part 5 Ship electric

50 0 0
                                    

သင်္ဘောကြီးတွေ လျှပ်စစ်အကြောင်းကို စက်ရုံ လျှပ်စစ်သမား တယောက်ရဲ့ အမေးကို ဖြေထားပုံလေးပါ..

************************
ရေးသူ: အေးမြင့်

၁။မေး။။ သဘောင်္တွေမှာ လျှပ်စစ် Panel တွေ လျှပ်စစ်ပစ္စည်း တွေရဲ့ Body ကို Body earth wire ချရင် ကုန်းမြေတွေလို မြေကြီးမရှိတော့ ဘယ်လို လုပ်ပါသလဲ...
၁။ဖြေ။။ သင်္ဘော Body သံထည်ကိုယ်ပေါ်မှာ ဘဲ Body Earth wire တပ်ဆင်ပါတယ်..

၂။မေး။။ အဲလိုဆိုရင် Generator က ထွက်လာတဲ့ Neutral wire ကို ရော Neutral Earth wire ဘယ်မှာ တပ်ဆင်ပါသလဲ ဘယ်လိုလုပ်ပါသလဲ...
၂။ဖြေ။။ သဘောင်္မှာ Neutral line wire မရှိပါ အဲဒါကြောင့် neutral အတွက် earth wire သီးသန့် တပ်ဆင်စရာမလိုပါ.. Generator Alternator ကနေ ထွက်ကတည်းက Output က U phase, V phase, W phase ဆိုပြီး 3wires ဘဲထွက် ပါတယ် Neutral line wire မပါပါ...

၃။မေး။။ Neutral line wire မပါတော့ 220volt lighting တွေ တခြား 220volt လျှပ်စစ်ပစ္စည်းတွေ အတွက် ဘယ်လိုအသုံးပြု ပါသလဲ.......
၃။ဖြေ။။ သင်္ဘော Alternator ကနေ 3Phase 3wire 380V or 400V or 415V or 440V ( တခုခုပေါ့) အဲဒီလို ထွက်လာတာ ကို Lighting တွေ သင်္ဘောရဲ့ Navigation equipment တွေ လူနေခန်း socket တွေ 220volt တွေအသုံးပြုဖို့အတွက် 3phase 3wire 440volt မှ 3phase 3wire 220volt သို့ ပြောင်းလဲပေးနိုင်တဲ့ 3phase step-down transformer ကြီးဖြင့် သင်္ဘောတစ်စီးလုံး 220volt အတွက် စီမံထားပါတယ်...

# Alternator output power ကို 440V 3phase နဲ့ ဘဲ ဥပမာထား ရေးသွားပါမယ် 380V ,400V,415V တခုခု အဖြစ် ပြင်ဖတ်နိုင်ပါတယ် #

၄။မေး။။ အပေါ်ကပြောတဲ့ အထဲမှာ 440V to 220V step-down transformer က output မှာ 3phase 3wire ဆိုတော့ lighting 220V အတွက် neutral wire အတွက်ကျတော့ ဘယ်လိုလုပ်ပါသလဲ.... Neutral မပါတော့ 220V လျှပ်စစ် ပစ္စည်းတွေ ဘယ်လိုအသုံးပြုလို့ ရနိုင်မလဲ .... လျှပ်စစ်ပစ္စည်းတွေ အသုံးပြုဖို့ Line Neutral သို့မဟုတ် Phase Neutral တော့ လိုအပ်တယ်လေ Neutral မပါတော ဘယ်လိုသုံးမလဲ ....
၄။ဖြေ။။ သဘောင်္မှာ Neutral wire ကို 440V စနစ်မှာရော 220V စနစ်မှာရော အသုံးမပြုပါဘူး... Neutral wire ကို ပါကိုမပါတာပါ သင်္ဘောတည်ဆောက်ကတည်းက မထည့်ထား ပါဘူး... 220V အတွက် 3phase 220V မှ phase to phase 220V ၂လိုင်း ကို ယူပြီးအသုံးပြုပါတယ်... phase to phase ၂လိုင်း ကို ဗို့မီတာ ဖြင့် တိုင်းတာလျှင် 220V ဖြစ်တဲ့ အတွက် အဲဒီ 220V ကိုဘဲ 220V လျှပ်စစ် ပစ္စည်းတွေ အကုန်လုံး သင်္ဘော ရဲ့ Navigation equipment လျှပ်စစ်ပစ္စည်းတွေ အပါအ၀င် lighting မီးလုံး မီးချောင်း လူနေခန်းတွေ မှာ သုံးတဲ့ တီဗွီ ရေခဲသေတ္တာ ဖုံးချာဂျင် ကအစ neutral wire မပါဘဲ phase to phase 220V ၂လိုင်း ကို အသုံးပြုပါတယ်...

M & E Short notesWhere stories live. Discover now