Indoor / outdoor Application နဲ့ IP မြင့်တိုင်း ပိုကောင်းသလား
Indoor Electrical Substation နဲ့ ပတ်သတ်သော Design လိုအပ်ချက်တွေ ဖတ်နေရင်းက တချို့သော Power Systems ( Technical Engineer ) များနဲ့ ဆွေးနွေးချင်သော အကြောင်းအရာတစ်ခုကို သတိပြုမိလို့ပါ။ ဒါက Indoor Substation နဲ့ ဆိုင်သော Building Design လိုအပ်ချက်တွေ ကို ဂရုတစိုက်လေ့လာရင် တွေ့လာရမယ့် အခြေအနေတစ်ခုပါ။
ကျနော်တို့ အရင်က ဆွေးနွေးဖူးကြတယ် Outdoor Type ( အမိုးအကာအကာအောက်တွင် မရှိသော၊ပြင်ပ နေရောင်ခြည် နှင့် သဘာဝရာသီဥတုဒဏ်ကို တိုက်ရိုက်ထိတွေ့ရသော နေရာ၌ တပ်ဆင်သော တပ်ဆင်ရသော လျှပ်စစ်ပစည်းများကို Outdoor Type Electrical Installation / Outdoor Type Electrical Equipment / Devices စသဖြစ် ခေါ်ဝေါ်အသုံးပြုကြပါတယ်။ ဘာဖြစ်လို့လဲ ဘယ်လိုပစည်းမဆို အဆောက်အဦးအတွင်း မိုးလုံ/လေလုံ အနေအထားကနေ ၊ အဆောက်အဦးအပြင်မှာ သုံးလို့ရတာမဟုတ်ဘူးလား၊ Indoor မှာ သုံးရမှာ နဲ့ outdoor မှာ သုံးလို့ရတာ ဘာကွာလဲ ၊ ဘယ်လို အချက်နဲ့ Indoor Application / Outdoor Application ခွဲခြားမလဲ ၊ ဘယ်လိုသိနိုင်သလဲ ။ ဘယ်လို စံချိန်စံညွှန်း နဲ့ တပ်ဆင်မယ့် ပစည်းက Outdoor မှာတပ်လို့ရမလား ၊ ဘယ်လိုအခြေအနေမှသာ outdoor မှာ သုံးလို့ရမလဲဆိုတာကို လက်ခံအတည်ပြုနိုင်လဲပေါ့။
Design Engineer တွေအနေနဲ့ အဓိက စဥ်းစားရတာက မိမိတပ်ဆင် အသုံးပြုရမည့် လျှပ်စစ်ပစည်းသည် မိမိ တပ်ဆင်ရမည့် ပတ်ဝန်းကျင် ရာသီဥတုအခြအနေ ၊ တပ်ဆင်မည့်နေရာ အနီးအနားရှိ ( မိုးရေ များ ၊ ဖုန်များ သဲများ ၊ အမှိုက်သရိုက် နှင့် ကိုက်ဖြတ် ဖျက်စီးတတ်သော အကောင်များ ဝင်ရာက်နိုင်မှု ၊ နားမလည်သူ ကလေး သူငယ်များ၏ ဆော့ကစားမှု ကြောင့် ဖြစ်လာနိုင်သမျှ ထိခိုက်ပျက်စီးနိုင်ခြေများကို စဥ်းစားကာ အထက်ပါ ပြင်ပထိခိုက်မှု အခြေအနေ လိုအပ်ချက်ကို ကာကွယ်နိုင်သော လျှပ်စစ်ပစည်းများကို လုပ်ငန်း/တပ်ဆင်မည့်နေရာ / ပြင်ပရာသီဥတု၏ သက်ရာက်နိုင်မှု အပေါ်မူတည် ရွေးချယ်အသုံးပြု တပ်ဆင်နိုင်ရန်လိုအပ်ပါသည် ။ဥပမာ။ ။
• မိမိ Electrical Panel ကို ကွဲပြားခြားနားသော အခြေအနေများဖြစ်သော
• သာမန် အမိုးအကာအောက်တွင် တပ်ဆင်သော အနေအထား
• နံရံတွင် ကပ်၍ တပ်ဆင်ရသော အနေအထား
• ပန်းပင်ရေလောင်းသော နေရာအနီးတွင် တပ်ဆင်ရသော အနေအထား
• မြွေ၊ကြွက်များ ပေါသောနေရာ ၌ တပ်ဆင်ရခြင်း
• လမ်းမီးတိုင် ( လမ်းမီးအလင်းရောင်အောက်) တွင် တပ်ဆင်ရ၍ ပိုးကောင်များ၊အိမ်မြှောင်များ ဝင်ရောက်နိုင်ခြင်း ပုရွက်ဆိတ်အိမ်ဖွဲ့နိုင်သော အခြေအနေတွင် တပ်ဆငိရခြင်း
• High Pressure ရေပန်းအနီးတပ်ဆင်ရခြင်း
• ဖုန်ထူ သဲထူသော နေရာများ၌ တပ်ဆင်ရခြင်း
စသည့်အခြေအနေများ၌ တူညီသော Panel တစ်လုံးတည်းကို အထက်ဖော်ပြပါ နေရာအားလုံး၌ အသုံပြုတပ်ဆင်နိုင်ပါမည်လား။
အလားတူပင် ကျနော်တို့ အမှတ်တမဲ့ သတိမပြုမိသော်လည်း တွေ့မြင်နေကြ ( ဟာသကဲ့သို့ ဖြစ်နေသော ) ဓာတ်ပုံများမှာ
• လမ်းမီးများအတွင်း ရေဝင်နေခြင်း
• Wall lamp များအတွင်း ရေဝင်နေခြင်း
• Panel အတွင်း မြွေဝင်နေခြင်း
• Panel အတွင်း ကြွက်သိုက်လုပ်ကာ wire များကိုက်ဖြတ်ထားခြင်း ....စသည်တို့ကို တွေ့ဖူးကြမည် ။
ဒါတွေက ဘာဖြစ်လို့လည်း တချို့ဖြစ်ရပ်တွေမှာ Panel တံခါးတွေ သော့ခတ်ပိတ်ထားတောင် အကောင်ပလောင်တွေ ဝင်နေတတ်တယ် ။
မိုးရွာလို့ ရေဝင်ပြီး ပျက်စီးရတာတွေလည်းရှိတယ်။
ဘာဖြစ်လို့လည်း ပထမအချက်က တပ်ဆင်မှု Installation ပြုလုပ်ရာမှာ လိုအပ်ချက်ကြောင့် ၊ ဒုတိယအချက်က တပ်ဆင်အသုံးပြုမည့် နေရာ နဲ့ ကိုက်ညီတဲ့ မှန်ကန်တဲ့ လျှပ်စစ်ပစည်း ၊ Panel တွေကို ( စျေးကြီးတာ ၊ မလိုအပ်ဘူးထင်တာကြောင့် ) သာမန် Indoor မှာတပ်ဆင်ရမည့် ပစည်းကို Outdoor Type အနေနဲ့ တပ်မိတာက အဖြစ်အများဆုံးပါ။
ဒီလိုမဖြစ်အောင် မှန်ကန်တဲ့ ( Application ) ဖြစ်အောင် ရွေးချယ် စိစစ်ဖို့က သက်ဆိုင်ရာ Technical Engineer တွေ ၊ Design Engineer တွေ အနေနဲ့ မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်နိုင်ရန်လိုအပ်ပါတယ်။
ဟုတ်ပြီ ကျနော်က လျှပ်စစ်ပစည်း တစ်ခု Electrical Socket / Switch တစ်ခုကို Indoor မှာသုံးနေရင်းက outdoor ကိုပြောင်းတပ်ချင်တယ်။ မိမိ တပ်ရမည့်ပစည်းက ပြင်ပက အမှုန်အမွှား ၊ အကောင်ပလောင်တွေဝင်တာကို ခံနိုင်ဖို့ ၊ မိုးရေ နဲ့ ပန်းပင်ရေလောင်းလို့ မတော်တဆ ရေစို့လို့မရတဲ့ အခြေအနေကို ကာကွယ်နိုင်ဖို့ ဘယ်လိုရွေးချယ်ရမလဲ ဘယ်လိုအချက်အလက်နဲ့ တိုက်ဆိုင်စစ်ဆေးဝယ်ယူမလဲ
ဒီအတွက် ကျနော်တို့ အကိုးအကားပြုလေ့လာ လုပ်ကိုင်ရတဲ့ Standard က IEC 60529 ဖြစ်ပါတယ် ။ အလွယ်ပြောရရင် Ingress Protection ( IP Class / IP Code ) နဲ့ စစ်ဆေး အတည်ပြုနိုင်ပါတယ်။
တခါတလေ ဒီ PANEL က IP ဘယ်လောက်ရှိလဲ OUTDOOR မှာသုံးလို့ဖြစ်ပါ့မလား ရေလုံပါ့မလား ပြောကျ ဆိုကျတာကြားဖူးမှာပါ။
IEC 60529 Degree of Protection provided by Enclosures က သက်ဆိုင်ရာ လျှပ်စစ်ပစည်းကို ပြင်ပ Enclosure Arrangement ပေါ်မူတည်ပြီး လိုအပ်သော တပ်ဆင်မှု ပစည်းရွေးချယ်မှုစနစ်ကို IP code ဖြစ် ပြသော Standard အကိုးအကားဖြစ်ပါသည်။
IP XX
• IP ရဲ့ ရှေ့ဂဏန်းက အရာဝတ္ထုု ပစ္စည်းတွေဝင်ရောက်မှုမှ အကာအကွယ်ပေးမှု ဖြစ်ပြီး ( Solid Particle Protection )
• IP ရဲ့ နောက်ဂဏန်းက အရည်/ရေ တွေဝင်ရောက်မှုမှ ကာကွယ်ပေးမှုပါ ( Water Liquid Protection ) ဖြစ်ပါတယ်။
၂ ခုလုံးအပြည့်အစုံပြောရရင်တော့
• IP SOLID PROTECTION + LIQUID PROTECTION ဖြစ်ပါတယ်။
• IP 54 ဆိုရင် ရှေ့ဂဏန်း 5 က SOLID PROTECTION ဖြစ်ပြီး နောက်ဂဏန်း 4 က LIQUID PROTECTION ဖြစ်ပါတယ်။
အဲ EN 50102 အရဆိုရင်တော့ နောက်ထပ်တတိယဂဏန်းတခုပါဝင်ပါသေးတယ် သူကတော့ impact ဒဏ်ခံနိုင်မှုပါ။ IK Code ဖြစ်ပါတယ်။
ပုံမှန် IEC အရဆို ဂဏန်း ၂ လုံးဘဲပါဝင်ပါတယ် ။
ပထမ နေရာမှာရှိနေသော ဂဏန်း. IP - 0,1,2,3,4,5,6 အကြောင်းဆွေးနွေးချင်ပါတယ်။
ဒီအတွက် နောက်ဂဏန်း ( Liquid Protection ) နေရာမှာ X ကို ထည့်သုံးသွားပါမယ်။
IP 0X ( ရှေ့ဂဏန်း 0 )
• ပထမ IP 0 - (ရှေ့ဂဏန်း 0 ) အရဆိုရင် ဒီပစ္စည်းက open အနေအထားပါ ဘယ်ပစ္စည်းမဆိုဝင်နိုင်ပါတယ်၊
ဥပမာ open air bus လိုမျိုး လက်နဲ့ မတော်တဆထိနိုင်တယ် ပုံစံမျိုးပါ
IP 1X ( ရှေ့ဂဏန်း 1 )
• IP 1X (ရှေ့ဂဏန်း1) က၅၀မီလီမီတာထက်ကြီးသောဘယ်ပစ္စည်းမဆိုမဝင်နိုင်အောင်အကာအကွယ် ပေးနိုင်ပါတယ် ။ဥပမာ ဘယ်လို နည်းနဲ့မှ လက်နဲ့မထိနိုင်ဘူး လက်ဖဝါးမဝင်နိုင်ဘူးပေါ့ဗျာ....လက်ညှိုးတော့ ဝင်နိုင်တယ်၊
IP 2X ( ရှေ့ဂဏန်း 2 )
• IP 2X ဆိုရင် 12.5 mm Diameter နှင့်အထက် size ကြီးသော ပစ္စည်းများဝင်ရောက်ခြင်းမှ အကာအကွယ်ပေးပါတယ်
ဥပမာ လက်ချောင်း မဝင်နိုင်ပါဘူး၊ဒါပေမယ့် အိမ်မြှောင်ပေါက်သ၊ပုရွက်ဆိတ် ဝင်နိုင်ပါတယ်။
IP 3X ( ရှေ့ဂဏန်း 3)
• IP 3X ဆိုရင် 2.5 mm Diameter နှင့်အထက်ကြီးသောပစ္စည်းများ မဝင်ရောက်နိုင်ပါဘူး။
ဥပမာ ဝါယာထိပ်စ Hand tools, screw driver ထိပ်ဖျားကစပြီးမဝင်နိုင်ပါဘူး။
IP 4X ( ရှေ့ဂဏန်း 4 )
• IP 4X ဆိုရင် 1 mm Diameter နှင့်အထက်ကြီးသောပစ္စည်းများ မဝင်နိုင်ပါဘူး။
ဥပမာ သေးငယ်သော ကွန်ထရိုးဝါယာထိပ်စ ထိပ်ဖျားကစပြီးမဝင်နိုင်ပါဘူး။
IP 5X ( ရှေ့ဂဏန်း 5 )
• IP 5X ဆိုရင် ဖုန်မဝင်နိုင်ပါဘူး Dust protect ပါ။
IP 6X ( ရှေ့ဂဏန်း 6 )
• IP 6X ဆိုရင်တော့ ဖုန်လုံသွားပြီ Dust proof ပါ။
IP ရဲ့ရှေ့ဂဏန်းကိုကြည့်ခြင်းအားဖြင့် Panel or Motor သူရဲ့တည်ဆောက်မှုထဲကို မြွေဝင်နိုင်လား ကြွက်ဝင်နိုင်လား အိမ်မြောင်ဝင်နိုင်လား ဖုန်လုံရဲ့လား ဆိုပြီးသိနိုင်ပါပြီ။
ကျနော်ပြောတယ့်အလွယ်မှတ်တယ်ဆိုတာက
IP မှာ ရှေ့ဂဏန်း IP 0 1 2 3 4 5 6 ရှေ့ဂဏန်းတွေကို အလွယ်မှတ်ချင်ရင်
• 0 ဆို No Protection
• 1 ဆို လက်ဝါးမဝင်နိုင်
• 2 ဆို လက်ညှိုးမဝင်နိုင်
• 3 ဆို Hand tools
• 4 ဆို ဝိုင်ယာ (
• 5 ဆို ဖုန်ကာ
• 6 ဆို ဖုန်လုံ ပါ
IP 0 1 2 3 4 5 6 ရှေ့ဂဏန်းတွေကို အလွယ်မှတ်လိုက်တာပါ ။
ဒုတိယ နေဝာမှာရှ်နေသော ဂဏန်း. IP - 0,1,2,3,4,5,6 အကြောင်းဆွေးနွေးချင်ပါတယ်။
ဒီအတွက် အသုံးမပြုသေးသော ရှေ့ဂဏန်းနေရာမှာ X ကို ထည့်သုံးသွားပါမယ်။
ပထမ IP X0 (နောက်ဂဏန်း 0 )
အရဆိုရင် ဒီပစ္စည်းက open အနေအထားပါ ဘယ်အရည်မဆိုဒီပစ္စည်းထဲကိုဝင်နိုင်ပါတယ် ။
ဥပမာ PANEL ကိုအဖုံးဖွင့်ပြီးမိုးရေထဲထားလိုက်ရင် ရေဝင်သလိုမျိုးပါ ဘာအကာအကွယ်မှမရှိဘူး ရေဝင်နိုင်ပါတယ်။
IP X1 (နောက်ဂဏန်း 1 )
• အရဆိုရင် VERTICAL အတည့်ကျသော ရေစက်ရေပေါက်ဝင်ရောက်မှုကိုကာကွယ် နိုင်ပါတယ်။
• ဥပမာ CONDENSATION ဖြစ်ပြီး ကျသောရေစက်ရေပေါက် ဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ပြောရရင် PANEL ပေါ်ကို AIR CON က ရေတစက်စက်ကျသလိုမျိုးပါ။
IP X2 (နောက်ဂဏန်း 2 )
• အရဆိုရင် VERTICAL အတည့်ကျသော ရေစက်ရေပေါက် နဲ့ 15 DEGREE စောင်းထားသော အချိန်တွင် ရေဝင်ရောက်မှုကိုကာကွယ် နိုင်ပါတယ်။
• ဥပမာ PANEL ကို 15 DEGREE စောင်းပြီးစမ်းရင်ဖြစ်ဖြစ် 15 DEGREE စောင်းပြီးရေဝင်ရင်ဖြစ်ဖြစ် ဒီ PANEL ထဲကို ရေဝင်ရောက်မှုမှကာကွယ်နိုင်ပါတယ်။တနည်း (15 Degree Spray Water from Vertical)
IP X3 (နောက်ဂဏန်း 3 )
• အရပြောရမယ်ဆိုရင် 60 DEGREE စောင်းပြီးရွာသောမိုးရေဝင်ရောက်မှုကိုကာကွယ် နိုင်ပါတယ်။ ( 60 ံ FROM VERTICAL )
• ဥပမာ အထက် ၆၀ ံပါတ်လည်မှမိုးရေများ ( PRESSURE မပါသော ရေပန်းမှတဆင့် ) ဝင်ရောက်မှုမှ ကာကွယ်နိုင်သည်။ မိုးရေစပြီးကာကွယ်ပါပြီ။
IP X4 (နောက်ဂဏန်း 4 )
• အရပြောရမယ်ဆိုရင် ဒီ PANELကို ပတ်ပတ်လည် မှ ရေပန်းဖြစ် ရေထိုးချင်း ALL DIRECTION မှအစ မိုးပတ်ခြင်းကို ကာကွယ်နိုင်ပါပြီ။
• ဥပမာ ထက်အောက်အပေါ် လားရာအသီးသီး မှ ရေပန်းဖြစ်ထိုးလျှင် ရေဝင်ရောက်ချင်းမှ ကာကွယ်ပေးနိုင်ပါသည်။ ပန်းပင်ရေလောင်းတာ၊ကားရေဆေးတာမျိုး
IP X5 (နောက်ဂဏန်း 5 )
• အရပြောရမယ်ဆိုရင် မီးသတ်ပိုက်လိုမျိုး PRESSURE ရှိသော NOZZLE ခေါင်းတပ်ထားသော ရေပိုက်ဖြစ်ထိုးသော ရေဝင်ရောက်မှုမှ ကာကွယ်ပေးနိုင်ပါသည်။
• လေပြင်းအားရှိနေသော ၊မိုးရွာသွန်းမှု အခြေအနေ၊တနည်း မည်သည့်အခြေအနေတွင်မဆို Panel ကို Pressure ပါသောရေဖြစ် သန့်ရှင်းစေနိုင်ခြင်း၊
IP X6 (နောက်ဂဏန်း 6 )
• အရပြောရမယ်ဆိုရင် တော့ တချို့ယူစချက် က ပါတ်ပါတ်လည် လားရာအားလုံးမှ ပင်လယ်လှိုင်းလုံးနှင့် ပြင်းအားတူသော ရေပန်းဖြင့် ထိုးခြင်းကို ကာကွယ်နိုင်သည်။
• တချို့ယူစချက် TEMPORARY ရေဝင်ရောက်ချင်းကို ကာကွယ်နိုင်ပြီး သဘေ်ာ ပေါ်တွင်အသုံးပြုသည်လို့ တွေ့ရပါတယ်။
IP X7 (နောက်ဂဏန်း 7 )
• အရဆိုရင်တော့ 15 cm မှသည် 1 မီတာ အထိရှိသောရေတွင်သတ်မှတ်ထားသောအချိန်အတိုင်းအတာအတွင်း ( မိနစ် ၃၀ ) နစ်မြုပ်ခံနိုင်ခြင်း ( ရေ၏ ဖိအားမပါ )
IP X8 (နောက်ဂဏန်း 8 )
• ဆိုရင်တော့ အချိန်ကာလကြာမြင့်စွာ ရေရဲ့ဖိအားအောက်မှာ နစ်မြုပ်ခံနိုင်ပြီး အလုပ်လုပ်နိုင်ပါတယ်။
• SUBMERSIBLE PUMP လိုမျိုးများဖြစ်နိုင်ပါတယ်။
ဒီအချက်အလက်ပေါ် မူတည်ပြီး
IP 31 ဆိုပါက ( IP 31 Rating Electrical Panel သည် )
• ပြင်ပ အရာဝတုများ ဝင်ရောက်မှုမှ ကာကွယ်နိုင်သော အဆင့်အနေဖြစ် 2.5 mm Diameter နှင့်အထက်ကြီးသောပစ္စည်းများ ဝါယာထိပ်စ Hand tools, screw driver ထိပ်ဖျားကစပြီးမဝင်နိုင်ပါဘူး /မဝင်ရောက်နိုင်သလို၊ VERTICAL အတည့်ကျသော ရေစက်ရေပေါက်ဝင်ရောက်မှုကိုကာကွယ် နိုင်ပါတယ်။ ဥပမာ CONDENSATION ဖြစ်ပြီး ကျသောရေစက်ရေပေါက် ဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
• ဒီတော့ IP 31 Panel ကို ရေယိုစိမ့်မှု မတော်တဆဖြစ်ပွားနိုင်သည့် အခြေအနေအောက်တွင် တနည်း ( Indoor Application ) အနေဖြစ် အသုံးပြုနိုင်သည် ။ အလုပ်လုပ်နေစဥ် ကောင်းမွန်သော လေလှည့်ပတ်မှုစနစ်ရရှိနိုင်ရန် 2.5 mm diameter ထက်သေးငယ်သော လေဝင်ပေါက်များ ဖောက်ပေးထားသည်။သဘောက ကြွက်တွေ ၊အိမ်မြောင်တွေ ၊ပိုးဟပ်တွေ မဝင်ရောက်နိုင်ပါဘူး။
IP 43 Panel ဆိုပါက
• 1 mm Diameter နှင့်အထက်ကြီးသောပစ္စည်းများ မဝင်နိုင်ပါဘူး။ ဥပမာ သေးငယ်သော ကွန်ထရိုးဝါယာထိပ်စ ထိပ်ဖျားကစပြီးမဝင်နိုင်ပါဘူး။ ၆၀ ဒီဂရီ တ်လည်မှမိုးရေများ ( PRESSURE မပါသော ရေပန်းမှတဆင့် ) ရေပက်မိသော်လည်း အထက်ပါ Panel အတွင်း ပြင်ပရေ ဝင်ရောက်မှုမှ ကာကွယ်နိုင်သည်။
• ဆိုတော့ ဒီလို Panel မျိုးကို မကြာခဏ ရေဆေးသန့်ရှင်းရေးပြုလုပ်သော ( outdoor ) လိုနေရာမျိုးမှာတပ်ဆင်နိုင်တယ် Pressure မပါသော ရေပန်းနဲ့ ထိုးမိတာမျိုးကို အကာအကွယ်ပေးနိုင်တယ်။ Indoor Application အတွက်သုံးချင်ရင် လုံလောက်သော အခန်းအကျယ်အဝန်းနဲ့ လေလှည့်ပတ်စနစ်ရှိဖို့ လိုအပ်ပါတယ်။
သာမန်အားဖြစ် IP မြင့်လေဈေးကြီးလေပါ။ မလိုအပ်သော နေရာ မလိုအပ်သော Application အတွက် မြင့်မားသော IP သုံးခြင်းက စျေးနှုန်းကုန်ကျစရိတ်ကို ကြီးမားစေသည့်အပြင် ( စနစ်တကျ ပြုလုပ်ထားခြင်းမရှိသော အခန်း ( layout arrangement ) များအရ သက်ဆိုင်ရာ လျှပ်စစ်ပစည်းများ၏ အလုပ် လုပ်ဆောင်နိုင်မှု စွမ်းရည်ကို ထိခိုက်နိုင်စေပါသည်။
ဖြည့်စွက်ချက်။
INDOOR APPLICATION အတွက်ဆို အနိမ့်ဆုံး IP က ဘယ်လောက်ဖြစ်သင့်ပါလဲ။
တချို့လုပ်ငန်းတွေ Design လိုအပ်ချက်တွေမှာ ( လုံလောက်သော အခန်းဧရိယာ နဲ့ လေလှည့်လည် စနစ်မရှိ ပဲ) မြင့်မားသော IP ကို တောင်းဆိုလေ့ရှိပါတယ်။ ဥပမာ ။ ။ Electrical Power Panel တစ်လုံးကို Indoor Application အတွက်ကို IP 55 နဲ့ပေးပါဆိုပြီးတော့ပေါ့။
Iဒီနေရာမှာ ဥပမာအားဖြစ် IP လိုအပ်မှု အသုံးချမှု အခြေအနေကို မြင်သာအောင် location of Application ပေါ်မူတည်ပြီး ပြောရရင်
• လူတစ်ယောက်က မိုးရွာပြီး လေတိုက်နေတဲ့ အပြင်ပတ်ဝန်းကျင်တွင် အလုပ် လုပ်ဆောင်နိုင်ဖို့ အတွက်ပြင်ပမှ တိုက်ခတ်နေသော လေဒဏ်၊မိုးဒဏ် ကို ခံနိုင်ရည်ရှိသော လုံလောက်သော အကာအကွယ်ဖြစ်သည့် မိုးကာအက်ျီများ ( IP 55 အခြေအနေတစ်ခုကို )ကို ဝတ်ဆင်ရန်လိုအပ်ပြီး ၊
• လေလုံမိုးလုံ ရုံးတွင်း အလုပ် လုပ်နေသူအတွက် အထက်ပါ IP 55 အခြေအနေ အရ ( မိုးကာအက်ျီ ဝတ်ဆင်ပြီး အလုပ် လုပ်ရန်မလိုအပ်ပေ )။
ဒီတော့ အစောက IP 55 Panel က တပ်ဆင်ရာ အခန်းကျဥ်းထဲမှာ စနစ်ကျသော လေလှည့်ပတ်မှုမရှိ ၊ မြင့်တက်နေသော အပူချိန်ကို လျော့ချ နိုင်သည့် လုံလောက်သော သဘာဝလေလှည့်ပတ်မှုကို မရရှိ၍ သက်ဆိုင်ရာ Panel ၏ အလုပ် လုပ်ဆောင်နိုင်မှု စွမ်းရည် သက်တမ်းကို လျော့ကျတိုတောင်းစေနိုင်ပါသည်။
ထို့အတူ out door အတွက် မိုးဒဏ်လေဒဏ် ပိုးမွှားဝင်ရောက်မှု ဒဏ်ကို ခံနိုင်ရန်ရှိရန် ပြုလုပ်တပ်ဆင်ထားသော Panel များအား သတ်မှတ်ချိတ်ဆက်တပ်ဆင်မှု မှ လွဲ၍ မိမိသဘောဖြစ် အထက်ပါ Panel များကို Cable အဝင်အထွက်အတွက် သတ်မှတ် cable gland များ သက်ဆိုင်ရာ cable အဝင်/အထွက် အဆက်အသွယ် ကို အသုံးမပြုဘဲ အပေါက်သစ်များဖောက်ခြင်း၊ ချဲ့ခြင်းများသည် အထက်ပါ Panel ၏ ပကတိတည်ရှိနေသော IP Rating ကို ပျက်ယွင်းစေမည်ဖြစ်ပြီး လုံလောက်သော အကာအကွယ်ကို ရရှိမည်မဟုတ်သည်ကို သတိပြုသင့်ပါသည်။
တပ်ဆင်မှု ချွတ်ယွင်းချက် ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်အရ ၊ရာဘာဆီးလ် Rubber Seal များပြတ်ခြင်း ၊ Cable အဝင်အပေါက်များတွင် Gland များမသုံးဆွဲခြင်း ၊ အပေါက်အသစ်များဖောက်ခြင်းသည် လည်း ရေဝင်စေနိုင်သည်။
Indoor အတွက်ရည်ရွယ်ထုတ်လုပ်ထားသော ပစ္စည်းကို outdoor မှာ သုံးလို့မရဘူးဆိုတာ ကျနော်တို့ နဲနဲတော့ သဘောပေါက်သွားမှာပါ။
YOU ARE READING
M & E Short notes
Non-Fictionfbမှတစ်ဆင့်ပြန်လည်ကူးယူသည်။တစ်စုတစ်စည်းတည်းမိမိဘာသာပြန်လေ့လာနိုင်အောင်ဖြစ်သည်။မူရင်းပို့စ်များအားcrdပေးပါသည်။