part12

226 12 2
                                    

အကြင်နာပန်းလေး ရင်မှာလန်းပါ....🌼

အပိုင်း(၁၂)

ဒီသုံးရက်အတွင်း မောင်မျိုးသာ ဟိုဟိုဒီဒီလိုက်လံစုံစမ်းကာ အလုပ်များနေပါသော်လည်း

ဘဏ္ဍာသိုက်ကတော့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတာမို့ အခန်းထဲ၌သာ နေ့နဲ့ည ဘယ်လိုကူးပြောင်းမှန်းမသိနိုင်အောင် အချိန်တွေ ကုန်နေခဲ့လေသည်။

သိုက် လိုအပ်သမျှကို မောင်မျိုးကသာ အခန်းထဲထိ အစစအရာရာ ပို့ဆောင်ပေးရသည်။

ထမင်းစားချိန်ဆိုလျှင်လည်း ထွက်မလာသည့်သိုက်ကြောင့် အခန်းထဲအရောက်ပို့ခိုင်းရသည်။

သိုက်ရင်ထဲ ဟာတာတာကြီးဖြင့် သုံးရက်လုံး ဘာမှလုပ်ချင်စိတ်မရှိဘဲ မှိုင်ထွေလို့နေခဲ့သည်။

ဤသို့ဖြင့် သုံးရက်မျှကြာလေသော် ဘွားဘွားဆီမှ ဖုန်းဆက်လာခဲ့လေသည်။

ထိုခါလည်း သိုက်တစ်ယောက် ဘွားဘွားစိတ်ချမ်းသာအောင်လှည့်ပတ်‌ပြောရပြန်လေသည်။

ဖုန်းပြောရင်း ချောင်းသံတွေက အဆက်မပြတ်ကြားလာရတာမို့ ဘွားဘွား အတွက် စိတ်ပူရပြန်သည်။

သူစိတ်ပူပြီးမေးတော့
ဘွားဘွားကတော့ သက်စာတယ်ချည်းသာပြောသည်။

မြေးမလေးကိုသာ ရအောင်ရှာလာခဲ့ဖို့ ချောင်းဆိုးနေသည့်ကြားက တဖွဖွမှာနေတော့သည်။

သိုက်ကတော့ ဆက်မရှာတော့ဘဲ ဘွားဘွားဆီပြန်လာခဲ့ဖို့ ပြောလိုက်သည်။

ထိုအခါ ဘွားဘွားမှ
အတင်းအကန် မလာဖို့ငြင်းကာ
ထိုလက်စွပ်ပိုင်ရှင်မိန်းကလေးကိုသာ ရှာခိုင်းနေတော့သည်။

ဘွားဘွားမှာလည်း သိုက်ကိုစိတ်မချတာကတစ်ကြောင်း သူအသက်ရှင်နေခိုက်အချိန်မှာ သူပေးထားခဲ့သည့် ဂတိကိုတည်ချင်တာ‌ကတစ်ကြောင်းမို့ ထိုကိစ္စအတွပ် စိတ်လောနေခြင်းသာဖြစ်‌ေပမည်။

ဘွားဘွားက သူ့ဂတိကို တည်နိုင်ဖို့ ကြိုးစားပေးပါမြေးရယ်ဆိုပြီး တောင်းဆိုလာတော့ သူ ဘာများ ပြောနိုင်တော့မလဲ။

အမှန်တိုင်းပြောရရင်သူ ဒီ‌မြို့မှာ‌မနေချင်တော့ပါ ။

တစ်စုံတစ်ယောက်ကိာ မေ့ဖျောက်နိုင်ဖို့ ထိုလူရှိသည့် နေရာနှင့်အဝေးဆုံးကိုထွက်ပြေးချင်သည်။

🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼Where stories live. Discover now