မတူညီသော RCD အမျိုးအစားများကို ပြန်စစ်ကြည့်ကြမလား
စျေးကွက်မှာ ကျနော်တို့ တွေ့နိုင်တဲ့ မတူညီသော RCD အမျိုးအစား များမှာ
o AC leakage Current ကို ဖြတ်တောက်ပေးနိုင်သော Type AC အမျိုးအစား RCD
o AC leakage Current + Pulsation DC leakage current ( up to 6mA ) အထိ ဖြတ်တောက်ပေးနိုင်သော Type A RCD
o AC leakage current + Pulsation DC leakage current ( up to 10mA ) နှင့် ရုတ်ချည်း Frequency ပြောင်းလဲခြင်းများ ( 50 Hz အထက် ) အတွက် အသုံးပြုရသော Type F အမျိုးအစား RCD ဆိုပြီး နေရာအလိုက် အသုံးချမှု နယ်ပယ်အလိုက် ကွဲပြားစွာ ရှိနေကြပါတယ် ။MCB များကို Connected load အမျိုးအစားအရ Type B , Type C စသဖြစ် Inductive load ပါဝင်မှုအပေါ် မူတည်ပြီး ခွဲခြားအသုံးပြုကြသကဲ့သို့ RCD များကိုလည်း ( အသုံးပြုမည့် load အမျိုးအစားပေါ်မူတည်၍ ) ရွေးချယ်အသုံးပြုရန် BS 7671:2018 Regulation 531.3.3 မှာ ရည်ညွှန်းဖော်ပြထားပါတယ်။
ဆက်ပြောချင်တာက မနေ့ကပြောခဲ့သလို BS 7671:2018 ကို အသုံးပြုလိုက်နာတဲ့ နိုင်ငံတိုင်းမှာ သူတို့အိမ်က Consumer Unit / Main Board ထဲမှာ ယခင်ကတပ်ထားတဲ့ Type AC RCD နေရာမှာ Type A RCD တွေကို ပြောင်းတပ်ဖို့ အကြံပြုထားပါတယ်။တချို့ EU နိုင်ငံအချို့မှာ Type AC RCD တွေကို အသုံးပြုမှုကနေ တားမြစ်ထားပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ မူလ အသုံးပြုနေတဲ့ Type AC RCD တွေက ယနေ့ခေတ် Digital Electronic ပစည်းတွေ များစွာအသုံးပြုလာတဲ့ နေရာမှာ ( အမှန်တကယ် leakage ) current ဖြစ်ရင်တောင် ဒီ Type AC RCD က မဖြုတ်ချနိုင်တဲ့ အခြေအနေတွေ၊ ဓါတ်လိုက်ခံရတဲ့ ဖြစ်ရပ်တွေ ( အတိတ်မှာ တွေ့လာ ရလို့ပါ ) ကို စစ်ဆေးချက် တွေပြုလုပ်ရင်း တွေ့ရှိလာတဲ့အချက်ပါ။
ဒီ ဘက်ခေတ်မှာ Home Solar System တွေ ၊ UPS တွေ ၊ Electric Vehicle EV Charger တွေ ၊ အဝတ်လျှော်စက် ၊ ဖုန်စုတ်စက် ၊ Mobile Phone Charger ၊ USB Charger စသော လျှပ်စစ်ပစည်းတွေရဲ့ က Supply အနေနဲ့ AC Supply သွင်းရပေမယ့် ၊ အတွင်းမှာ သုံးထားတာ အလုပ် လုပ်နေတာက DC Voltage နဲ့ အလုပ် လုပ်နေတာပါ ၊အခြားသော SMPS ( Switch Mode Power Supply ) တိုင်းကို အသုံးပြုထားသော အီလက်ထရောနစ် ပစည်းများ လည်းအတူတူပါဘဲ Power Supply , Adaptor ပါပေမယ့် အတွင်းမှာ အလုပ် လုပ်နေတာက DC Voltage နဲ့ပါ။
အစောက ပြောထားတဲ့ Type AC RCD ဆိုတာက တကယ်ပြောရရင် သူ့ခေတ်အခြေအနေအရ အရင် Induction Type , Pure Coil Type , General AC leakage current ဖြစ်ရင်သာ AC leakage current သီးသန့်အတွက် ကိုသာ ဖြတ်တောက်ဖို့လုပ်ထားတာ ဖြတ်တောက်နိုင်တာပါ။
Type AC RCD ရှေ့မျက်နှာပြင်မှာ Sine wave ပုံ / လေးကို တွေ့ရမှာ ဖြစ်ပါတယ်။ Type AC ဆိုတဲ့ စာသားဖြစ်စေ ၊ Sine wave ပုံလေးပါသည် ဖြစ်စေ ဒါက Pure AC circuit မှာ အသုံးပြုရမှာလို့ ပြောချင်တာပါ ။
Pure AC Circuit , AC leakage Current ကိုသာ ဖြတ်နိုင်တဲ့ Type A RCD ထဲကို ယနေ့ခေတ် Electronic Device တွေက အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခြင်းကြောင့်ဖြစ်စေ ၊ DC နဲ့ ဆိုင်တဲ့ Solar Inverter တွေ ၊ EV Charger တွေ ၊ Phone Charger တွေကနေ အကြောင်းတစ်ခုခုကြောင့် အတွင်း Power Supply / SMPS နဲ့ဆိုင်တဲ့ နေရာကနေ DC current တွေ leakage ဖြစ်ပြီး AC Circuit ထဲကိုဝင်သွားရင် ၀င်ရောက်လာရင် ဘာဖြစ်မလဲ တနည်း DC leakage Current ဖြစ်လာရင် DC leakage current က Type AC RCD ထဲ ဖြတ်သန်းစီးဆင်းသွားရင် Type A RCD -က ဘာဖြစ်သွားနိုင်လဲ။သူ့ ရဲ့ Tripping Operation အလုပ် လုပ်ဆောင်နိုင်မှုကို ဘယ်လို ထိခိုက်နိုင်မလဲ။
YOU ARE READING
M & E Short notes
Non-Fictionfbမှတစ်ဆင့်ပြန်လည်ကူးယူသည်။တစ်စုတစ်စည်းတည်းမိမိဘာသာပြန်လေ့လာနိုင်အောင်ဖြစ်သည်။မူရင်းပို့စ်များအားcrdပေးပါသည်။