part18

245 14 2
                                    

အကြင်နာပန်းလေး ရင်မှာလန်းပါ ...🌼

အပိုင်း(၁၈)

ပန်းလေးအတော်ကြာစောင့်နေရပြီး အပြင်၌မှောင်စပျိုးချိန်မှ ဦးမျိုးကိုရောက်လို့လာသည်။

သူဝင်လာတာနဲ့ ထဖို့ပြင်လိုက်စဉ် သူက ပန်းလေးကိုမမြင်ဘဲ ကောင်တာဆီတန်းသွားလေသည်။

ကောင်တာမှ ဝန်ထမ်းအစ်မနှင့်စကားပြောပြီး ပန်းလေးထိုင်နေရာသို့လှမ်းကြည့်လာတာမို့ ပန်းလေးလည်းအမြန်ထရပ်လိုက်ရသည်။

ပန်းလေး သူတို့ဘက်သွားဖို့ခြေလှမ်းပြင်လိုက်စဉ် ဦးမျိုးကိုမှလက်ကာပြကာ ပြန်ထိုင် ပြန်ထိုင်ဟု နှုတ်အမူအယာပြသည်။

ပန်းလေးလည်း ပြန်၍ ခေါင်းြငိမ့်ပြလိုက်ကာ အရင်တိုဖာတွင်သာ ခက်ကြုံ့ကြုံ့လေး ထိုင်နေမြဲပြန်ထိုင်လိုက်သည်

ထိုစဉ် ဦးမျိုးကိုမှလည်း ပန်းလေးရှိသည့်နေရာသို့ဦးတည်လျက်လျှောက်လို့လာ၏။

သူက ပန်းလေးရှေ့ဝင်ထိုင်ကာ ချိုသာစွာပြုံးပြလေသည်။

"ကဲ ပန်းလေး ဦးကိုစောင့်နေတာဆို ဘာကိစ္စရှိလို့လဲကွဲ့"

"ဟုတ်ကဲ့ ပန်းလေး အကူအညီတောင်းစရာရှိလို့ပါ ဦးလေး"

"အင်...ပြောလေ ဦးလေးဘာကူညီပေးရမလဲ"

"ပန်းလေး  အခက်အခဲလေးတစ်ခုကြောင့် လစာကြိုထုတ်ပေးဖို့ ခွင့်တောင်းချင်လို့ပါ"

"အော် ဒါများပန်းလေးရယ် ဦးက ဘာများဖြစ်လို့လဲလို့စိတ်ပူသွားတာပဲ ကဲပြော ဘယ်နှလစာထုတ်ချင်တာလဲ"

"ဆယ်လစာပါ ဦးလေး"

"ဆယ်လစာ ..."

ဦးမျိုးကို ပ်န်းလေးစကားအတိုင်း ခက်တိုးတိုး သံယောင်လိုက်ဆိုလေ၏။

ပြီးနောက် ဦးမျိုးကိုမှ တစ်စုံတစ်ရာအားစဉ်းစားနေဟန်ပြုနေသည်မို့...

"ဟိုလေ ပန်းလေး ငွေရေးကြေးရ အရေးတကြီးလိုအပ်နေလို့ပါ
ပန်းလေးအနေနဲ့တခြားဘယ်မှာမှလည်း မရှာတက်တာမို့ လက်ရှိအလုပ်ကနေပဲ အကူအညီတောင်းရတာပါ ...
ပန်းလေး လစာကြိုထုတ်တဲ့အတွက်လေ ပန်းလေး အချိန်ပိုဆင်းဆိုလည်းဆင်းပါ့မယ့် နောက်...ဒီဆယ်လအပြင် နောက်ဘယ်နှလဖြစ်ဖြစ် လစာမပေးဘူးဆိုလည်း ပန်းလေးလုပ်ပေးပါ့မယ်
..."

🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼Where stories live. Discover now