အကြင်နာပန်းလေး ရင်မှာလန်းပါ.....🌼
အပိုင်း(၁၃)
သိုက် သူမလာပေးသွားသော အင်္ကျီကို ချိတ်နှင့်ကျနစွာချိတ်ထားကာ ကြည့်နေမိသည်။
ကိုယ့်ဘက်က ဘယ်လိုမှ ပတ်သက်ဆက်နွယ်ခွင့်မရအောင် တမင်ရှောင်ပြေးနေတာလား ပန်းကလေး....
ဒါမှမဟုတ် မင်းချစ်သူကို မင်းဘယ်လောက်သစ္စာရှိကြောင်း သက်သေထူနေလေသလား....
စိတ်ချပါ ကိုယ်က ပန်းလေးတစ်ပွင့်ကို အလှထိုင်ကြည့်ရုံ ထိတွေ့ပိုင်ဆိုင်ခွင့်မရှိတဲ့ ဥယျာဉ်ထဲ အလည်လာခဲ့တဲ့ ဧည့်သည်တစ်ယောက်ပါပဲ....
မင်းဆိုတဲ့ပန်းကလေး လှနေတာကိုပဲ အဝေးကငေးနေရုံလောက်နဲ့တင်ကိုယ်ပျော်ပါတယ်....
တီ...တီ...
ထိုခိုက်ဖုန်းသံမြည်လာသည်မို့ မောင်မျိုးမှ
ကော်ဖီဖျော်နေရင်းတန်းလန်းဖြင့် ဖုန်းသွားကိုင်လေသည်။"ဟုတ်ကဲ့ေပြာပါ ခင်ဗျ"
"...."
"ဟုတ်ပါတယ် ခင်ဗျ ဟုတ်ကဲ့ ခနလေးကိုင်ထားပေးပါ ကျွန်တော့ သူဌေးကိုမေးလိုက်ပါအုံးမယ်"
မောင်မျိုးမှ ဖုန်းပြောနေရင်း သူ့နားလျှောက်လို့လာသည်။
"အစ်ကိုလေး လိုင်းပေါ်မှာတင်ထားတဲ့ လက်စွပ်ကိစ္စ သိတဲ့လူတစ်ယောက် ဖုန်းဆက်လာပါတယ် အစ်ကိုလေး"
"ဟုတ်လား အဲ့ဒါဆိုလည်း အဲ့လူရှိတဲ့နေရာ ခုပဲ သွားကြတာပေါ့"
"ဟုတ်ကဲ့ အစ်ကိုလေး"
မောင်မျိုးမှ သိုက်အားပြောပြီးသည်နှင့်ဖုန်းကိုပြန်ကိုင်ကာ
"ဟုတ်ကဲ့ ကျွန်တော်တို့ခုပဲလာခဲ့လိုက်ပါမယ် အစ်ကို့ရဲ့လိပ်စာလေးပြောပေးပါလား"
"...."
"အမှတ် သုံး ညဈေးတန်းလမ်း ဟုတ်ကဲ့ ခုပဲလာခဲ့လိုက်ပါ့မယ်ခင်ဗျ ခုလိုဆက်သွယ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ"
မောင်မျိုးဖုန်းချလိုက်သည်နှင့် သိုက်က သူမပေးခဲ့သော အပေါ်ဝတ်ကုပ်ကိုချိတ်မှဖြုတ်ယူ၍ ကိုယ်ပေါ
်လွှာခြုံလိုက်ပြီး ကားသော့ပါတစ်ပါးတည်းယူလိုက်သည်။
YOU ARE READING
🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼
Romance🌼အကြင်နာပန်းလေး ရင်မှာလန်းပါ🌼 zawgyi and unicode "ပန်လေးဘဝမှာလေ မြတ်ဘုန်းရှိရင်အရာရာပြည့်စုံပြီး" အကြင်နာပန်း "အဟားဟား မင်းရဲ့လိမ်ညာစကားတွေကိုယုံမိတာ ငါကခုတော့ နွားလုံးလုံးဖြစ်ကျန်ခဲ့ရပြီး" မြတ်ဘုန်းသော် "ဘွားဘွား ရှာခိုင်းတဲ့လက်စွပ်ပိုင်ရှင်ကို က...