🌼အကြင်နာပန်းလေး ရင်မှာလန်းပါ....🌼
အပိုင်း(၇)
ပန်းလေးကိုအိမ်အရင်ပြန်ပို့ပြီး မြတ်ဘုန်းတစ်ယောက်သူ့အိမ်သို့သူပြန်ခဲ့သည်။
သစ်သားခြံစည်းရိုးခတ်ထားသည့်ခြံဝင်းထဲဝင်၍ သစ်သားပြင်ထောင်အိမ်၏ လှေကားထစ်ပေါ်တက်၍ တိုင်ဂီပြတ်ထဲမှ ရေတစ်ခွက်ခပ်ယူကာ ခြေထောက်ပေါ်လောင်းဆေးလိုက်သည်။
ထို့နောက်အိမ်ထဲဝင်၍ ထောင့်နားတွင်ဖိနပ်ကိုချွတ်၍ထောင်ကာရေစစ်ထားလိုက်သည်။
"ပြန်လာပြီးလား သားငယ် "
"ဟုတ် ဖေကြီး"
ဖေကြီး ဦးမြတ်ရာဇာမှာ ရုံးဌာနတစ်ခု၌ အရာရှိတစ်ဦးဖြစ်ကာ ဖြူဖြူပြည့်ပြည့် နှင့် ဥပတိရုပ်ခန့်ညားသည်။
"ဒီနေ့ သားကြိုက်တဲ့ ငါးသလောက်ပေါင်းချက်ထားတယ် ရေအရင်သွားချိုးလိုက်"
"ဟုတ် ကြိုက်တယ်မေကြီး နှစ်ပန်းကန်ဆွဲမယ်ကွာ"
သူလည်း မိခင်ဖြစ်သူအားခေါင်းညိတ်ဖြေကြားကာ ကြိုးသိုင်းအိတ်ကိုချွတ်၍ နံရံတွင်ချိတ်လိုက်သည်။
မိခင်ဖြစ်သူ ဒေါ်သီရိခိုင်မှာလည်း အသားမညိုမဖြူလွန်း၍ အဝါဘက်သန်းကာ ခန္ဓာကို ကျစ်လစ်သွယ်လျ၍ ကျောင်းဆရာမဟောင်းတစ်ဦးပေမို့နေပုံထိုင်ပုံမှာလည်း သေသပ်စည်းစနစ်ကျ၏။
အိမ်ထဲတွင် သစ်သားခုံပေါ်၌ေဖကြီးနဲ့မေကြီးတို့ကည၆နာရီ ကိုးရီးယားဇာတ်လမ်းတွဲထိုင်ကြည့်နေကြသည်။
မကြီးမြတ်အိမ် သည်လည်း စားပွဲ၏ ညာဘက်တွင်ထိုင်၍ မျက်မှန်ကြီးတပ်ကာ ဘောပင်တစ်ချောင်းဖြင့်စာရင်းအင်းများတွက်ချက်လို့နေလေသည်။
ဘုရားစင်ရှေ့တွင်တော့အငယ်မ မြတ်နိုးမှာ စားပွဲဝိုင်းဖြင့် စာလုပ်နေလေသည်။
မြတ်ဘုန်း အငယ်မနားသွား၍ ခေါင်းကိုဖွပြေးတော့
"အား ....ကိုလတ် အကျင့်ပုတ်သူများဆံပင်တွေပွကုန်ပြီး"
ဟုထအော်ပါလေတော့သည်။
"နင်က ဆံပင်မဖွလည်း ရုပ်ဆိုးပြီးသားပဲ ဟားဟား"
أنت تقرأ
🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼
عاطفية🌼အကြင်နာပန်းလေး ရင်မှာလန်းပါ🌼 zawgyi and unicode "ပန်လေးဘဝမှာလေ မြတ်ဘုန်းရှိရင်အရာရာပြည့်စုံပြီး" အကြင်နာပန်း "အဟားဟား မင်းရဲ့လိမ်ညာစကားတွေကိုယုံမိတာ ငါကခုတော့ နွားလုံးလုံးဖြစ်ကျန်ခဲ့ရပြီး" မြတ်ဘုန်းသော် "ဘွားဘွား ရှာခိုင်းတဲ့လက်စွပ်ပိုင်ရှင်ကို က...