🌼အကြင်နာပန်းလေး ရင်မှာလန်းပါ....🌼
အပိုင်း(၉)
ညနေပိုင်း အလုပ်ဆင်းချိန် ထုံးစံအတိုင်း ကမ်းနားလမ်းမှ ပတ်ပြန်ခဲ့ကြသည်။
လမ်းတစ်လျှောက်လုံးလည်း တစ်ယောက်လက်ကိုတစ်ယောက် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားကြသည်မှာ
မြင်သူတကာ အားကျရသော ချစ်စရာစုံတွဲလေးတစ်တွဲဖြစ်လို့နေသည်။နှုတ်ခမ်းနီပါးပါးလေးနှင့် make_upမပျယ်တပျယ်လေးနဲ့မို့ သူမအလှက ညနေဆည်းဆာနှင့်အပြိုင်ရှုမဝနိုင်အောင်ဖြစ်ေနရသည်။
မျက်ခုံးတန်းထူထူလေးနှင့် နှာတံစင်းစင်းလေးကလည်း သူမအလှကိုပြည့်စုံနေအောင့်ပံ့ပိုးထားနိုင်သည်။
သူများတကာလို မိတ်ကပ်ကြီးတွေထူလပိန်ထအောင်လိမ်းထားမှ နှုတ်ခမ်းနီကို နီရဲထွန့်နေအောင်ဆိုးထားမှလှသည်မဟုတ်..
သူမပင်ကိုယ်အလှက ဘာမှမလိမ်းချယ်ထားရင်တောင် ငေးမောစေသည့်အလှမျိုး....
ရင်ကိုအမြဲအေးမြစေသည့် ထိုအလှမှာ အကြိမ်ကြိမ်ကျဆုံးနေရတာလဲ သူရဲ့ ပျော်ရွှင်ခြင်းတစ်ခုလိုဖြစ်လို့နေပေပြီး။
သူအသက်တမျှချစ်ရပါသော မိန်းကလေး၏လက်ကိုပိုမို၍မြဲမြံအောင်ဆုပ်ကိုင်ထားလိုက်မိသည်။
လောကကြီးကိုလည်း ဒါငါ့ချစ်သူကွဟူ၍ မဏ္ဍပ်တိုင်တပ်ပြထားသလားအောက်မေ့ရအောင် ခေါင်းကိုမော့၍ ရင်ကိုကော့ကာ ဝ့င်ဝင့်ကြွားကြွား သူ့ပုံစံက ခြေထောက်ပင်မြေကြီးနှင့်မထိတော့သလိုမြှောက်ကြွမြှောက်ကြွဖြစ်လို့နေသည်။
"မြတ်ဘုန်း ခန အချဉ်ပေါင်းဝယ်စားအုံးမယ်"
"အင်.... စားလေ"
သူပြုံးကာ ခေါင်းညိတ်ပြလိုက်တော့ ပြုံးပျော်ကာ
သူ့လက်ကိုဆွဲ၍ လမ်းဘေးရှိအချဉ်ပေါင်းလှည်းရှိရာသို့ဆွဲခေါ်သွားသည့်သူမ..."အစ်ကို သရက်သီးတစ်ထုပ် နာနတ်သီးတစ်ထုပ် အစပ်များများလေးနော်"
"ဟုတ်ပြီး ညီမ"
"ဟာ...ပန်းလေး အစပ်တွေစားရင် ဗိုက်နာမှာပေါ့ အစ်ကိုအစပ်လျော့နိုင်သလောက်လျော့ပေးပါ"
YOU ARE READING
🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼
Romance🌼အကြင်နာပန်းလေး ရင်မှာလန်းပါ🌼 zawgyi and unicode "ပန်လေးဘဝမှာလေ မြတ်ဘုန်းရှိရင်အရာရာပြည့်စုံပြီး" အကြင်နာပန်း "အဟားဟား မင်းရဲ့လိမ်ညာစကားတွေကိုယုံမိတာ ငါကခုတော့ နွားလုံးလုံးဖြစ်ကျန်ခဲ့ရပြီး" မြတ်ဘုန်းသော် "ဘွားဘွား ရှာခိုင်းတဲ့လက်စွပ်ပိုင်ရှင်ကို က...