အကြင်နာပန်းလေး
🌼
ရင်မှာလန်းပါ...အပိုင်း(၂၄)
ညက သူမ ငိုရင်းဘယ်ချိန်အိပ်ပျော်သွားမှန်းမသိပေ...
သူမနိုးတော့ ကုတင်ဘေးခုံပေါ်တင်ထားသည့် ဖုန်းဖွင့်ကြည့်လိုက်ရာ မနက်ငါးနာရီပင်ခွဲလေပြီး။
ငိုထား၍ မျက်ရိုးများကိုက်နေသည်မို့ မျက်ခုံးနှစ်ဖက်ကို လက်ဖြင့်ဖိနှိပ်နေရသည်။
သူမ ခြုံစောင်ကိုဖယ်ကာ မွေ့ယာအားလက်ထောက်ထထိုင်လိုက်ပြီး အခန်းထဲဝေ့ဝဲကြည့်မိသည်။
ဟင်...သူက...
နဖူးပေါ်လက်တင်ကာ ဆိုဖာပေါ် ဆန့်တန့်၍ အိပ်ပျော်နေသော သိုက်ကိုမြင်လိုက်ရ၍ အံ့ဩသွားမိသည်။
ဒါဆို ညက သူဆိုဖာပေါ်မှာပဲ အိပ်ခဲ့တာပေါ့....
ပန်းလေးတွေးမိကာ ခုလိုဆိုတော့လဲ
စိတ်ထဲ အားနာသလိုဖြစ်သွားရ၏။ထို့ကြောင့်နောက်ရက်တွေ သူနဲ့နေရာလဲကာ ဆိုဖာမှာအိပ်ဖို့တွေးထားလိုက်သည်။
ပန်းလေး ကုတင်ပေါ်မှဆင်းလိုက်ပြီး စောင်ကိုခေါက်၍ ခေါင်းအုံးပေါ်ထပ်တင်လိုက်သည်။
ထို့နောက် သူအိပ်နေသည့် ဆိုဖာနား မရဲတရဲတိုးသွားကာ ခေါ်နိုးရနိုး မနိုးရနိုး ခြေတုံချတုံဖြင့် တွန့်ဆုတ်လို့နေသည်။
သူ့အရပ်ရှည်ရှည်နဲ့ခွေခေါက်လျက်
သူဒီတိုင်းဆက်အိပ်နေရင်လဲ ကိုယ်လက်ကိုက်ခဲအုံးမည်။ပန်းလေး မနိုးလို့လဲ မကောင်းတာမို့ သူ့နဖူးပေါ်တင်ထားသည့် လက်ကို ခပ်လှမ်းလှမ်းမှရပ်၍ လှမ်းလှုပ်နိုးလိုက်သည်။
"ကိုဘဏ္ဍာသိုက်"
"ဟင်... အင်... မိန်းကလေး..."
သူမ လှုပ်နိုးလိုက်၍ ဂယောင်ဂတန်း မျက်လုံးပြူးလျက် လိုက်ကြည့်ကာ ပန်းလေးကိုမြင်မှ ရင်ဘတ်ကိုလက်တစ်ဖက်ဖြင့်ဖိလိုက်သည့်သူ။
သူက အိပ်မှုန်စုံဖွာ မျက်ဝန်းများကိုပွတ်သပ်နေလေသည်။
"ဟို...ကိုဘဏ္ဍာသိုက် ကုတင်ပေါ်ပြောင်းအိပ်ဖို့လာပြောတာပါ ဒီတိုင်းဆို ကိုဘဏ္ဍာသိုက်အတွက်မလွတ်မလပ်ဖြစ်နေတာဆိုတော့..."
KAMU SEDANG MEMBACA
🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼
Romansa🌼အကြင်နာပန်းလေး ရင်မှာလန်းပါ🌼 zawgyi and unicode "ပန်လေးဘဝမှာလေ မြတ်ဘုန်းရှိရင်အရာရာပြည့်စုံပြီး" အကြင်နာပန်း "အဟားဟား မင်းရဲ့လိမ်ညာစကားတွေကိုယုံမိတာ ငါကခုတော့ နွားလုံးလုံးဖြစ်ကျန်ခဲ့ရပြီး" မြတ်ဘုန်းသော် "ဘွားဘွား ရှာခိုင်းတဲ့လက်စွပ်ပိုင်ရှင်ကို က...