part 26 Transformer

22 0 0
                                    

Transformer's Neutral မှာ ဘာကြောင့် Earth ချရသလဲ?
=========================================

ဟိုတစ်နေ့က CB မှာ bro တစ်ယောက် လာမေးထားလို့ ‌ဒီအကြောင်းလေး ရေးဖို့ စိတ်ထဲရောက်လာတယ်။
Transformer တွေမှာ Neutral ကို ဘာကြောင့် earth ချကြရသလဲ?တဲ့။
Neutral မှာ earth ချတာမပြောခင် Earth ဆိုတာ ဘာလဲ neutral ဆိုတာ ဘာလဲ ဆိုတာ ရှေ့ပြေးလေး နည်းနည်းလောက် ပြောပြချင်ပါတယ်။

Neutral ဆိုတာ လျှပ်စစ် ထောက်ပံ့ရေး စနှစ်မှာ ကြားနေအမှတ် တစ်ခုအဖြစ် တည်ရှိနေပါတယ်။ Neutral နှင့် Earth/ground သည် လည်း ဆက်စပ်လျှက် ရှိပါတယ်။
ဥပမာအနေနဲ့ ပြောရရင် လျှပ်စစ် ဖြန့်ဖြူးရေး စနစ်တွေမှာ line ကြိုးတွေသာ မြင်တွေ့ရပြီး neutral ကြိုးတွေ မပါတာ သတိထားမိကြမှာပါ။

Neutral ကြိုးကို ဘယ်လိုသွယ်တန်းလည်းလို့ပြောရရင် Ground မြေကြီးနဲ့ သွယ်တန်းပါတယ်။
ဘယ်ရထုတ်ယူသလည်း။၊ Neutral ကြိုးကို Delta - Wye transformer တွေရဲ့ Y connection ဖြစ်တဲ့ Line ၃လိုင်း စုံမှတ်ကနေ neutral ကို ရယူပါတယ်။ နောက်ပြီး အဲ neutral ကို အမြဲတမ်း potential 0 ဖြစ်နေဖို့အတွတ် Earth ချထားခြင်း ဖြစ်ပါတယ်။

Neutral ဆိုတာ electron နဲ့ proton တစ်လိုင်းထဲမှာ အရေအတွက် တူညီစွာရှိတာ ကို ပြောတာပါ။
ဒီအခြေနေကို potential 0 လို့လဲ ခေါ်ပါတယ်။ ဒါပေမဲ့ neutral တွေမှာ voltage ရှိနေတတ်တာတွေ ရံဖန်ရံခါ ကျနော်တို့အားလုံး တွေ့ကြုံဖူးကြမှာပါ။

သို့သော် Earth / Ground မှာလည်း potential difference က zero (0)ပါပဲ။
ဒီနေရာမှာ neutral နဲ့ ကွာခြားတာက Earth/Ground မှာက ထာဝရ အမြဲတမ်း potential zero ပါ။ Neutral လို potential ပြောင်းလည်းခြင်းကို ဘယ်လိုအခြေနေ ဘယ်လိုအကြောင်းတရားကြောင်းကြောင့် ပြောင်းလဲမှာ မဟုတ်ပါဘူး။

ဒါကြောင့် transformer တွေရဲ့ Neutral တွေမှာ Earth ချရခြင်းဟာ neutral မှာ အမြဲတမ်း zero potential ဖြစ်နေအောင်လို့ပါပဲ။
နောက်တစ်ခုက transformer ပတ်၀န်းကျင် က သံတိုင်တွေနဲ့ အခြားသော သတ္တု ပစ္စည်း များကိုလဲ ကြိုးများပေါက်ပြဲပြီး ထိနေသည်ရှိအောင် potential မရှိအောင် ( ဓါတ်မလိုက်အောင် ) earthing ချရပါတယ်။ အားလုံး ကို zero ဖြစ်သွားအောင်ပေါ့ ။

Transformer ‌ေတွမှပဲ မဟုတ်ပါဘူး။ စက်ရုံအလုပ်ရုံနဲ့ လူနေအိမ်တွေအထိ လျှပ်စစ်ပစ္စည်းအားလုံး earth ချထားခြင်းသည် လျှပ်စစ်အသက်အန္တရယ်အတွတ် အကောင်းဆုံးကြိုတင်ကာကွယ်ခြင်းတစ်ုပါပဲ။
ထိုသို့ earth ချရာမှာ အများစုကတော့ 8 Ohm ထက် မပိုဖို့ စံတစ်ခုထားရှိပြီး လုပ်ဆောင်ကြရတယ်လို့ သိရှိရပါတယ်။
ယခု ကျနော်ရေးသား‌ပြောပြချက်များမှ မှားယွင်းမှုများ ပါရှိခဲ့သော် သင်ဆရာ မြင်ဆရာများထံမှ လေ့လာသင်ယူမှု အားနည်းခဲ့သောကြောင့် ကျနော်ရဲ့ အပြစ်များ၊ ကျနော်ရဲ့ ဉာဏ်ပညာ နည်းပါးမှုများကြောင့်သာဖြစ်ကြောင့် ဝန်ခံအပ်ပါသည်။

ဆရာသမားများလည်းအမှားများတွေ့ရှိခဲ့လျှင် ပြန်လည် ပြင်ဆင်သိရှိခွင့်ရရန် ရှင်းပြပေးခဲ့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လူသားအားလုံး လျှပ်စစ်အန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ။

Credit: AungThu

Credit: AungThu

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
M & E Short notesWhere stories live. Discover now