part 32

259 9 0
                                    

အကြင်နာပန်းလေး
                        🌼
                          ရင်မှာလန်းပါ....

အပိုင်း(၃၂)

"ဟေ့ကောင် မင်းအဆင်ပြေရဲ့လား...."

"ဟင်း....အင်"

ညည်းတွားရင်းက ခေါင်းညိတ်ပြလိုက်သည့်သူ့ကို ဝေလင်းကစိတ်မသက်မသာဖြင့်ကြည့်၏။

သူ့တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို ကိုက်ခဲနေကာ တုန်ရီလို့နေသည်။

မျက်နှာတစ်ခုလုံးလဲ ဖြူဖက်ဖြူရော်နှင့်သွေးပင်မရှိတော့သယောင်ထင်မှားရသည်။

"ကျွတ်...မင်း ငှက်ဖျားမိနေတာ ဘာလို့ငါ့ကိုမပြောတာလဲကွာ"

သူနှုတ်ဆိတ်နေမိချိန် ဝေလင်းကပဲ စိတ်မကောင်းသည့်ဟန်ဖြင့်

"ငါကလဲ အလုပ်နဲ့လုံးပမ်းနေတော့ မင်းကိုပစ်ထားသလိုဖြစ်သွားတယ်ကွာ ဆောရီးသားကြီးရာ"

"အဟွတ်...ရပါတယ်ကွာ ငါကိုယ်‌ကပေါ့ဆတာပါ "

"ဒီက နယ်စပ်ဆိုတော့ အနယ်နယ်အရပ်ရပ်ကလူပေါင်းစုံနဲ့ အမြဲထိတွေ့နေရတော့ကျန်းမာရေးကို ပေါ့ပေါ့နေလို့မရဘူးကွ ခုတော့ မင်းဘယ်သူ့ဆီက ကူးလာမှန်းမသိဘူး"

"ဝေလင်း  ငါနေမကောင်းတဲ့ချိန် တခြားအခန်းပြောင်းပြီးနေမယ်ကွာ မဟုတ်ရင် မင်းကိုပါ ကူးသွားလိမ့်မယ်"

"မလိုပါဘူး ငါ့ကောင်ရာ ငါကကျန်းမာပါတယ် ဒီမှာငါနေတာကြာပြီး တခါမှနေမကောင်းမဖြစ်ဖူးဘူး ငါ့အတွက်ဈ်မပူနဲ့ ဒုတ် ဝေါရီ...မင်းကတော့ နုနုဖက်ဖက်လေးဆိုတော့ ဖြစ်တာပေါ့ ဟုတ်လား ဆော်လေး"

"ခွေးသား ရီးကိုဆော်"

"ဟားဟား မင်း‌ရောဂါထနေတာတောင်ဆဲနိုင်သေးတယ်နော်"

သူပါလိုက်ရယ်မိတော့သည်။

သူ မိုးမိပြီးဖျားနေရင်းနှင့် မနားဘဲ နေ့နေ့ညည အလုပ်တွေမနားတမ်းလုပ်ခဲ့သည်။

သူနားလို့မဖြစ်ပါ။

သူနေမကောင်းလို့နားနေရင် ပိုက်ဆံဘယ်လိုရတော့မှာလဲ။

အရင်ကလဲဖျားနေကျဆိုတော့ ခုလောက်ကြီးဖြစ်သွားမယ်လို့သူမထင်ခဲ့ခြင်းဖြစ်သည်။

🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼Donde viven las historias. Descúbrelo ahora