အကြင်နားပန်းလေး
🌼
ရင်မှာလန်းပါ...အပိုင်း(၂၉)
ပန်းလေး သိုက်အခန်းသို့ပြန်ပြောင်းလိုက်သည်နှင့်
ဒေါ်စိန်မြကြွယ်ရော ဒေါ်ညွန့်ပါ ခုမှစိတ်အေးချမ်းသာသွားကြတော့သည်။ဘွားဘွားကလဲ ညဘက် ဆေးတိုက်ဖို့ပန်းလေးတောင်းဆိုတာကိုပြန်ခွင့်ပြုပေး၏။
ပန်းလေးကို ဘွားဘွားက တွေ့တာနဲ့ကျေးဇူးတင်စကားဆိုသည်မှာ မနေတက်အောင်ပင်။
ပန်းလေး ဘွားဘွားနဲ့အရင်ကထက်ရင်နှီးခွင့်ရသည့်အတွက်ပျော်သော်လဲ သူနဲ့တစ်ခန်းတည်းပြန်နေရသည့်အတွက်တော့ နေရကျပ်နေသည်။
သူနဲ့နှစ်ယောက်တည်းအခန်းထဲရှိနေချိန်မှာ ဘာလုပ်လို့လုပ်ရမှန်းမသိ အနေခက်လှသည်။
ထို့ကြောင့် ကလေးတွေနှင့်သာအချိန်ကုန်စေပြီး ညအိပ်ချိန်မှအခန်းထဲဝင်ဖြစ်သည်။
"မြေးလေး"
ပန်းလေး ထမင်းစာပွဲတွင်ပန်းကန်တွေပြင်နေတုန်း ဘွားဘွားက အနားရောက်လာ၏။
"ဟုတ် ဘွားဘွား"
"ဒါလေး သိုက်ကိုသွားပေးပြီး တော်မတော် ကြည့်လာပေးပါအုံးကွယ်"
ပန်းလေးလက်ထဲ လက်ဆွဲအိတ်လေးရောက်လာ၏။
"ဟုတ်ကဲ့ ပါ ဘွားဘွား"
ပန်းလေး မနက်စာပြင်နေသည်ကိုထားခဲ့ကာ ဘွားဘွားခိုင်းတာအရင်လုပ်ရန် အပေါ်ထပ်သို့တက်လာခဲ့လိုက်သည်။
ကျွီ...
ပန်းလေး တံခါးဖွင့်ကာ အခန်းထဲအရင်ေခါင်းပြူးကြည့်လိုက်ပြီးမှ
သူဖုန်းပြောနေတာ တွေ့လိုက်ရ၍ ဝင်လာခဲ့လိုက်သည်။ပန်းလေးအခန်းထဲဝင်လာတော့ သူက မှန်နံရံဘက်မျက်နှာမှုလျက်ဖုန်းပြောနေသည်ကို ပန်းလေးကိုသူမမြင်ပါ။
သူက ဘောင်းဘီအိတ်ထဲ လက်တစ်ထက်ထည့်ကာဖုန်းပြောနေ၏။
အပေါ်ဘက် မီးခိုရောင်ရှပ်လက်ရည်အား ကော်လံကိုခေါက်ကာ သေသေသပ်သပ်ဝတ်ထား၏။
အရပ်မြင့်သူဖြစ်ပြီး သူ့ရဲ့ ကျောပြင်ကျယ်ကြီးနောက် ကွယ်ရပ်မိကာ သူဖုန်းပြောပြီးသည်အထိေစာင့်နေလိုက်သည်။
YOU ARE READING
🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼
Romance🌼အကြင်နာပန်းလေး ရင်မှာလန်းပါ🌼 zawgyi and unicode "ပန်လေးဘဝမှာလေ မြတ်ဘုန်းရှိရင်အရာရာပြည့်စုံပြီး" အကြင်နာပန်း "အဟားဟား မင်းရဲ့လိမ်ညာစကားတွေကိုယုံမိတာ ငါကခုတော့ နွားလုံးလုံးဖြစ်ကျန်ခဲ့ရပြီး" မြတ်ဘုန်းသော် "ဘွားဘွား ရှာခိုင်းတဲ့လက်စွပ်ပိုင်ရှင်ကို က...