မော်တာ ဒါမှမဟုတ် pump တွေတခုခုဖြစ်သွားရင် စနစ်တကျ စစ်ဆေးနည်း
=====================================================မော်တာ ဒါမှမဟုတ် pump တွေတခုခုဖြစ်သွားရင် basic step by step checking
motor တစ်ခုခုဖြစ်ရင် ကိုယ့် image မကျအောင် လုပ်နိုင်ဖို့အတွက် အလွယ်တကူ စစ်လို့ရနိုင်တဲ့ basic step by step checking တွေကို တင်ပြပါတယ် အသေးစိပ်မဟုတ်တဲ့ အတွက် လိုအပ်တာလေးတွေကို comment မှာ sharing လုပ်ပြီး ဆွေးနွေးကြပါလို့ ဖိတ်ခေါ်ပါတယ်motor fail ဖြစ်သွားရင် working motor ဆိုရင် အရင်ဆုံး power ပိတ်ချပါ disconnect လုပ်ပါ( fuse or breaker etc..)
1- check the outside of the motor
motor fail ဖြစ်တာဟာ electric shock ဖြစ်လို့ ဖြစ်နိုင်ပါတယ် overloading လဲ ဖြစ်နိုင်တယ် ဒါကြောင့် motorရဲ့ အပြင်ဘက် body ကို စစ်ကြည့်ရပါမယ် mounting part တွေ ပျက်စီးလား motor ရဲ့ အလယ်ပိုင်းမှာ မဲနေလား တစ်ခုခု motor အတွင်းပိုင်းထဲ ရောက်နေလား စစ်ကြည့်ပါ2- check the nameplate on the motor
manufacture's name, model and serial number, RPM , hp,wiring diagram, voltage, current, frame style, type တတ်နိုင်သမျှ information အားလုံး မှတ်ထားပါ အသစ်မှာရမယ်ဆို
စက်ချုပ်ကို အချက်လက်ပေးနိုင်အောင်ပါ3- check the bearing of the motor
motor failures တော်တော်များများဟာ bearing failures ကြောင့် ဖြစ်တာများပါတယ် motor အစွန်းတစ်ဖက်ဆီမှာ bearing တစ်ခုစီ ပေါင်း နှစ်ခု ရှိပါတယ် motor ရဲ့ rotor / shaft ကို လက်နဲ့ လှည့်ကြည့်ပါ freely ကိုကြည့်ပါ smoothly လား တစ်ခုခု ထစ်နေလား အသံကြားရလား စစ်ကြည့်ပါ
motor shaft ကို ရှေ့ တိုးနောက်ဆုတ် ဆွဲကြည့်ပါ နဲနဲ လေး ရွှေ့ ပါတယ် စစ်ကြည့်ပါ မရရင် မကောင်းပါ4- check the winding for short circuiting to the frame
motor အများစုဟာ short circuiting ဖြစ်ရင် failures ဖြစ်ပါတယ် ဒါကြောင့် fuse or trip circuit breaker တွေကို စစ်ကြည့်ပါ
ohm meter ကို သုံးပြီး resistance value ကို တိုင်းကြည့်ပါ meterက လက်တံနဲ့ ဆို zero setting လုပ်ဖို့မမေ့နဲ့နော် digitalဆို မလိုပါဘူး
- check that the winding are not open or blown
single phase or 3 phase motor တွေကို ohms meter သုံးပြီ lowest (R × 1 ) range ကို change ပြီး motor leads ကြားက resistance ကို တိုင်းနိုင်ပါတယ်5- check the start capacitor used for starting motor
တချို့ start or run လုပ်ဖို့ capacitor ရှိတဲ့ motor မှာ capacitor ကောင်းမကောင်း ohms meter နဲ့စစ်ကြည့်ပါ capacitor မကောင်းရင်လဲ motor failures ဖြစ်နိုင်ပါတယ် resistance ဟာ မတက်လာဘူးဆိုရင်တော့ capacitor ကို replace လုပ်ရမှာပါ6 - check the rear bell housing of the motor
တချို့ rear bell housing ( centrifugal switch ) ကို သုံးတဲ့ motor တွေမှာ rear bell housing ကို စစ်ရပါမယ် contacts တွေ ကောင်းမကောင်း ပါ7- check the fan
motor fan တွေ ညစ်ပတ်နေမယ် ကြပ်နေမယ် တစ်ခုခု ဖြစ်နေမယ်ဆိုရင် motor overheat ဖြစ်ပြီး failures ဖြစ်နိုင်ပါတယ်8- choose the right motor for the conditions
in which it will be run
motor ကို တပ်ဆင်အသုံးပြုထားတဲ့ နေရာကို ကြည့်ရပါမယ် Motor type နဲ့ သင့်လျော်သော အနေအထား မှာ ရှိလား စို စွတ်နေတဲ့ နေရာလား ရေတွေရှိနေလား စစ်ကြည့်ရပါမယ်
အခုပြောသွားတဲ့ အချက် 8 ချက်ဟာ အလွယ်နည်း action ယူနိုင်တဲ့ အချက်အလက်တွေဖြစ်ပါတယ် ရုတ်တရက် လူအများရှေ့ မှာ ကိုယ့် image မကျအောင် စစ်နိုင်ဖို့ ရည်ရွယ်ပါတယ်ဒီထပ်မက အသေးစိပ် လေ့လာ ဖတ်ရှု့ နိုင်ဖို့ လိုအပ်ပါတယ်
senior တွေ အနေနဲ့ လိုအပ်ချက်တွေ မှားတာလေးတွေ ကို sharing လုပ်ပေးကြပါလို့
ကျနော်တို့ ကိုယ်တိုင်ကြိုးစား မှ ကျနော်တို့ အဆင်ပြေမှာပါ အကူညီစောင့်နေရင် သူများအောက်ရောက်သွားမှာပါလို့ ညီအကို တွေကို တိုက်တွန်းပါတယ်#credit Shine Thuya Thuya
YOU ARE READING
M & E Short notes
Non-Fictionfbမှတစ်ဆင့်ပြန်လည်ကူးယူသည်။တစ်စုတစ်စည်းတည်းမိမိဘာသာပြန်လေ့လာနိုင်အောင်ဖြစ်သည်။မူရင်းပို့စ်များအားcrdပေးပါသည်။