အကြင်နာပန်းလေး ရင်မှာလန်းပါ ....🌼
အပိုင်း(၁၁)
"အစ်ကိုလေး ဘယ်သွားမလို့လဲဗျ
ကျွန်တော်လိုက်ပို့ပေးမယ်လေ ကျွန်တော်လည်းအခုပဲ အစ်ကိုလေးအခန်းလာတော့မလို့"ဒီနေ့တစ်နေ့လုံး အခန်းထဲအောင်းနေရာမှ ထွက်လာစဉ် မျက်နှာချင်းဆိုင်အခန်းမှထွက်လာသည့် မောင်မျိုးနှင့်တိုးလေ၏။
"အင်....စိတ်ပြေလက်ပျောက် ဒီနား ဟိုနားခန လျှောက်လည်မလို့ အခန်းထဲပဲနေနေရတာပျင်းတယ်လေကွာ အဟင့်"
အမှန်က သူမကိုမေ့ဖျောက်ဖို့ အချိန်ရှိသရွေ့ကြိုးစားပါသော်လည်း မျက်နှာလှလှလေးကိုမြင်ချင်နေသည့် စိတ်တို့ကြောင့် အခန်းထဲ၌ေနရတာမွန်းကြပ်လာရသည်။
မေ့မေ့ပျောက်ပျောက်ရှိစေရန်အလို့ငှာ အခန်းထဲမှ ထွက်လာခဲ့ခြင်းဖြစ်သည်။
သို့သော် မောင်မျိုးကိုတော့ အဆင်ပြေသာဖြေလိုက်ရသည်။
"ဟုတ်ကဲ့ အစ်ကိုလေး ဒါနဲ့ မမလေးကိုရှာဖို့ကိစ္စဘယ်လိုစီစဉ်ထားလဲဗျ"
"အမ်...အဲ့ဒါကလား"
အမှန်တိုင်းပြောရရင် အဲ့ကိစ္စက သူ့ခေါင်းထဲမရှိပါ။
ဒီကိုလာဖို့က ဘွားဘွားစိတ်ချမ်းသာအောင်သာ ခေါင်းညိတ်လက်ခံလိုက်ခြင်းမျှသာ....
သူဒီကိုရောက်တော့လည်း ထွေထွေထူးထူးကြီး ရှာဖွေနေဖို့ စိတ်မကူးမိဘဲ။
ဟိုတစ်စ သည်တစ်စ လိုက်ရှာကြည့်မည်။
ရက်သပတ်ကြာချိန် ဘွားဘွားကိုရှာမတွေ့ကြောင်းအကြောင်းကြား၍ မိုးကုပ်ပြန်မည်။
ထိုမျှသာ သူ့ ခပ်ပေါ့ပေါ့သာတွေးထားသည်။
တအားကြီးအလေးအနက်ထားထားဒါမျိုးမရှိတာမို့....
"နောက်မှပေါ့ကွာ အေးဆေးရှာကြတာပေါ့ ရောက်တာမှမကြာသေးပဲဟာ အေးဆေးအနားယူကြသေးတာပေါ့ "
"ဟုတ်ကဲ့ပါ အစ်ကိုလေး "
"ကဲ ခုတော့ ညနေလည်းစောင်းနေပြီးဆိုတော့ အင်း.... ကမ်းနားမှာပဲ နေဝင်ဆည်းဆာသွားကြည့်ကြတာေပါ့ကွာ မင်းက ငါ့အခန်းထဲက cameraအိတ်သွားယူပြီး အောက်ဆင်းခဲ့ ငါကားပေါ်မှာစောင့်နေမယ် ဟုတ်ပြီးလား"
YOU ARE READING
🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼
Romance🌼အကြင်နာပန်းလေး ရင်မှာလန်းပါ🌼 zawgyi and unicode "ပန်လေးဘဝမှာလေ မြတ်ဘုန်းရှိရင်အရာရာပြည့်စုံပြီး" အကြင်နာပန်း "အဟားဟား မင်းရဲ့လိမ်ညာစကားတွေကိုယုံမိတာ ငါကခုတော့ နွားလုံးလုံးဖြစ်ကျန်ခဲ့ရပြီး" မြတ်ဘုန်းသော် "ဘွားဘွား ရှာခိုင်းတဲ့လက်စွပ်ပိုင်ရှင်ကို က...