part 36 Transformer

10 0 0
                                    

အင်ဂျင်နီယာ ဘာလို့ လိုလဲ ....

Transformer ​တွေ မီး​လောင်တာ​တွေ ​တွေ့ရင် တအားနှ​မျောတယ်ဗျ ...ခက်တာက Transformer ​တွေအတွက် foundation ဆိုတာ အလျား×အနံ×အမြင့် တစ်ခုရှိတဲ့ ​လေး​​ထောင့်ကွန်ကရစ်တုံး ဆိုတာထက်ပိုမသိဘူး ...ပြင်ညီကွန်ကရစ်မျက်နှာပြင်​ပေါ်မှာ ..Transformer ကို ထိုင်လို့ရတယ်ဆိုတာ​လောက် အသိနဲ့ဆိုရင်​တော့
အ​ကြောင်းတစ်ခုခု​ကြောင့်  အဆိုးရွားဆုံး ဖြစ်ရပ်ဖြစ်တဲ့ Transformer မီး​လောင်လို့ Tank ကွဲထွက်ရင် Transformer ဆီ ​တွေ ယိုကျ ထွက်ကျလို့ စီးဆင်းရာ လမ်း​ကြောင်းတ​လျောက် မီးကူးပါ​ရော ဒီ​တော့ နိမ့်ရာက မြင့်ရာ  နီးစပ်ရာစီးဆင်းမှုအရ Outdoor Switchyard ထဲရှိတာ​တွေကုန် ...လုံ​လောက်တဲ့ Access Drive way မရှိ​တော့ မီးသတ်ကားက မ၀င်နိုင်....အကုန်ကုန်မယ် ..ဒါက အ​ဆောက်အဦးအပြင်က outdoor switchyard ဘဲ ရှိ​သေးတယ် ...ကဲ ​မြေ​နေရာ အရ အ​ဆောက်အဦးအတွင်းထဲမှာ ​ဆောက်ထားတဲ့  Indoor Substation ထဲက Transformer ​တွေ အတွက်​ကော  ဘယ်လို​တွေဒီဇိုင်းလုပ်ကြမလဲ လိုအပ်ချက်​တွေကို ဘယ်သူ​တွေ က ​ ​ပြောကြမလဲ.....

Power Transformer  များ၏  ဆီစုကန် တွက်ချက်မှုအကြောင်းနဲ့ အခြေခံ design အယူအစ.....

ကျနော့်အနေနဲ့ 230 kV / 66 kV  100 MVA , 125 MVA , 50 MVA စတဲ့ HV  Power Transformer တွေရဲ့ foundation/plinth ခုံလုံးတွေ ကိုတပ်ဆင် တွက်ချက် ရပြီဆိုရင် ကျနော်တို့ဌာနက  သက်ဆိုင်ရာ  Civil , Electrical Design Engineer တွေကို  အရင်ဆုံးမေးတဲ့မေးခွန်းတွေကဘာတွေဖြစ်မယ်ထင်လဲ....

1.Power Transformer ရဲ့ foot print Area ဘယ်လောက်လဲ
2.Radiator Area ဘယ်လောက်လဲ
3.Insulation Oil Volume ဘယ်လောက်လဲ .. ဘာဖြစ်လို့လဲ ဒီအချက်အလက်တွေက Transformer ဆီစုကန် တွက်ချက်မှုအတွက် Input  parameter တွေဖြစ်နေလို့ပါ ။

လက်ရှိ Indoor Substation / Indoor Transformer Application  ​တွေ အတွက်ရော လုံလောက်သော ဆီစုကန် စနစ်ရှိနေပါသလား .....မှန်ကန်သော ဒီဇိုင်းအယူအစကော ဖြစ်ပါသလား .....

    Indoor Substation Design လိုအပ်ချက်အရမှာ  Power Transformer များတည်ဆောက်ရာတွင် ဆီစုကန် ( တနည်း Transformer  ဆီများ မတော်တဆ ယိုစိမ့်မှုဖြစ်ပွားပါက  အထက်ပါ ယိုစိမ့်သော ဆီများကို ထိန်းထားနိုင်သော ဆီကန်တစ်ခုကို ပမာဏအားဖြစ် 100 % oil volume ကို ထိန်းထားနိုင်သော ဆီစုကန်ကို အထက်ပါ Power Transformer များအတွက် ထည့်သွင်းတည်ဆောက်ရမည် ဖြစ်ပါသည်။ ) အချို့သော Design မူကွဲ များအရ catchment tank ပါ၀င်မှု ၊ Gravel layer ပါ၀င်မှု အပေါ်မူတည်၍ ထိန်းသိမ်းထားနိုင်သော ဆီပမာဏ ကွဲပြားမှု ရှိနိုင်ပါသည်။

M & E Short notesWhere stories live. Discover now