Digital Smart Meter တွေမှာပါတဲ့ imp/kwh ဆိုတာ ဘာလဲ ။ သူ့ကို ဘာလုပ်ကြလဲ ။ သူက ဘာဖြစ်လို့ မှိတ်တုပ် မှိတ်တုပ်ဖြစ်နေတာလဲ
Energy Meter တွေမှာရေးထားတဲ့ 50 R/kWh ( 50 Rev/kwh ) နဲ့ 1600 imp/kwh က ဘာကွာလဲ
အဓိက ကွာခြားချက်က 50 r/kWh က Analogue အန်နလော့ Type ပါ ၊ Current ကွိုင် Voltage ကွိုင်တွေပါလို့ သူ့ကို Coil Type / induction type လို့လည်းခေါ်ပါတယ်။ 50r/kWh သူ့အဓိပါယ်က induction type မှာ မီတာထဲက aluminium disc ပြားလေး အပတ်ရည် ၅၀ လည်ရင် တစ်ယူနစ်တက်တယ်လို့ပြောချင်တာပါ။ အပတ်ရည် ၅၀ ပြည့်မပြည့် ကို ဘယ်လိုသိနိုင်လဲဆိုရင် ဖော်ပြပါ လည်နေတဲ့ Aluminium Disc ပြားလေးက အရှေ့ကကြည့်ရင် အဖြူရောင် ဖြစ်ပေမယ့် သူ့ရဲ့ တနေရာမှာ အနက်ရောင် ဆေးခြယ်ထားတဲ့ အပိုင်းစိတ်လေး ပါ ပါတယ်။ ဒါက ဘာအတွက် ထည့်ထားလဲဆိုတာ အောက်မှာ ဆက်လက်ဖော်ပြပါမယ်။
1600 imp/kWh လို့ရေးထားတဲ့မီတာက သူက digital type ပါ သူ့မှာ အတွင်းထဲက လည်နေသော disc ပြားမပါပါဘူး ဒါပေမယ့် အထဲမှာ photo diode လို လျှပ်စစ်စီးရင် မီးလင်းတဲ့ ပစ်စည်းကိုတပ်ထားပြီး သူက လျှပ်စစ်တစ်ယူနစ် အသုံးပြုတိုင်း သူ့အတွင်းက အလင်း pulse က အကြိမ် 1600 အဖွင့်အပိတ်လုပ်တယ်လို့ပြောချင်တာပါ။
ဒီလို 50 revolution (r)/kwh နဲ့ 1600 impulse (imp)က သာမန် သုံးဆွဲသူအတွက် မဟုတ်ဘဲ ဒီ မီတာကိုတပ်ဆင်စစ်ဆေးတဲ့ စမ်းသပ်ခန်း တွေမှာ အသုံးပြုရတာပါ ဘယ်လိုသုံးရလဲ ဆိုတော့ ...မီတာကို ( Test Bench ) Meter စမ်းသပ်ကိရိယာ ကနေ သက်ဆိုင်ရာ ပြင်ပ voltage signal - current signal ပေးလိုက်တယ် ဥပမာ 1 kW ဝန်အားသုံးဆွဲမှု ပမာဏ နဲ့ ကိုက်ညီတဲ့ Voltage Signal နဲ့ Current Test Signal ကို ဒီမီတာကို ပေးသွင်းတယ် ။ စမ်းသပ်ကိရိယာမှာပါတဲ့ laser ဖတ်ခေါင်းကနေပြီး ဒီမီတာလည်ပတ်မှုကို အစောက လည်နေတဲ့ အပြားလေးကိုထောက်လိုက်တယ် ( လည်နေတဲ့ မီတာအတွင်းက အပြားကိုသေချာကြည့်ရင် သူက အဖြူရောင် အဝိုင်းနေရာ တနေရာမှာ အနက်ရောင်ခြယ်ထားသော အစိတ်အပိုင်း နေရာပါ ပါတယ်) ။ ဒီ မီတာအတွင်းက အဝိုင်းကတပတ်လည်ရင် တနည်း ဒီအမဲရောင်ကို လေဆာဖတ်ခေါင်းကထိုးမိတိုင်း ၁ ပတ် / ၂ ပတ် စသဖြစ် စမ်းသပ်တိုင်းတာစက်ကမှတ်ထားတယ် ။ အဲ ပေးသွင်းတဲ့ 1kW က ( သတ်မှတ် အချိန် ) တနာရီပြည့်ရင် တစ်ယူနစ်တက်ရသလို အစောက လေဆာဖတ်ခေါင်းနဲ့တိုင်းတာမှုကလည်း အပတ်ရေ ၅၀ ပြည့်ရမယ် ဒါမှသာ မီတာက သူ့အပတ်ရေ နဲ့ တက်တဲ့ ယူနစ် က ကိုက်ညီပြီးစျေးကွက်မှာ သုံးလို့ရတာပါ။ မဟုတ်ရင် ဒီမီတာ လည်တာ နှေးတာ မြန်တာ ပြသနာရှိနိုင်တယ်။ .
Digital မီတာမှာတော့ လည်ပတ်တဲ့ အပိုင်းမပါလို့ လေဆာဖတ်ခေါင်းက digital မီတာမှာ မှိတ်တုပ်မှိတ်တုပ်လင်းနေတဲ့ led က အကြိမ် 1600 ပြည့် တိုင်း မှာ ၁ ယူနစ် တက်မတက်စစ်ဆေးတာပါ ။ ဒီလို revolution တွေ လည်ပတ်တာ မှန်/မမှန် ၊ impulse signal တွေကို သာမန်အသုံးပြုသူက မျက်မြင် အားဖြစ် မှန်/မမှန် စစ်ဆေးလို့မရပါဘူး၊ မှန်ကန်သော စမ်းသပ် Voltage ပမာဏ သုံးဆွဲသော Current ပမာဏ တိကျသော အချိန်အတိုင်းအတာက သတ်မှတ် Test Bench နဲ့သာ ပြုလုပ်နိုင်လို့ ဒီ စမ်းသပ်မှုက မီတာစစ်ဆေးစမ်းသပ်ရေးအလုပ်တွေအတွက် အဓိက အသုံးပြုသော စနစ်တွေပါ ( အဲ မျက်စိနဲ့အတင်းလိုက်ကြည့်မယ်ကွာ Volt မီတာ Am မီတာချိတ်ပြီး ၊ Timer ဖွင့် အပတ်ရေ မှန်မမှန်ကို စောင့်ကြည့်မယ်ကွာ ဆိုပြီး ကပ်ပြောရင်တော့ တမျိုးပေါ့ )
YOU ARE READING
M & E Short notes
Non-Fictionfbမှတစ်ဆင့်ပြန်လည်ကူးယူသည်။တစ်စုတစ်စည်းတည်းမိမိဘာသာပြန်လေ့လာနိုင်အောင်ဖြစ်သည်။မူရင်းပို့စ်များအားcrdပေးပါသည်။