MCB Breaker Size နဲ့ Design Current ကို ဘယ်လို ဆက်စပ်မလဲ
Design current ဆိုတာ အလွယ်ပြောရရင် လျှပ်စစ်ပစည်းတစ်ခု အတွက် ပြင်ပသက်ရောက်မှု ဘာမှမပါရှိသော ပကတိအနေနဲ့ သက်ဆိုင်ရာ လျှပ်စစ်ပစည်းမှ သတ်မှတ် voltage ပမာဏ တွင် ဆွဲယူသုံးဆွဲမည်ဖြစ်သော လျှပ်စီးကြောင်း ( Current ) ကို ခေါ်ဆိုပါသည်။
ဥပမာ။ ။ 2300 W Water Heater အတွက် Design Current ဆိုပါက
P=VI ( Resistive Load ) ဖြစ်၍
2300 = 230x I
I=10 A ( 10 Ampere ) ဖြစ်သည် ။ ထို Heater အတွက် အကာအကွယ်ပြုလုပ်ရန် MCB Size တနည်း In ကို ဘယ်လောက် Current ရွေးရမလဲ။
BS 7671 အရဆို Breaker ၏ Rated Current သည် Design Current နှင့် တူညီသော သို့မဟုတ် Design Current ထက် အနီးစပ်ဆုံးပိုကြီးသော (Next Higher Rating ) က်ု ရွေးချယ်ရပါမည်။ မိမိ တွက်ချက်ရရှိသော Design Current ပေါ်မူတည်၍ တပ်ဆင်သင့်သော C Type MCB ကို နမူနာ ယူပါက
10 A အတွက်ဆို MCB C10
11 A အတွက်ဆို MCB C 16
15 A အတွက်ဆို MCB C16
17 A အတွက်ဆို MCB C20 ဟု တွေ့နိုင်ပါသည်။Breaker Rating should be same or next higher rating of Design Current
MCB size Vs Over current and Earth Fault Current
နမူနာတစ်ခုကို တွေးကြည့်လို့ရအောင်ပါ။
● အကယ်၍ မိမိ အိမ်မှာ Total load တွေကို တွက်ချက်ကြည့်တာ Total Rated Current က 7 A Maximum Load Current ဖြစ်နေတယ်ပေါ့ ။ ဒီ 7 A Full load current ရှိနေတဲ့ အိမ်အတွက် အကာအကွယ်ပြုဖို့ရာ Protection MCB Rating /size ကို ရွေးချယ်မယ်ဆိုရင် အစောက တွက်လို့ရတဲ့ 7A နဲ့ညီသော ( သိုမဟုတ် ) တဆင့်ကြီးသော Breaker Rating ကို ရွေးချယ်ရမှာ ဖြစ်လို့ ( Same or Next Higher Rating For Protection Device အရ ) 7 A ထက်ကြီးသော Breaker size ကို ရွေးချယ်ရာ 10 A ဖြစ်သည်။
Breaker Type ကို ရွေးချယ်ရာမှာ အသုံးပြုမည့် Load အမျိုးအစားတွင် ( lighting များ ၊ အိမ်သုံးမော်တာများ စသည့် small inductive load တွေပါ၀င်လို့ ) load အမျိုးအစားပေါ်မူတည်၍ Breaker ကို Type C အမျိုးအစား သုံးပါမည်။
■ Type C MCB - C10 ကို သုံးမယ်။
■ C Type ရဲ့ Over load ( Thermal Tripping က 5In to 10In ) လို့ပြောထားတယ် ။ ဒီတော့ In က 10 A ဖြစ်လို့ ( 5x10 ~ 10x10 ) ဆိုတော့ C10 MCB က overload current 50 A နဲ့ 100 A ကြားမှာသာ အလုပ် လုပ်မှာပါ။
တွေးကြည့်ရင် မူလ 7 Ampere Maximum Current ရှိတဲ့ အိမ်က C10 MCB ကြောင့် Overload Tripping ကို 50 A နှင့် 100 A ကြားရောက်မှသာ ဖြတ်ချမှာပါ။ အကယ်၍ Rating ပိုကြီးတဲ့ MCB C16,C20 ကိုသာ ရွေးထားမိရင်တော့ ....ဖြစ်လာနိုင်တဲ့ overload current ရယ် breaker trip ဖြစ်မယ့် current ကိုသာ နှိုင်းယှဥ်ကြည့်နိုင်ပါတယ်။
YOU ARE READING
M & E Short notes
Non-Fictionfbမှတစ်ဆင့်ပြန်လည်ကူးယူသည်။တစ်စုတစ်စည်းတည်းမိမိဘာသာပြန်လေ့လာနိုင်အောင်ဖြစ်သည်။မူရင်းပို့စ်များအားcrdပေးပါသည်။