part26

314 9 2
                                    

အကြင်နာပန်းလေး ရင်မှာလန်းပါ...🌼

အပိုင်း(၂၆)

ညဘက်ခြံရှေ့ မြက်ခင်းပြင်၌ မီးရောင်စုံထွန်းလင်းထားသလို ဂီတသံငြိမ့်ငြိမ့်လေူကလဲ ပျံ့လွင့်လို့နေသည်။

မြက်ခင်းပေါ်တွင်လဲ အသည်းပုံဘောလုံးလေးများ ပျံ့ကြဲနေ၏။

အနောက်တိုင်းဝတ်စုံနှင့် သားနားကာ ခန့်နေသော ဘဏ္ဍာသိုက်နှင့်သူနှင့်ယှဉ်တွဲလာသည့် ပန်းလေးမှာလဲ အသားရောင် ကိုယ်ကြပ် ဂါဝန်လေးနှင့် လှလို့နေ၏။

ပန်းလေးဝတ်ထားသည့်ဂါဝန်လေးမှာ ခြေမျက်စိထိရှည်ကာ အောက်ဘက်တွင်ခပ်ဝဲဝဲလေးရှိ၏။

လေးထောင့်သဏ္ဍာန်ရင်ဘက်၌ ပတ္တမြား လော့ကဒ်လေးနှင့် ပလပ်တီနမ်ကြိုးလေးဝတ်လို့ထားကာ လက်ဖောင်းလေးမို့ သူမ၏ ဆင်နှရွက်သဖွယ် လက်သွယ်သွယ်လေးမှာ ညမီးရောင်အောက်ဖွေးနုလို့နေသည်။

ဆံပင်ကိုလဲ ပြင်သစ်ဆံထုံးထုံးလို့ထားကာ
စိန်အစစ်များဖြင့် ပန်းပွင့်သဏ္ဍာန်အလှပုံဖော်ထားသည့် ဘီးလေးကုပ်လို့ထား၏။

ခြေထောက်ဖွေးဖွေးလေး၌လဲ ရွှေမှုန်လေးများတောက်နေသည့် ကြိုးသိုင်းဒေါက်လေးဝတ်လို့ထားပြီး

မိတ်ကပ်ခပ်ပါးပါးလေးသာ ပြင်ကာ နှုတ်ခမ်းအိအိလေးထပ် ပန်းဆီရောင် နှုတ်ခမ်းနီးလေးဆိုးထားသည့် သူမသည် ညနတ်သမီးလေးအလား မြင်သူတကာငေးမော‌ကြည့်ရအောင် လှရက်လွန်းနေသည်။

"သိုက် မင်းကတော့ ငယ်ငယ်လှလှလေးရထားတာပဲကွ "

"အဟွင့်..."

"ဒီကောင်ပြောတော့ မိန်းမ မယူပါဘူးလေ ဘာလေနဲ့ ခုတော့လဲ ကလေးမုန့်ပေးကြိုက်ပါလားကွ"

"မင်းတို့ကလဲကွာ ဘာတွေ‌ေလှျာက်ပြောနေတာလဲ ပန်းလေးရှက်နေပြီး"

မျက်လွှာလေးချကာ ပါးလေး ရဲတက်နေသည့် သူမကြောင့် သိုက် စနောက်နေကြသော ကျောင်းနေဖက်သူငယ်ချင်းမျယးဖြစ်သည့် မျိုးနိုင်ထွန်းနှင့်ကျော်စွာလင်းကို ဟန့်တားလိုက်ရသည်။

"ဒီက ညီမ အကိုတို့က ကိုယ့်သူငယ်ချင်းမို့ပြောတာမဟုတ်ဘူး ငသိုက်က ကျောင်းတုန်းတည်းက စော်ကြည်ဘဲကွ ဒါပေမယ့် သူ့က အကုန်လုံးကို သတိတောင်မထားဘဲ သူ့ဘာသာသူ ခပ်အေးအေးနေတဲ့ကောင် အကိုတို့တောင် ဒီကောင်ကို ဂေးနေပြီးထင်ထားတာ နိုင်ငံခြားသွားပြီးပြန်လာတော့လဲ ရည်းစားတောင်မထားခဲ့ဖူးဘူးတဲ့ကွာ ပြန်လာချိန်ကျပြန်တော့လဲ နယ်တကာပက်ပြီး ပရဟိတတွေလိုက်လုပ်နေတာ တကယ့်လူရိုးကောင် ညီမ အကိုတို့ကောင်ကြီးကို ရတာ တကယ်ကံကောင်းတယ်"

🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼Where stories live. Discover now