ရေမော်တာ auto အဖွင့်အပိတ်
float switch လေးအကြောင်း
======================ဒီကောင်လေးတွေမှာ ဘောလုံးနှစ်လုံးနဲ့တစ်လုံးဆိုပြီးတော့
ပုံစံနှစ်မျိုးလာတယ်
ဘောလုံးနှစ်လုံး
auto ဖွင့်ပိတ်ဆိုရင်တော့ သူ့မှာပါတဲ့ကြိုးမှာ ဘောလုံးလေးနှစ်လုံးကိုချည်ရမယ် ဘယ်နေရာတွေမှာချည်ရမလဲဆိုတော့ ရေပြည့်လာလို့ပိတ်ချင်တဲ့နေရာမှာ အပေါ်ဘောလုံးကိုချည် ရေလျော့သွားလ့ိုပြန်မောင်းချင်တဲ့
နေရာမှာအောက်ဘောလုးံကိုချည်ပေါ့ အဲ့ဒါဆို အပေါ်ကန်ကိုရေတင်ပီဆိုရင် ရေပြည့်ရင်ရပ်မယ် ရေလျော့သွားရင် ဘယ်နေရာထိလျော့သွားမှ
ပြန်မောင်းမယ်ဆိုတာ
စိတ်ကြိုက်သတ်မှတ်လို့ရတယ်
ဒီလိုတော့မဟုတ်ဘူး လူကဘဲမောင်းမယ်auto ပိတ်ချင်တယ် ဥပမာမီးအားနဲတဲ့အချိန်တွေ
မောင်းမိတာမျိုးကိုကာကွယ်ချင်ရင်ပေါ့
ဒါလည်းဖြစ်တာပဲ push button လေးတလုံးနဲ့relay လေး
တစ်လုံးတော့လိုမှာပေါ့
ရေမော်တာမဟုတ်ဘူး ရေတင်တဲ့ compressors ကိုဆိုလည်းဖြစ်တာဘဲ ရေတင်တဲ့comprrssor ကို autoမောင်း auto ပိတ်ဆိုရင်တော့ စမောင်းတဲ့အချိန် compress ဖြစ်နေတဲ့လေတွေကြောင့် မော်တာမရုန်းနိုင်တာကိုကာကွယ်ဖို့
timer တလုံးနဲ့ solenoid ဘားတလုံးတော့လိုမှာပေါ့ ရေမော်တာcompressorတွေက ရပ်ပြးီနာရီဝက်လောက်ဆိုရင်
ဖိသိပ်တဲ့လေအားကနဲသွားပါပြီ ပြန်ရုန်းနိုင်ပါပြီ မီးပျက်ပြီးချက်ချင်းပြန်လာရင်ပိတ်ပီး
ချက်ချင်းပြန်မောင်းမိတာကို
ကာကွယ်ဖို့off delay timer ကိုသုံးမယ်ဆိုလည်းဖြစ်ပါတယ်
solenoid ဘားကဈေးနဲနဲကြီးလို့ မသုံးချင်ဘူးဆိုရင်ပေါ့
ပထမဆုံးအောက်ကန်ကရေကို အပေါ်ကန်ကိုဖြစ်ဖြစ် ရေမြှုပ်ပန့်တပ်ထားတဲ့
ရေတွင်းထဲကရေကိုဖြစ်ဖြစ် ရေတင်မယ်ဆိုရင် အပေါ်ကန်မှာ ဒီလို float switch လေး သုံးလို့ရတယ် သူ့မှာပါတဲ့
contact က 10amper လောက်ခံနိုင်တယ်ဆိုတော့ 1hpလောက်တော့တိုက်ရိုက်
ရပါတယ် အဲ့ထက်ပိုကြီရင်တော့ relayလေးတလုံးလောက်
ခံသုံးရင်တော့ပိုကောင်းတာပေါ့
ကိုင်း တပ်တော့မယ်ဆိုရင် ရေကန်ပေါ်မှာဒီ switch လေးကို အထိုင်ချ ပြီးရင် ကြိုးမှာဘောလုံးလေတွေ ကိုယ်လိုချင်တဲ့နေရာတွေမှာချည်
ပြီးရင် မော်တာကို
Netural ကြိုးတိုက်ရိုက်ဝင်
phase ကို ဒီfloat switch ရဲ့A1မှာဝင် A2ကထွက်လာတဲ့ကြိုးကို
မော်တာကိုသွား ပြီးပြီပေါ့ အဲ့ဒါဆိုရင်တော့fully auto ပေါ့ ရေလျော့ရင်တင်မယ်
ရေပြည့်ရင်ပိတ်မယ်
ရေပြည့်ရင်တော့ပိတ် ရေလျော့ရင် မီးအားကောင်းမကောင်း
ကြည့်ပီးမှတင်ချင်တာဆိုရင်တော့ relay တလုံးကို
push buttonတလုံးခံပြီးမောင်းမယ်
ကြိုးဘယ်လိုသွယ်မလဲဆိုတော့
ပထမဆုံး on/off နှစ်မျိုးပါတဲ့
push လေးနဲ့relay တလုံးကို
push on ကိုနှိပ် ရင်relay ကပ် push off ကိုနှိပ်ရင်relay ကွာပေါ့ အဲ့ဒါမျိုးအရင်ဆင်ရအောင် အပြင်ကစဝင်လာတဲ့မီးထဲက netural ကို relayရဲ့ coil စဖြစ်တဲ့pinနံပါတ် 7မှာ မှာတိုက်ရိုက်ဝင်၊
ပြီးရင်phase ကို အပိတ်ခလုပ်ရဲ့nc1,2 မှာ1ကိုဝင်လိုက်2က
ပြန်ထွက်လာရင်ကြိုးနှစ်ချောင်း
ထုတ်လိုက်တစ်ချောင်းကို
အဖွင့်push ရဲ့no 3,4မှာ 3ကိုဝင်လိုက် ကျန်နေတဲ့တချောင်း2ကနေလာတဲ့တစ်ချောင်းကိုrelay ရဲ့
commons pin နံပါတ်1မှာဝင်လိုက်ပြီးရင်
normally open pin နံပါတ် 3 ကပြန်ထွက်တဲ့ကြိုးကို
coilရဲ့တစဖြစ်တဲ့ pin နံပါတ်2မှာဝင်လိုက်
်ပြီးရင် အဖွင့်push ရဲ့
normally open အထွက်နံပါတ်4ကထွက်လာတဲ့
ကြိုးကို relay ရဲ့coil ကျန်တစဖြစ်တဲ့ နံပါတ်2 နောက်တချောင်းထပ်တပ်လိုက်
on push လေးနှိပ်relay ကပ်
off push လေးနှိပ် relay ကွာ ပေါ့
ဒါဆိုရင် relay မှာကျန်နေသေးတဲ့နံပါတ်
8 commons, နံပါတ်5 nc, နံပါတ်6noဆိုတဲ့contact တစ်စုံကျန်နေသေးတယ် အဲ့ဒီမှာမော်တာကိုnetural တိုက်ရိုက်ဝင် ပြီးရင် phase ကို relay ရဲ့common နံပါတ်8မှာဝင်ပီးရင်အထွက်
normally open နံပါတ်6ကနေထွက်လာတဲ့ကြိုးကို မော်တာဆီသွားလိုက် ရင်
pushလေးနှိပ်ပြီးမော်တာ
အဖွင့်အပိတ်လုပ်လို့ရပြီပေါ့
float switch ကခုမှလာမှာ
float switch မှာ A1,A2နဲ့B1,B2ဆိုပြီးတော့ပါတယ် အပေါ်ကန်မှာအာရုံခံမှာမို့ A1,A2ကိုသုံးမယ် စောစောကပြောထားတဲ့
ပထမဆုံးဝင်လာတဲ့မီးထဲက
phase ကို အပိတ် push ရဲ့ နံပါတ်1မှာဝင် ထားတာမှာ အဲ့ဒီမှာမဝင်သေးဘဲနဲ့
float switch ရဲ့A1မှာဝင်လိုက် A2ကထွက်လာတဲ့ကြိုးကိုမှ စောစောကပြောတဲ့အပိတ်
push ရဲ့နံပါတ် 1မှာ ပြန်ဝင်လိုက်ပေါ့ဒါဆိုရင
်auto ပိတ် manul မောင်းပေါ့
ပြောဖို့ကျန်သေးတာက
auto manul လုပ်မှာဆိုရင်
ဘောလုံးနှစ်လုံးစလုံးကို
တနေရာထဲပူးပြီးပိတ်ချင်တဲ့နေရာမှာသာချည်ထားလိုက်ဗျာ
auto ဖွင့်စရာမှမလိုတာကိုနော့
နောက်နေမှာတော့
ရေcompressor auto လေးပေါ့@Credit.... MinSwe
Thank For Reading
YOU ARE READING
M & E Short notes
Non-Fictionfbမှတစ်ဆင့်ပြန်လည်ကူးယူသည်။တစ်စုတစ်စည်းတည်းမိမိဘာသာပြန်လေ့လာနိုင်အောင်ဖြစ်သည်။မူရင်းပို့စ်များအားcrdပေးပါသည်။