အကြင်နာပန်းလေး ရင်မှာလန်းပါ...🌼
အပိုင်း(၄၄)
ပန်းလေး ပလာဇာ တတိယထပ်သို့ရောက်စဉ် ကော်ဖီဆိုင်တစ်ခုတွင်းမှ လက်လှမ်းပြန်နေသည့် မြတ်ဘုန်းကိုမြင်လိုက်ရသည်။
ပန်းလေးဆိုင်ထဲဝင်သွားစဉ် မြတ်ဘုန်းက
ပန်းလေးထိုင်ရန် ခုံကိုအသင့် ထုတ်ထားပေး၏။ပန်းလေးလည်းမကောင်းတက်လို့ သူထုတ်ထားသေးသည့်ခုံတွင်ဝင်ထိုင်လိုက်ရသည်။
သူကလည်း ပန်းလေးနှင့် မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်ကာ
"ဘာသောက်မလဲ ကော်ဖီလား ဂျု့စ်လား"
"ဘာမှမသောက်တော့ဘူး ဖိုးသူ ဘယ်မှာလဲပဲပြော သူဒီကိုလိုက်လာလား"
သူက ပန်းလေးဆီမှ ခပ်ပြတ်ပြတ်အမေးကိုမျက်ခုံးတစ်ဖက်တွန့်ကာ
"မလောနဲ့လေ အေးဆေးပေါ့"
"မလောလို့မရဘူး ငါ ကိုကြီးကို ထမင်းချိုင့်သွားပို့ရအုံးမယ် မအားဘူး"
"ဝိုး...ကိုကြီးတွေဘာတွေ ချစ်စနိုးနဲ့ခေါ်လို့ပါလား"
ပန်းလေးခပ်လှောင်လှောင်သူ့အပြုအမှုကိုသက်ပြင်းချလိုက်မိကာ
"ငါ့ကိုမလှောင်နဲ့ မြတ်ဘုန်း ဖိုးသူဘယ်မှာလဲ ပဲပြော ငါသွားခေါ်မယ်"
"နေပါအုံး ဖိုးသူရှိတဲ့နေရာပြောလို့ နင်သွားခေါ်ရင်ရော နင့်မောင်က လိာက်မှာမို့လို့လား"
"အဲ့ဒါက ငါတို့အပိုင်းပါ နင့်ကိစ္စမပါဘူး ဖိုးသူဘယ်မှာလဲပဲပြောပြ"
"နင်တော်တော်တုံးပါလားပန်းလေး ဖိုးသူကိုနင်မသိအောင်ဖွတ်ထားပါတယ်ဆို ငါကနင့်ဆီခေါ်လာပေးစရာလား နောက်ပြီး ငါကလည်း နင့်ကိုလွယ်လွယ်နဲ့ နင့်မောင်နဲ့ပေးတွေ့မယ်လို့ နင်ဘာလို့ထင်နေတာလဲ ပန်းလေး ငါ နင်ရှေ့ထိရောက်အောင်လာခဲ့တဲ့ ရည်ရွယ်ချက်ကိုပဲ မသိတာလား မသိချင်ယောင်ဆောင်နေတာလား"
"သိတယ်...နင် ငါ့ကိုမကျေနပ်ဘူး ဂလဲ့စားပြန်ချေချင်နေတာလည်းသိတယ် ...ဒါပေမယ့် ငါတို့နှစ်ယောက်ကိစ္စထဲ ဖိုးသူကိုဆွဲမထည့်ပါနဲ့လား မြတ်ဘုန်း"
YOU ARE READING
🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼
Romance🌼အကြင်နာပန်းလေး ရင်မှာလန်းပါ🌼 zawgyi and unicode "ပန်လေးဘဝမှာလေ မြတ်ဘုန်းရှိရင်အရာရာပြည့်စုံပြီး" အကြင်နာပန်း "အဟားဟား မင်းရဲ့လိမ်ညာစကားတွေကိုယုံမိတာ ငါကခုတော့ နွားလုံးလုံးဖြစ်ကျန်ခဲ့ရပြီး" မြတ်ဘုန်းသော် "ဘွားဘွား ရှာခိုင်းတဲ့လက်စွပ်ပိုင်ရှင်ကို က...