အကြင်နာပန်းလေး
🌼
ရင်မှာလန်းပါ...အပိုင်း(၂၂)
ပန်းလေးတို့ မင်္ဂလာပွဲကို နှစ်ရက်အတွင်း အကျဉ်းချုပ်လုပ်လိုက်သည်။
အဘွားက ခမ်းခမ်းနားနားလုပ်မယ်ပြောနေပေမယ့် ပျော့ခွေနေသည့်ပန်းလေးကိုငဲ့သောအားဖြင့် ကိုဘဏ္ဍာသိုက်က အတင်းပြောရသည်။
သို့သော် အဘွားက လက်မလျော့သေးဘဲ မိုးကုတ်ရောက်ရင် ခြံထဲမှာ ဒင်းနာပါတီလုပ်ဖို့စီစဉ်ပြန်၏။
ထိုသို့နှင့်ပင် လက်ထပ်ပွဲအထမြောက်ပြီး
သူတို့နောက် ပန်းလေးတို့တစ်မိသားစုလုံးလိုက်ပါလာခဲ့ကြတော့သည်။ပန်းလေးတို့ကို အဘွားက လေယျာဉ်ဖြင့် မိုးကုတ်သို့ခေါ်ဆောင်လာ၏။
တစ်လမ်းလုံး ရင်ဘတ်ထဲ လေးလံသည့် ဝေဒနာတွေနှင့်ပန်းလေး ညှိုးလျစွာပါလာခဲ့ရသည်။
လေယျာဉ်ပေါ်ကဆင်းသည်နှင့် ချမ်းစိမ့်စိမ့် ရာသီဥတုကကြိုဆိုနေလေ၏။
ထို့ကြောင့် အားလုံးလိုလို အနွေးထည်တွေ ထုတ်ဝတ်လိုက်ကြရ၏။
နေရာအကူးအပြောင်းမှာ ပန်းလေးအဖို့ရာ ပထမဆုံးခံစားချက်က ရင်ထဲထိစိမ့်နေအောင် အေးပါသည်။
လေယျာဉ်ဆင်းတော့လဲ လေယျဉ်ကွင်းကနေ ကားပေါ်ရောက်သည်ထိ ကိုဘဏ္ဍာသိုက်ကိုသာ အားကိုးပြီး လျှောက်ခဲ့ရသည်။
ပန်းလေးတစ်ယောက်တည်း မတ်မတ်ရပ်ဖို့ပင် အားမရှိသောကြောင့် သူတွဲကူသည့်နောက်အလိုက်သင့်ပါလာခဲ့ခြင်းဖြစ်သည်။
လေယျာဉ်ကွင်းမှ အပြန်တွင်တော့ အမေနဲ့ ကလေးနှစ်ယောက်က ဘွားဘွားတို့ကားနှင့်ပါသွားပြီး ပန်းလေးက ကိုဘဏ္ဍာသိုက်မောင်းနှင်းသည့်ကားနှင့်လိုက်ပါလာခဲ့သည်။
"မိန်းကလေး ကိုယ်တို့အရင်ဆေးခန်းသွားပြကြမလား မိန်းကလေးကိုကြည့်ရတာ အရမ်းပင်ပမ်းနေတဲ့ပုံပဲ"
ကားမောင်းရင်းမေးလာသည်မို့ ပန်းလေး ခြောက်ကပ်ကပ်လည်ချောင်းကို တတွေးမြိုချလိုက်ပြီး
YOU ARE READING
🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼
Romance🌼အကြင်နာပန်းလေး ရင်မှာလန်းပါ🌼 zawgyi and unicode "ပန်လေးဘဝမှာလေ မြတ်ဘုန်းရှိရင်အရာရာပြည့်စုံပြီး" အကြင်နာပန်း "အဟားဟား မင်းရဲ့လိမ်ညာစကားတွေကိုယုံမိတာ ငါကခုတော့ နွားလုံးလုံးဖြစ်ကျန်ခဲ့ရပြီး" မြတ်ဘုန်းသော် "ဘွားဘွား ရှာခိုင်းတဲ့လက်စွပ်ပိုင်ရှင်ကို က...