မိုးကြိုးလွှဲ အတွက် ( မိုးကြိုးလွှဲ ထိပ်ပိုင်း Air Terminal ကနေ သက်ဆိုင်ရာ မြေကြီးအောက်က Earthing စနစ်ကို ဆက်သွယ်ပေးထားတဲ့ Down conductor ကို ကြိုးဆိုဒ် အရွယ်အစားအနည်းဆုံးဘယ်လောက် ကိုအသုံးပြုသင့်သလဲ ၊
Earth rod size ကို အနည်းဆုံး ဘက်လောက်သုံးသင့်လဲ ၊ Earth plate တွေကို ဘယ်လောက် ဆိုဒ် ထားရမလဲ ဆိုသော မေးခွန်းများအတွက် ရည်ညွန်းအကိုးအကား အရ လေ့လာကြည့်ခြင်း .Lightning Protection အတွက် Protection level အလိုက် အသုံးပြုသင့်သော Air Terminal Size , Downward conductor , Earth Electrode နှင့် Equalpotential bonding cable size များ
Down Conductor ( မိုးကြိုးလွှဲ အဆင်းကြိုး size )
Lighting Protection ပြုလုပ်ရာမှာ Protection level အလိုက် အသုံးပြုသင့်သော Conductor အမျိုးအစားများကို ( ပြင်ပတပ်ဆင်မှု / အဆောက်အဦအတွင်းတပ်ဆင်မှု / ပြင်ပ ရာသီဥတု ပတ်၀န်းကျင် ညစ်ညမ်းမှု အခြေအနေပေါ်မူတည်ပြီး ) ရွေးချယ်အသုံးသင့်သော အမျိုးအစား ၊ အရွယ်အစားများကို
• IEC 62305-3 Protection Against lightning / Part 3 : Physical damage to structures and life hazard တွင်
Table 6 အရ မိုးကြိုးလွှဲစနစ်တွင် အသုံးပြုရမည့် မိုးကြိုးလွှဲ၊အဆင်းကြိုး များအား အမျိုးအစားများ အလိုက် အသုံးပြုသင့်သော ကြိုးဆိုဒ်၊ Air Terminal Size တို့ကို သိရှိနိုင်ပြီး
• Downconductor သည် Tin plated copper / copper အမျိုးအစားကို အသုံးပြုထားသော ( solid tape ကြိုးပြား / solid ကြိုးအလုံး / ဝါယာမျှင်များပါသော stranded conductor ) များအတွက် 50 mm2 ( 8 mm diameter ) ရှိရမည်။ ဖြစ်ပြီး ပတ်၀န်းကျင်ညစ်ညမ်းမှု၊ပွန်းစားတိုက်စားမှုဒဏ်ကို မခံရနိုင်သော သာမန်အဆောက်အဦးများတွင် အထက်ဖော်ပြပါ downconductor size ကို 25 mm2 အနည်းဆုံးထား၍ အသုံးပြုနိုင်ပါသည်။
• ဒီနေရာမှာ သတိပြုရမည်မှာ ကျနော်တို့ ရွေးချယ်လိုက်သော အထက်ပါ conductor များ၏ ထုတ်လုပ်မှုတိုင်းသည် IEC 62561 Standard အရ သတ်မှတ်ပြဌာန်းထားသော လျှပ်စစ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ၊စက်မှုပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် စစ်ဆေးစမ်းသင်အောင်မြင်စွာ၊ ကိုက်ညီစွာထုတ်လုပ်ထားသော ပစ္စည်းများဖြစ်ရမည်ဟု ကန့်သတ်ချက်ရှိပါသည်။
• သဘောက IEC 62561 အရ ထုတ်လုပ်ထားသော မိုးကြိုးလွှဲနှင့်ဆက်စပ် လျှပ်ကူးဝါယာကြိုးများ/ဆက်စပ် ပစ္စည်းကိုသာ IEC 62305-3 အရ sizing ပြုလုပ်တပ်ဆင်နိုင်မည်ဟု ဆိုလိုရင်းဖြစ်သည်။ မိမိ၀ယ်ယူထားသော ပစ္စည်းသည် သတ်မှတ် standard IEC 62561 အရ လျှပ်ကူးမှု ၊ လျှပ်စစ်မိုးကြိုးဒဏ်ခံနိုင်မှု ၊ ပတ်၀န်းကျင် ညစ်ညမ်းမှု တိုက်စားပွန်းသားမှုဒဏ်ကို မခံနိုင်ပါက ၊ အမှန်တကယ်မိုးကြိုးပစ်ချိန်တွင် လုံလောက်သော ကာကွယ်ပေးမှုကို ရရှိမည်မဟုတ်ပါ။
YOU ARE READING
M & E Short notes
Non-Fictionfbမှတစ်ဆင့်ပြန်လည်ကူးယူသည်။တစ်စုတစ်စည်းတည်းမိမိဘာသာပြန်လေ့လာနိုင်အောင်ဖြစ်သည်။မူရင်းပို့စ်များအားcrdပေးပါသည်။