Line Neutal နဲ့ Switch Socket Outlet (SSO) အကြောင်း ဗဟုသုတ
Line နဲ့ Neutral ဆိုတာကို ရှေး လျှပ်စစ်ကျွမ်းကျင် ဆြာကြီးများက အပူကြိုး အအေးကြိုးလို့ ခေါ်ကြပါတယ်။ ကျွန်တော့အနေနဲ့ကတော့ ဓာတ်လိုက်တဲ့ကြိုး နဲ့ ဓာတ်မလိုက်တဲ့ကြိုး ဆိုရင် တောင်မှ ပိုအဆင်ပြေမယ် ထင်ပါတယ်။
Line / Neutral ကို အလွယ်ခွဲပြီး သိချင်ရင် Tester လေးနဲ့ ထောက်ပြီး အလွယ်တကူသိနိုင်ပါတယ်။
Line ကို Standard Color အနေနဲ့ RED YELLOW BLUE ဆိုပြီး Electrical Standard Color သတ်မှတ်ပါတယ်။ Neutral ကိုတော့ BLACK Color အနေနဲ့ပဲ သတ်မှတ်ပါတယ်။
Earth ကြိုး Color ကို GREEN - YELLOW နှစ်ရောင်စပ် အနေနဲ့ သတ်မှတ်ပါတယ်။
Wiring Installation လုပ်ရာမှာ Standard အတိုင်းသာ တပ်ဆင်သင့်ပါတယ်။
အိမ်သုံး Switch Socket Outlet (ပလပ်ပေါက်များ) တွေကို 13A နဲ့ 15A ဆိုပြီး Standard အနေနဲ့ (၂) မျိုး ခွဲထားပါတယ်။
Standard အနေနဲ့ 15A ကို လျှပ်စစ်မီးဖိုတို့၊ အဲကွန်းတို့၊ ရေခဲသေတ္တာတို့မှာသုံးသင့်ပြီး 13A Multi SSO ကို TV, ဖုန်းအားသွင်း၊ ကွန်ပျူတာ လပ်ပတော့ စတာတို့မှာ အသုံးပြုရင် ရေရှည် မပျက်စီးနိုင်ပါဘူး။
Crd To Original Post
#tmtelectricaltrainingcentre
YOU ARE READING
M & E Short notes
Non-Fictionfbမှတစ်ဆင့်ပြန်လည်ကူးယူသည်။တစ်စုတစ်စည်းတည်းမိမိဘာသာပြန်လေ့လာနိုင်အောင်ဖြစ်သည်။မူရင်းပို့စ်များအားcrdပေးပါသည်။