part 3

493 18 2
                                    

4🌼

"ဟ ကျောင်းသားကြီး‌ေကျာင်းသူကြီးတွေကျောင်းသွားကြတော့မလို့လားကွ"

"ဟုတ်ကိုကြီးမြတ်"

မြတ်ဘုန်း ပန်းလေးကိုအလုပ်သွားရန်သွားကြိုချိန်  အိမ်ထဲမှ ထွက်လာကြသည် ပန်းလေးတို့မောင်နှမသုံးယောက်။

ကျောင်းစိမ်းဝတ်စုံလေး‌တို့ဖြင့် ဖိုးသူနှင့်ငယ်ငယ်ထွေး မှာ ပန်းလေးလက်ကိုတစ်ယောက်တစ်ဖက်ဆွဲကာ သူ့အားပြိုင်တူပြုံး၍နှုတ်ဆက်ကြလေသည်။

ပန်းလေးကသူ့အားပြုံးရင်းကြည့်ကာ

"မြတ်ဘုန်းရောက်တာကြာပြီးလား"

"ဟင်အင်း မစားတော့ဘူး ဟဲဟဲ"

"အရူး"

ပန်‌းလေးမေးတာတခြား စပ်ဖြဲဖြဲပြန်ဖြေတာတလွဲနှင့် မို့ပန်းလေးမျက်စောင်းလေးထိုးမိသည်။

မြတ်ဘုန်းက ရယ်ရင်းပင် သူ့အင်ကျီအိတ်ကပ်ထဲမှငါးရာတန်နှစ်ရွက်ကိုနှိုက်ကာ

"ရော့ ဖိုးသူနဲ့အငယ်လေး အတွက်မုန့်ဖိုး"

"ရေး ဒါကြောင့်ကိုကြီးကိုချစ်တာရေး"

ကလေးနှစ်ယောက်က ငါးရာ‌တန်လေးများဆုပ်ကိုင်ကာခုန်ပေါက်၍ပျော်‌မြူးနေကြလေသည်။

"ပေး နှစ်ယောက်လုံးအဲ့ပိုက်ဆံ"

ပန်းလေး၏ခပ်ငေါက်ငေါက်အသံထွက်လာချိန် ကလေးနှစ်ယောက်မှာမျက်နှာငယ်လေးဖြင့်သူတို့အစ်မကိုပြန်ပေးကြရှာသည်။

"ပန်းလေး ဘာဖြစ်လို့လဲဟာ ကလေးတွေကိုမုန့်ဖိုးပေးတာပဲ"

"မရဘူး နင်လည်းငါအတန်တန်ပြောနေတဲ့ကြားက အကျင့်ဖျက်တယ် သူတို့တွေဒီအရွယ်တည်းကအကျင့်ရသွားရင် သူများပေးတိုင်းလိုက်ယူနေတော့မှာနောက်ပိုင်းဒုက္ခရောက်တော့မှာ နင်သိလား"

"ပန်းလေးကလည်းဟာ ကလေးတွေကဘာသိမှာလဲ နောက်ကြီးလာရင်တော့ သူ့ဟာသူသိသွားမှာပေါ့ နောက်ပြီး ငါကရော အခြားသူတစ်ယောက်လား"

ပန်းလေးအငယ်လေးတို့ကိုစိတ်ပူ၍ပြောလိုက်သည့်စကားက သူ့ကိုထိခိုက်စေမှန်းသတိမထားမိလိုက်ပါ။

🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼Donde viven las historias. Descúbrelo ahora