အကြင်နာပန်းလေး ရင်မှာလန်းပါ....🌼
အပိုင်း(၂၇)
"အင့်....."
"ဆောရီးကွာ ကိုယ်တကယ်တောင်းပန်တယ်...ကိုယ်...ကိုယ်မှားသွားတယ်"
တစ်ယောက်က ကုတင်းခေါင်းရင်းနားကပ်ကာ စောင်လေးကို ဆုပ်စွဲ၍ ရှိုက်ငိုနေပြီး
နောက်တစ်ယောက် ကုတင်ခြေရင်း၌ တောင်းပန်စကားအထပ်ထပ်ပြောကာ ကိုယ့်ခေါင်းကိုတိုင်နဲ့ပြေးစောင့်ချင်အောင်
အပြစ်တင်နေလေသည်။သိုက် ညတည်းက ခုလိုတွေဖြစ်လာမှာကြောက်လို့ ငမျိုးတို့ကို သူမသောက်ဘူးဟုငြင်းခဲ့သည်။
ဒါကို သကောင့်သားတွေက အတင်းထိုးတိုက်လိုက်ကြတာ သူ့မှာ တားချိန်တောင်မရလိုက်။
အလဲလဲအကွဲကွဲဖြစ်လောက်အောင် သောက်ခဲ့မိသည့် ကိုယ့်ကိုယ်ကိုပဲဒေါသထွက်မိသည်။
သိုက်တစ်ယောက် ခေါင်းကိုအကြိမ်ကြိမ်ပွတ်ကာ စိတ်တွေနောက်ကျိနေပြီး ပန်းလေးကို စိတ်ထဲကာ အခါခါအားနာနေမိသည်။
ပန်းလေး သူ့ကိုမုန်းသွားမှာလဲ မလိုလားပါ။
"ပန်းလေးစိတ်ထဲ ကိုယ့်ကိုမကျေနပ်ရင် သက်ဆိုင်ရာကိုတိုင်လိုက်ပါ လက်ထပ်ပြီးသားဆိုပေမယ့် မိန်းကလေးတစ်ယောက်ကိုအလိုမတူဘဲ ပြုမှုမိရင် ဒါဟာ အပြစ်ကျူးလွန်တာပဲ တောက်...ကိုယ် ဒီလိုမျိုး မလုပ်ခဲ့သင့်ဘူး"
သိုက်တစ်ယောက် သူ့ကိုယ်သူဒေါသထွက်လို့နေကာ တောက်တပြင်းပြင်းခေါက်နေမိသည်။
ပန်းလေးကတော့ ကိုယ်လေးကြုံ့ထိုင်၍ စောင်ကိုသာကျစ်နေအောင်ဆုပ်ကို မကုန်ခမ်းနိုင်အောင်မျက်ရည်များကျလို့နေသည်။
သူ့ကိုလဲ ဘာမှပြောချင်စိတ်မရှိဘဲ ငိုပဲငိုချင်မိသည်။
ပန်းလေး ဒီလောက်တောင်းပန်ခဲ့တာတောင် သူလျစ်လျူရှုရက်တယ်။
ပန်းလေး သူပြောသလို လုပ်ပစ်လိုက်ရင်ရော ဘာများကောင်းလာမှာမို့လို့လဲ။
ပန်းလေးရင်ထဲက ဒဏ်ရာကရော ပျောက်သွားမတဲ့လား...
ဘွားဘွားမျက်နှာကိုထောက်၍ သူ့ကိုတရားမစွဲသော်လဲ ပန်းလေးရင်ထဲတော့ မကျေနပ်ပါ။
YOU ARE READING
🌼အကြင်နာပန်းလေးရင်မှာလန်းပါ....🌼
Romance🌼အကြင်နာပန်းလေး ရင်မှာလန်းပါ🌼 zawgyi and unicode "ပန်လေးဘဝမှာလေ မြတ်ဘုန်းရှိရင်အရာရာပြည့်စုံပြီး" အကြင်နာပန်း "အဟားဟား မင်းရဲ့လိမ်ညာစကားတွေကိုယုံမိတာ ငါကခုတော့ နွားလုံးလုံးဖြစ်ကျန်ခဲ့ရပြီး" မြတ်ဘုန်းသော် "ဘွားဘွား ရှာခိုင်းတဲ့လက်စွပ်ပိုင်ရှင်ကို က...