part 13 solar

17 0 0
                                    

ဆိုလာမတတ်ခင် ဖတ်ကြည့်ပါ ( ၂ )
*********************************
နှစ်ပေါင်း ၂၅ နှစ်ကျော်ခံတဲ့ Solar ပြားများ
ဆိုလာကိုတပ်ဆင်တဲ့ အခါ ပါဝင်တဲ့ ပစ္စည်းတိုင်း က အရေးကြီးပါတယ်။ တခုနဲ့ တခု အဆင်ပြေပြေ ချိတ် ဆက်နိုင်ဖို့ လိုပါတယ်။ ဒါမှ မဟုတ်ရင် ကုန်ကားအင်ဂျင် ကို ဆလွန်းကားမှာ တပ်မောင်း သလို ဆလွန်းကားအင်ဂျင် ကို ကုန်ကားတပ်မောင်း သလို ဖြစ်တတ်ပါတယ် ။
ကျွန်တော်က နိုင်ငံတကာမှာရော International company တွေမှာရော Electrical / Instrument / HVAC စတာတွေ လုပ်ခဲ့ဖူးပါတယ်။ standard တွေနဲ့ဆိုတော့ မခက်ခဲပါဖူး။
အခု မြန်မာပြည်မှာ တပ်ဆင်ရမဲ့ ဆိုလာ စနစ်တွေ တွက် ရတာတော်တော်လေး ရှုတ်ထွေးပါတယ်။ ဘာလို့လဲ ဆိုတော့ မြန်မာ ပြည်ရဲ့ လျပ်စစ် စနစ် အခြေခံ ကလုံးဝ မကောင်းလို့ပါ ။ အဲတော့ တပ်ဆင်မယ် ဆိုရင် ပထမဦးက ကျွမ်းကျင် တတ်မြောက်တဲ့ Engineering အဖွဲ့ လိုပါတယ်။ လက်ရှိစနစ်နဲ့ Solar စနစ် ကို ဘယ်လို အဆင်ပြေပြေ ပေါင်းစပ်ရမလဲ ။ ဘယ်လို optimize ဖြစ်အောင်လုပ်မလဲ ။ အန္တာရာယ် အနဲဆုံး ဖြစ်အောင် လုပ်မလဲ ။ စဉ်းစားတွေးခေါ် တွက်ချက်ရပါတယ် ။ တခြား ဖွံ့ ဖြိုး ပြီး နိုင်ငံတွေ မှာတော့ မလိုပါဖူး။ လွယ်လွယ် ကူကူပဲ လုပ်ဆောင်နိုင်ပါတယ်။ သူတို့မှာ ငွေကြေး တတ်နိုင်တဲ့ အပြင် လိုအပ်တဲ့ specification နဲ့ ကိုက်ညီတဲ့ Equipment တွေ ကလဲ အလွယ်တကူရနိုင်ပါတယ်။
မြန်မာပြည်မှာ ကတော့ အလွန်ခက်ခက်ခဲခဲ တင်သွင်း ရပါတယ်။ အဲတော့ မလိုအပ်ပဲ ကုန်ကျစရိတ်တွေ ထပ်တိုးရပါတယ်။ မိမိ ပစ္စည်း မရောက်မချင်း ရင်တမမ နဲ့စောင့်ရပါတယ်။ ပိုက်ဆံ ကတော့ မှာတာနဲ့ 100 % ကြိုသွင်းပါပဲ ။ အပျက်အစီး အတွက်ကလဲ ပြန်ရော်ဖို့ က မရသလောက်ပါပဲ။ မှာပြီး မှ အဲဒါ မရနိုင်လို့ တခြားဟာ ယူပါဆို တောင်းဆိုတာတွေ ရှိပါတယ်။ မြန်မာတွေ ဆိုတော့ သူများတိုင်း ပြည်က လုပ် သမျှ ခံပါပဲ ။
ဒါတွေ ကတော့ Solar သွင်းတဲ့ သူတွေ ရဲ့ အခက် အခဲတွေပါ။
ပထမဆုံးမှာ အရေးကြီးတာ ကတော့ ဆိုလာ ပြားတွေပါပဲ ။ အဲဒီ မှာ Mono နဲ့ Poly ဆိုပြီး ရှိပါတယ်။ Poly ကိုတော့ အခုနောက်ပိုင်း Company ကြီးတွေ ကမထုတ်သလောက်ပါပဲ ။ ပြောရရင် ဆိုလာတပ်တဲ့ အခါ Mono ကိုပဲ တပ်သင့်ပါတယ်။ နောက် brand ကောင်းဖို့ အရေးကြီးပါတယ်။ ဆိုလာဆိုတာတပ်ပြီး ရင် ၂၅ ကြာခံလို့ ကမ္ဘာသုံး Top 10 brand တွေ ကိုပဲ တပ်သင့်ပါတယ်။ ဈေးလဲ သိပ်မကွာတော့ ပါဖူး။ ကျွန်တော် ကတော့ Top brand ဖြစ်တဲ့ JINKO ဂျင်ကို ဆိုလာ ကို တင်ပါတယ်။ ကောင်းမကောင်း ကတော့ မခက်ပါဖူး ။ Google မှာ ရိုက်ပြီး သူရဲ့ quality ကို ရှာလိုက်ရင် သိပါတယ်။ နောက်တချက် က အတုတွေ အဟောင်းတွေ ရှိတတ်ပါတယ်။ Sticker တံဆိပ်လေးက နောက်ဖက်မှာပဲ ပါတော့ အတုလုပ်ရတာ သိပ်လွယ်ပါတယ်။ နောက်တခုက တချို့နိုင်ငံတွေ မှာ မြေနေရာ အခက်အခဲကြောင့် အရင် က efficiency မကောင်းတဲ့ ဟာတွေ ကို ပြန်ဖြုတ်ပြီး အသစ်တွေ ပြန်တတ် တတ် ပါတယ်။ အဲ ဒါ တွေ ကို ပြန်ရောင်းတာလဲ ရှိတတ်ပါတယ်။ အခုနောက်ပိုင်းမှာ Solar professional ထုတ်တဲ့ စက်ရုံတွေ က mono 330 watts တွေ ကို အနဲဆုံးထုတ်ပါတယ်။ဒါ ကလဲ 2021 မှာနောက်ဆုံးပါ ။ နောက်နှစ်တွေ မှာ 400 watts တွေ ပဲ အနဲဆုံးထုတ်ကျပါတယ်။ အဲတော့ ဆိုလာ တပ်တဲ့ Company တွေ နဲ့ ပထမဆုံးက ဘယ်လို ဆိုလာ brand နဲ့ watts power ( Wp) ကို မေးပါ ။ ဒါက ပထမဆုံး အရေးကြီးဆုံးပါ။
ကျွန်တော့်ဆီမှာတော့ အတတ်နိုင်ဆုံး ဈေးနဲနိုင်သမျှနဲအောင် စက်ရုံကတိုက်ရိုက်သွင်းပြီးရောင်းချ ပေးပါတယ်။ $ ဈေးနှုန်း အတက်မှာတော့ တော်တော်လေး အီသွားပါတယ်။ ဘာလို့လဲဆိုတော့ 1400 လောက်နဲ့တွက်ချက်ရောင်းထားတာတွေ က ထပ်သွင်းတဲ့ အခါ 2000 ကျော်သွားလို့ပါ။
ဒီဇင်ဘာလ လကုန်ရင်တော့ JINKO 330 watts container တလုံးရောက်ပါမယ်။ 330 အတွက် နောက်ဆုံးဖြစ်မယ်ထင်တယ် ။ လိုချင်သူတွေ စာရင်းပေးထားနိုင်ပါတယ်။ ဈေးကတော့ ရောက်လာမှ အားလုံးတွက်ပြီး ပြောပါမယ်။ အတတ်နိုင်ဆုံး သက်သက် သာသာ ရောင်းပေးပါ့မယ်။
ဖတ်ရှု တဲ့ အတွက် ကျေးဇူးပါ ။

ဆက်ရန်
Crd: Kyaw Oo
EI Engineering
AETHER solar engineering

ဆက်ရန် Crd: Kyaw OoEI Engineering AETHER solar engineering

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


M & E Short notesWhere stories live. Discover now