Earthing Design ပြုလုပ်ရင် Resistance တန်ဖိုးကို တမင်များနေအောင် ( High ohm ) ဖြစ်အောင် လုပ်ထားရတဲ့ အပိုင်းရှိတယ်
ဓါတ်အားခွဲရုံတွေရဲ့ Top surface layer / FFL နေရာမှာ တချို့ဓါတ်အားခွဲရုံ Switchyard floor အတွက် ကွန်ကရစ် ခင်းကြတယ် တချို့က ကွန်ကရစ်မခင်းဘဲ ဘာဖြစ်လို့ Gravel ကို သုံးရတာလဲ။ လျှပ်စစ် အင်/ယာ ရူထောင့်ကနေကြည့်ရင် ဘာကွာနိုင်တယ် ထင်သလဲ
လက်တွေ့မှာ လျှပ်စစ်ဓါတ်အားခွဲရုံတွေရဲ့ Earthing စနစ်ကို အပိုင်းလိုက်ခွဲကြည့်ရင်
မြေပေါ်မှာရှိနေသော Metal Structure များ/ Power Transformer များ ၊ မိုးကြိုးလွှဲများ ၊ Cable Earth များ နှင့် ဆက်သွယ်ထားသော မြေပေါ်ရှိအပိုင်း ၊
ထိုမြေပေါ်ရှိ Earthing connection များကို မြေကြီးအောက်အနက် (သာမာန်အားဖြစ် ) ၈၀၀ မီလီမီတာ အနက်မှာ မြှပ်ထားသော Earthing ကြိုးများ ၊ Earth Electrode များနဲ့ ဆက်သွယ်ထားသော အပိုင်းဟူ၍ နှစ်ပိုင်းရှိနိုင်ပြီး ကောင်းမွန်မှန်ကန်သော Earthing စနစ် တွင် ထို မြေပေါ်ပိုင်း / မြေအောက်အပိုင်းကို အချိတ်အဆက်မိမိ အဆက်အသွယ်ကောင်းကောင်းဖြစ် ဆက်သွယ်ထားခြင်း ကို လိုအပ်ပါသည်။ထိုသို့ဆက်သွယ်ရာမှာ fault current တစ်ခုဖြစ်ပေါ်လာပါက ထို fault current သည် fault current ဖြစ်ပေါ်ရာနေရာ (ဥပမာ မြေပေါ်မှ ) သက်ဆိုင်ရာ Earthing Network ဆီသို့ အချိန်ကာလ( time duration )အနေဖြစ် အလွန်တိုတောင်းသော mili seconds , micro seconds အတွင်း ခွဲဖြာစီးဆင်းသွားရန် လိုအပ်သည်။
ထို့အတွက် မြေပေါ် steel structure နှင့် မြေအောက်မြှပ်နှံထားသော Earthing စနစ်အကြား fault current အမြန်ဆုံး စီးဆင်းနိုင်ရန် ခုခံမှု လွန်စွာနည်းပါးသော( low resistance path ) လမ်းကြောင်းဖြစ်နိုင်ရန် လိုအပ်ပါသည်။သို့မှသာ လွန်စွာနည်းပါးသော ခုခံမှုလမ်းကြောင်းတစ်လျှောက် fault current သည် ( ပိတ်ဆို့မှုမရှိသော ရေပိုက်အတွင်း၌ ရေစီးဆင်းသကဲ့သို့ ) Earthing Network အတွင်း လျှင်မြန်စွာ စီးဆင်းနိုင်မည်ဖြစ်သည်။တကယ့်လက်တွေ့တွင် fault current သည် မြေပေါ် structure မှ မြေအောက် Earthing စနစ်သို့ စီး၀င်လေ့ရှိသကဲ့သို့
Earthing စနစ်မကောင်းသော အခြေအနေတွင် သော်၄င်း ၊ Tower/Structure တစ်ခု၏ Earthing စနစ်သည် မြေပေါ်/မြေအောက်အဆက်ကွယ်ပြတ်တောက်နေခြင်း ၊ Conductor ပြတ်တောက်ခြင်းဖြစ်စဥ်များတွင် ဖြစ်ပွားရာ မြေပြင်ပေါ်တွင် GPR Ground Potential Rise ဖြစ်စဥ် ၊Transfer Potential အနေဖြစ် voltage ပမာဏ တစ်ခုသည် စီး၀င်ညှို့၀င်နေလေ့ရှိသည်။
YOU ARE READING
M & E Short notes
Non-Fictionfbမှတစ်ဆင့်ပြန်လည်ကူးယူသည်။တစ်စုတစ်စည်းတည်းမိမိဘာသာပြန်လေ့လာနိုင်အောင်ဖြစ်သည်။မူရင်းပို့စ်များအားcrdပေးပါသည်။