Solar system တစ်ခုဟာ watt ချင်းတူရင် မီးစက်တစ်လုံးဝယ်သုံးတာထက် ပိုပြီး ကုန်ကျစရိတ်များပါတယ် ဒါပေမယ့် ရေရှည်တွက်မယ်ဆိုရင် ဆိုလာက အများကြီး တွက်ခြေကိုက်တယ်
Solar system မှာ ဘာတွေသိသင့်လဲဆိုတော့
ပထမဆုံး solar panel ပါ
လက်ရှိ solarpanel မှာ
Poly, mono, thinflim solar ရယ်ဆိုပြီး သုံးမျိုးရှိပါတယ်Thinflim solar ကအကောင်းဆုံးဆိုပေမယ့် စျေးများတယ် အသုံးနည်းတယ်
Satellites တွေမှာလောက်ပဲ သုံးတယ်လို့သိပါတယ်
Poly နဲ့ mono ကအသုံးအများဆုံးပါ
Poly က အရည်ကြိုထားတဲ့ silicon crystal ကနေထုတ်ပြီး mono ကတော့ သန့်စင်ထားတဲ့silicon ကနေထုတ်တယ်အလွယ်ခွဲလို့ရတာက poly ဆို အပြာရောင်အကွက်နဲ့ mono ဆို အမည်းရောင် နက်ပြာရောင် ဆိုပြီးတွေ့ရပါတယ်
Poly solar တွေရဲ့အကွက်အရောင်တွေက မညီညာဖူး mono ကတော့ တညီတညာထဲပါPoly တွေက ရေးထားတဲ့ watt ရဲ့ 70% လောက်ပဲထွက်ပြီး Monoကတော့ 99% လောက်ထိထုတ်ပေးပါတယ် စျေးကလည်း အနည်းငယ်လောက်ပိုများတယ်
Warranty အနေနဲ့ poly ကို 15years လောက်ပေးတယ်
Mono ဆို 25years လောက်ထိပေးပါတယ်
ဒါတောင်မပျက်စီးသေးပါဖူး power effency လျော့သွားတာမျိုးပဲရှိပါသေးတယ်
Mono မှာ halfcell ဆိုပြီး ထပ်ခွဲထားတာရှိတယ်အတွင်းထဲမှာ bypass diode တွေအကြောင်းလည်း သိသင့်တယ်ဗျ အဲ့ diode တွေက ဆိုလာအလုပ်လုပ်အောင်ဆိုတာထက် အရိပ်ကျတဲ့အခါ ကျော်ပြီး ထုတ်ပေးနိုင်အောင်နဲ့ battery က reverse ပြန်ထွက်တာကို ထိန်းနိုင်အောင်တပ်ထားတာပါ diode တွေအကုန်ဖြုတ်ပြီး မောင်းရင်လည်း cell တစ်ခုမပျက်စီးရင် ပုံမှန်အတိုင်း ထွက်ပါတယ်
တစ်ခုရှိတာက ခုနောက်ပိုင်း ဆိုလာတွေမှာ cell အတုတွေပါလာတာပါ အဲ့ အလုပ်မလုပ်တဲ့ cell တွေကို bypass diode နဲ့ ကျော်ပြီးပေးထားပါတယ် ဒီတော့ ရေးထားတဲ့ watt နဲ့ တကယ်ထွက်တာက အတော်ကြီး ကွာပါတယ် ဂျင်းတွေပေါ့ဗျာ
Solar ဝယ်မယ်ဆို တကယ် warrenty ရှိပြီးသား brand ကိုဝယ်သုံး brand ကိုစိတ်မချရင် solar tester နဲ့ စမ်းပြီး watt ပြည့်မပြည့် တိုင်းပြီး ဝယ်တာ အဆင်အပြေဆုံးပါပဲSolar cable. တွေကတော့ အနည်းဆုံး ဆယ်စုနှစ်တစ်ခုစာသုံးရမှာဖြစ်လို့ အသေအချာရွေးဝယ်သင့်ပါတယ် သူက ရိုးရိုးမီးကြိုးတွေနဲ့ တပ်မရပါ
Solar ကြိုးတွေက efficiency အမြင့်ဆုံးရအောင်ကော ရာသီဥတုဒါဏ်ခံအောင်ထုတ်ထားပါတယ်
Copper99% ပါတဲ့ကြိုးတွေကိုမှ အပေါ်က ငွေရည်စိမ်ပေးထားပါတယ် ကြိုးတွေက ငွေရောင်ပါကြေးခြစ်လိုက်မှ ကြေးရောင်ထွက်ပါတယ်
ဒါက အလွယ်ပြောတာပါ ပိုပြောရင် အများကြီးရှိပါသေးတယ်
YOU ARE READING
M & E Short notes
Non-Fictionfbမှတစ်ဆင့်ပြန်လည်ကူးယူသည်။တစ်စုတစ်စည်းတည်းမိမိဘာသာပြန်လေ့လာနိုင်အောင်ဖြစ်သည်။မူရင်းပို့စ်များအားcrdပေးပါသည်။