🌼အကြင်နာပန်းလေး ရင်မှာလန်းပါ.....🌼
အပိုင်း(၄)
ပန်းလေးတို့ သီရိသုခ ခုနှစ်ထပ်မြင့်ဟိုတယ်ကြီး၏တည်းခိုခန်းပေါင်း ငါးဆယ်ကျော်မှ အိပ်ယာနှင့်အခန်းသန့်ရှင်းရေးလုပ်ငန်းများကို
ဂျူတီစဝင်သည့် မနက်၈နာရီခွဲမှစ နေ့လယ်ထမင်းစားချိန်နာရီဝက်ခန့်နား၍ နေ့လယ်တစ်နာရီဆက်လုပ်ရသည်မှာ ညနေဂျူတီဆင်းချိန်လေးနာရီထိပင်။ဒါတောင် အခန်းစေ့မပြီးသည့်ရက်များဆို ဂျူတီကငါးနာရီမှဆင်းရသည့်ရက်များလဲရှိ၏။
ဟိုတယ်၏အလွှာတစ်ထပ်တွင် မျက်နှာချင်းဆိုင်အခန်းပေါင်း ၈ခန်းစီရှိကြကာ ဟိုတယ်အေပါ်ဆံုးအမိုးတစ်ခုလုံးကိုတော့ ရေကူးကန်နှင့် ခုံတန်းရှည်များ အလှဆင်အုန်းပင်များ နေဆာလှံရန်ထီးရှည်များဖြင့် ပြင်ဆင်လို့ထားသည်။
မြတ်ဘုန်းမှာ ထိုရေကူးကန်အတွက် သန့်ရှင်းရေးအပိုင်းကို လုပ်ဆောင်ရသူဖြစ်၏။
သူမတို့ဟုိတယ်အားလှမ်းမြင်ရသည်နှင့် တစ်လမ်းလုံးတင်းတင်းဆုပ်ကိုင်ကာ လွှဲယမ်းခဲ့ကြသည့် လက်တစ်စုံမှာ ဝေးကွာကြရသည်။
သူကအမြဲမေလေးကိုအရင်ပေးဝင်လေ့ရှိကာ မေလေးဟိုတယ်ဝန်းထဲဝင်ပြီး ငါးမိနစ်လောက်နေမှဝင်လာတက်သည်။
ဝန်ထမ်းချင်းချင်းချစ်သူရည်းစားထားခွင့်မရှိဟူသော ဤဟိုတယ်၏စည်းမျဉ်းစည်းကမ်းတစ်ခုကြောင့်မေလေးတို့မှာ ဟိုတယ်ထဲအလုပ်ချိန်တစ်လျှောက်လုံးသူစိမ်းတွေလိုနေကြရသည်။
ထမင်းစားချိန်တွေ့ရင်ပဲဖြစ်ဖြစ် ဖြတ်သွားဖြတ်လာ ဆုံကြရင်ပဲဖြစ်ဖြစ် မေးထူးခေါ်ပြောလုပ်ရုံမှအပ မတက်နိုင်ခဲ့ပါ။
ပန်းလေးလျှော်ရမည့် အဝတ်ထုပ်ကြီးတွေမနိုင်မနှင်းသယ်လာရင်ဖြစ်ဖြစ် ရေကန်မှာ ရေပုံးတွေမရရင်ပဲဖြစ်ဖြစ် သူက အရိပ်တကြည့်ကြည့်လိုက်ကြည့်နေတက်ကာ ထိုခါမျိုးတွေဆို သူ့အလုပ်ကိုပင်ပစ်၍ ပန်းလေးကို လာကူပေးတက်သည်။
သူများတွေရိပ်မိမှာဆိုး၍ မနည်းပြန်နှင်းလွှတ်နေရတာလဲမနည်းတော့ပေ။
YOU ARE READING
🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼
Romance🌼အကြင်နာပန်းလေး ရင်မှာလန်းပါ🌼 zawgyi and unicode "ပန်လေးဘဝမှာလေ မြတ်ဘုန်းရှိရင်အရာရာပြည့်စုံပြီး" အကြင်နာပန်း "အဟားဟား မင်းရဲ့လိမ်ညာစကားတွေကိုယုံမိတာ ငါကခုတော့ နွားလုံးလုံးဖြစ်ကျန်ခဲ့ရပြီး" မြတ်ဘုန်းသော် "ဘွားဘွား ရှာခိုင်းတဲ့လက်စွပ်ပိုင်ရှင်ကို က...