part 44 RCD

10 0 0
                                    

ကျနော် သိသော RCD  ( အပိုင်း ၁ )

အခုအချိန်မှာ ဒီ အကြောင်းကို ပြောနေရတာ ( ကျနော်တို့ အတွက် စောနေတယ်လို့ ထင်နိုင်ပေမယ့် ) UK လို Europe လို နေရာတွေမှာ Regulation အရ ကို Consumer Unit ( Main Board ) တွေထဲမှာကို မူလ သုံးနေတဲ့
Type AC  RCD ( သူ့မှာ Sine wave ပုံစံ လေးပါတယ် ) နေရာမှာ Type A ( AC sine wave +  Pulse DC လှိုင်း၀က်/လှိုင်းပြတ်ပုံ ပါသော အမျိုးအစား ) ကို  မိမိတပ်ဆင်မှု Load အမျိုးအစားပေါ်မူတည်ပြီး မူလ Type AC RCD အစား Type A RCD ကို connected load အခြေအနေအရ ပြောင်းလဲ တပ်ဆင်ဖို့  ကို အကြံပြုထားပါတယ်။

ဘာဖြစ်လို့ Type A RCD တွေကို သုံးခိုင်းတာလဲ ....ဘာ​ကြောင့် ဒါကို ​ပြောင်းသုံးခိုင်းလဲဆိုတာကို  မစခင်
ဒီနေရာမှာ  အသုံးအများဆုံး RCD Type ​တွေကို  သက်ဆိုင်ရာ ​နေရာအလိုက် ​ပြောပြရလျှင်  ( ကျ​နော်တို့ဆီမှာ​တော့ အခုချိန်​တော့ RCD Type ​တွေ ကို ခွဲသုံး​နေပြီထင်ပါတယ် )

o AC leakage Current ကို ဖြတ်တောက်ပေးနိုင်သော   Type AC  အမျိုးအစား RCD
o AC leakage Current + Pulsation DC leakage current ( up to 6mA ) အထိ ဖြတ်တောက်ပေးနိုင်သော Type A RCD
o AC leakage current + Pulsation DC leakage current ( up to 10mA ) နှင့် ရုတ်ချည်း Frequency ပြောင်းလဲခြင်းများ ( 50 Hz အထက် ) အတွက် အသုံးပြုရသော  Type F အမျိုးအစား   RCD ဆိုပြီး ရှိကြပါတယ် ။

Type A ကို RCD ဘယ်နေရာမှာ သုံးသင့်သလဲ ဘာကြောင့်လဲ ..
.
ကျနော်တို့တွေ RCD ကို မိမိ တပ်ဆင် တဲ့ Main incoming မှာ အခုအချိန်ထိ တပ်ကြတာရှိတယ်။မတပ်ကြတာလဲ ရှိတယ်။ အဓိက ပုံမှန်အနေအထားမှာ လျှပ်စီး မရှိသင့် မစီးဆင်းသင့်တဲ့ နေရာမှာ မမျှော်လင့်သော အကြောင်းကြောင့် ယိုစိမ့်လျှပ်စီး ရှိလာရင် သွားကိုင်မိရင် သွားထိမိရင် လျှင်မြန်သော အချိန်အတွင်း သက်ဆိုင်ရာ RCD  ကို ဖြုတ်ချစေခြင်း လူတွေကို လျှပ်စစ်ဓါတ်လိုက်မှုကနေ အကာအကွယ်ပေးမှာ ဖြစ်ပါတယ်။
သာမန်အားဖြစ် RCD တစ်လုံးဟာ leakage current ပမာဏ ဘယ်လောက်မှာ  Trip ဖြစ်နိုင်ပါသလဲ Regulation အရ RCD တစ်လုံးက သူ့ရဲ့ Rated leakage Current ရဲ့ 50%  ပမာဏ ကနေ 100 % ပမာဏ အတွင်း အလုပ်လုပ်ရန် လိုအပ်ပြီး 30 mA ဆိုပါက 15 mA နှင့် 30 mA  အတွင်းမှန်ကန်စွာ Trip လုပ်ရန်လိုအပ်ပါသည်။ သာမန်အားဖြစ် RCD Tester များဖြစ် Inject ထိုးသွင်း စမ်းသပ်ပါက 30 mA RCD အများစုသည် 18 mA မှ 28 mA အတွင်း အလုပ် လုပ်ဆောင်လေ့ရှိပါသည်။
Tripping Time အနေဖြစ် Indirect contact ( လျှပ်စစ် အသုံးအဆောင် ပစည်းတစ်ခုကို ဖြတ်စီး၍ ယိုစိမ့်လာသော ) leakage current ပမာဏ ကို  သက်ဆိုင်ရာ  Rated Leakage current အရ 200ms ထက်မနည်းသော အချိန်အတွင်း ဖြတ်တောက်နိုင်ရန် လိုအပ်ပြီး ၊
Direct ထိတွေ့ ကိုင်တွယ်မိသော အခြေအနေ ( Rated current ၏ ၅ ဆပမာဏ များပြားသော leakage current စီးဆင်းမှု ၌  ဥပမာ 30mA x 5 = 150 mA leakage current ကို 40ms အတွင်း ဖြုတ်ချနိုင်ရန်လိုအပ်ပါသည်။)

M & E Short notesWhere stories live. Discover now