အကြင်နာပန်းလေး ရင်မှာလန်းပါ🌼
အပိုင်း(၄၁)
"ဖိုးသူ..."
ပန်းလေးအောက်ထပ်သို့ပြေးလိုက်သွားစဉ် ဖိုးသူကိုအမ်ပေါက်ဝ၌ စောနကသူမထားခဲ့သောပန်းညှပ်သည့်ကပ်ကြေးအားကိုင်၍ သူ့လည်ပင်း၌ထောက်ထားကာ အိမ်ရှေ့ရှိ သူ့ကိုဖမ်းဖို့ပြင်နေသောအစောင့်များအား
"ဖယ်နော် မဖယ်ရင် ကိုယ့်ကိုယ်ကိုထိုးသတ်လိုက်မှာ မလုပ်ရဲဘူးမထင်နဲ့ အားလုံး ဖယ်ကြစမ်းကွာ"
"ဖိုးသူ မောင်လေးမလုပ်ပါနဲ့ မမကြီးတောင်းပန်ပါတယ်"
ပန်းလေးမှာ ပြောသာပြောနေရသော်လည်း ရင်တွေအဆမတန်တုန်လွန်းကာ မောလွန်း၍ လက်ဖြင့်ရင်ဘတ်ကိုဖိထားရသည်။
အိမ်နောက်ဘက်ရှိ အိမ်အကူများကလည်းပန်းလေးနောက်ရောက်လာကြကာ လှေကားထိပ်ကိုအားပြုနေရသော ပန်းလေးကိုဝိုင်းတွဲထားကြသည်။
"မောင်လေး မမစကားကိုနားထောင်ပါနော် လက်ထဲက ညှပ်ကြေးကြီူချထားလိုက်ပါနော်"
"မချဘူး ခင်ဗျားပါးစပ်ပိတ်ထား ဒါတွေအားလုံးခင်ဗျားကြောင့်ဖြစ်ရတာ ခင်ဗျားသစ္စာမရှိခဲ့လို့ ကိုကြီးပက်ပက်စက်စက်ခံစားခဲ့ရတယ် ... ခင်ဗျားက ငွေမက်တဲ့မိန်းမ ...ကျုပ်တို့ကိုလည်း ခင်ဗျားစိတ်တိုင်းကျပုံသွင်းချင်နေတာ ...လူတွေကို ခင်ဗျား အလိုအတိုင်း အားလုံးကိုရိုက်သွင်းချင်နေတာ ခင်ဗျားက ခင်ဗျားဖြစ်ချင်တာပဲသိတဲ့တစ်ကိုယ်ကောင်းသမား ကျုပ်ကတော့ ခင်ဗျားခိုင်းသလိုမလုပ်နိုင်ဘူး ကျုပ်ခင်ဗျားလိုလဲငွေမမက်ဘူး အတ္တခည်းမကြီးဘူး ကျေးးဇူးပြုပြီး ကျုပ်နေချင်တဲ့ဘဝမှာ ကျုပ်ကိုလွတ်လွန်လပ်လပ်နေခွင့်ပြုပါဗျာ ကျုပ်တောင်းပန်ပါတယ်...
ကျုပ်ကိုခင်ဗျားရဲ့အတ္တတွေရဲ့ မပိတ်လှောင်ထားပါနဲ့ ကျုပ်ဘာသာ ကျုပ်ကောင်းကောင်းဆိုးဆိုး ကျုပ်ဘဝမို့ ကျုပ်ဘဝကို ချယ်လှယ်ချုပ်ကိုင်တာမျိုးမလုပ်ပါနဲ့...ကျုပ်ကိုသွားခွင့်ပြုပါဗျာ""မမလေး..."
ဖိုးသူစကားတွေက ပန်းလေးဒူးထောက်လဲကျသွားရအောင် တဆစ်ဆစ်နာကျင်စေသလို အသက်ရှုပါကြပ်လာရသည်ထိ ရင်ဘတ်တစ်ခုလုံး မွန်းကြပ်နာကျင်လွန်းလှသည်။
VOCÊ ESTÁ LENDO
🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼
Romance🌼အကြင်နာပန်းလေး ရင်မှာလန်းပါ🌼 zawgyi and unicode "ပန်လေးဘဝမှာလေ မြတ်ဘုန်းရှိရင်အရာရာပြည့်စုံပြီး" အကြင်နာပန်း "အဟားဟား မင်းရဲ့လိမ်ညာစကားတွေကိုယုံမိတာ ငါကခုတော့ နွားလုံးလုံးဖြစ်ကျန်ခဲ့ရပြီး" မြတ်ဘုန်းသော် "ဘွားဘွား ရှာခိုင်းတဲ့လက်စွပ်ပိုင်ရှင်ကို က...