆုံးရှုံးခဲ့ရတာ ဟီး..."
YOU ARE READING
🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼
Romance🌼အကြင်နာပန်းလေး ရင်မှာလန်းပါ🌼 zawgyi and unicode "ပန်လေးဘဝမှာလေ မြတ်ဘုန်းရှိရင်အရာရာပြည့်စုံပြီး" အကြင်နာပန်း "အဟားဟား မင်းရဲ့လိမ်ညာစကားတွေကိုယုံမိတာ ငါကခုတော့ နွားလုံးလုံးဖြစ်ကျန်ခဲ့ရပြီး" မြတ်ဘုန်းသော် "ဘွားဘွား ရှာခိုင်းတဲ့လက်စွပ်ပိုင်ရှင်ကို က...