အကြင်နာပန်းလေး
🌼
ရင်မှာလန်းပါအပိုင်း(၁၉)
ပန်းလေး အားအင်ချိနဲ့စွာ သူတို့နားကိုတစ်လှမ်းချင်း အားယူလှမ်းနေရသည်။
သိုက်ရဲ့အဆက်မပြတ် ထိုးချက်တွေကြောက် အောက်က ဦးမျိုးကိုမှာ ခပ်မျော့မျော့သာကန်တော့သည်။
ပန်းလေး ခြေလွန်လက်လွန် မဖြစ်စေရန် အပေါ်မှစီးထိုးနေသည့် လူ၏ လက်ကို လှမ်းဆွဲကာ ...
"တော်ပါတော့ ဆက်မလုပ်ပါနဲ့တော့ ရှင်လူသတ်သမားဖြစ်သွားလိမ့်မယ်"
သိုက်ကတော့ နားမထောင်နိုင်စွာ သူ့စိတ်ထဲ ဒေါသတို့ဖြင့်စာပြည့်နှပ်လို့နေ၏။
ပန်းလေး ထိုလူကိုတားနေရသည်မှာ လူကမောလို့လာ၏။
အဆက်မပျက် ငိုထားသူမို့ သူ့ကိုဆွဲကိုင်ထားသည့်လက်တို့မှာ ညောင်းညာနေသလိုပင်။
"တော်ပါတော့ ရှင် ...ကျွန်မတောင်းပန်ပါတယ် ရှင့်ကိုယ်ရှင်ဒုက္ခရောက်အောင်မလုပ်ပါနဲ့"
ပန်းလေး မောပမ်းနေသော လေသံဖြင့် ဆိုလိုက်မှ သူက ပန်းလေးဘက်သို့ စောင်းကြည့်လာ၏။
"တော်ပါတော့နော် ဒီလူယုတ်မာကြောင့်နဲ့ ကိုယ့်ကိုယ်ကို ဒုက္ခမခံပါနဲ့"
သူက မေးကြောများ တောင့်တင်းနေသည်။
ပန်းလေး သူ့ကုိတောင်းပန်တိုလျှိုစွာကြည့်နေမိသည်။
သူက ပန်းလေးကိုခပ်တွေတွေလေးကြည့်ကာ ...
သူ့မျက်လုံးထဲမှာ စိတ်မကောင်းခြင်းများစွာကိုတွေ့လိုက်ရသည်။ထို့နောက် ပန်းလေးကိုမျက်နှာလွှဲ၍ သူ့ဆီမှ ကျယ်လောင်သောတောက်ခေါက်သံပေါ်လာသည်။
"တောက်...."
သူက
သူ့အောက်ကလူ၏
ဆုပ်ကိုင်ထားသောအင်္ကျီစကို လွှတ်ချလိုက်ပြီး..."မိန်းကလေး ဝင်တားလို့ပေါ့ မဟုတ်ရင် ခင်ဗျားအသက်ထွက်နေလောက်ပြီး
ကျုပ်က ခင်ဗျားကိုအသေသတ်ချင်တာ "သူက အံကိုတင်းတင်းကြိတ်ကာ ဆိုလိုက်ပြီး
ထိုလူကို ခွထားရာမှ ထရပ်လာ၏။
YOU ARE READING
🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼
Romance🌼အကြင်နာပန်းလေး ရင်မှာလန်းပါ🌼 zawgyi and unicode "ပန်လေးဘဝမှာလေ မြတ်ဘုန်းရှိရင်အရာရာပြည့်စုံပြီး" အကြင်နာပန်း "အဟားဟား မင်းရဲ့လိမ်ညာစကားတွေကိုယုံမိတာ ငါကခုတော့ နွားလုံးလုံးဖြစ်ကျန်ခဲ့ရပြီး" မြတ်ဘုန်းသော် "ဘွားဘွား ရှာခိုင်းတဲ့လက်စွပ်ပိုင်ရှင်ကို က...