part 20

325 12 5
                                    

အကြင်နာပန်းလေး
                    🌼
                        ရင်မှာလန်းပါ

အပိုင်း(၂၀)

ပန်းလေးအခန်းထဲ ဝင်ငိုနေချိန် အိပ်မှုစုန်ပွားဖြင့် ငုတ်တုတ်လေးတွေထိုင်နေကြသော ဖိုးသူလေးနဲ့ ငယ်လေးကလည်း

"မမကြီး ဘာဖြစ်လို့ငို‌ေနတာလဲ ဟင်..."

"မမကြီးငိုနေတော့ မီးမီးလည်းငိုချင်တယ်"

ဖိုးသူလေးက ပြူးကြောင်ကြောင်လေးဖြင့်ပန်းလေးကိုကညည့်လို့နေကာ ဘေူက အငယ်လေးက မျက်ရည်တွေဝဲလို့နေရှာ၏။

ပန်းလေး အငယ်နှစ်ယောက်ကိုကြည့်ကာ မျက်ရည်များကိုပွတ်ဆွဲသုတ်၍ ပြုံးပြလိုက်ကာ

"မမကြီးဘာမှမဖြစ်ပါဘူး ကလေးတို့ရဲ့ မမ ကလေးတွေက နိုးနေကြပြီးလား"

"ဟုတ် မမကြီးညက ဘာလို့ပြန်မလာတာလဲဟင် သားက မမကြီးမရှိတော့ အိပ်မပျော်ဘူး အငယ်မကလည်း မမကြီးပြန်မလာလို့ငိုပြီးမှ အိပ်ပျော်သွားတာ"

ဖိုးသူစကားကြောင့်
ပန်းလေး ရင်ထဲမောသွားကာ ကလေးနှစ်ယောက်ကို လက်နှစ်ဖက်အပြည့်ပွေ့ဖက်၍ မျက်ရည်မကျမိအောင်ထိန်းရင်း

"မမကြီးကြောင့် စိတ်ပင်ပန်းသွားရရင် တောင်းပန်ပါတယ်"

"ဟဲ့ အကြွေးထူမ သားအမိထွက်လာခဲ့ကြစမ်း"

"ဟင်!"

ပန်းလေးရင်ထဲထိတ်သွားကာ အပြင်ဘက်သို့ခေါင်းထောင်ကြည့်မိသည်။

"အမေ..."

ပန်းလေးအတွေးထဲအရင်ရောက်လာသည်က အမေဖြစ်ကာ ပန်းလေးအမြန်ထရပ်လိုက်ပြီး

"ဖိုးသူနဲ့ငယ်လေး အခန်းထဲမှာပဲနေကြနော် ဘာပဲဖြစ်ဖြစ် အပြင်မထွက်လာကြနဲ့ မမစကားကိုနားထောင်နော်ဟုတ်ပြီးလား"

"ဟုတ်မမကြီး"

"ဖိုးသူ သားက ညီမလေးကို ထိန်းထားနော်ကြားလား"

"ဟုတ်ကဲ့ မမကြီး"

ပန်းလေးကလေးတွေကြိအခန်းထဲထားခဲ့ကာ အခန်းပြင်သို့ပြေးထွက်မိသည်။

"အမေ"

ပန်းလေး အိမ်ရှေ့မှ ဒေါ်ရီနိုင်၏အသံကြားတာနဲ့လမျက်ရည်များကိုကမန်းကတန်းသုတ်ကာ အမေ့ဆီသာ စိတ်ရောက်နေရသည်။

🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼Where stories live. Discover now