part 37 Transformer

5 0 0
                                    

Transformer Protection အတွက် အခြေခံအကာအကွယ်ပြု ပစ္စည်းများ   ( သို့မဟုတ် ) Transformer တစ်လုံးက အလွယ်တကူမီးလောင်ပျက်စီးနိုင်ပါသလား .....

မဖတ်ခင် ကြို​တွေးကြည့်ကြမလား ...ဒီလိုဖြစ်ရပ်​တွေ အတွက်

TRANSFORMER တလုံး ကောင်းမွန်မှန်ကန်စွာ ( သတ်မှတ် LOADING အတိုင်း ) အလုပ် လုပ်ဆောင်နေခြင်း ရှိ / မရှိ ၊ ဝန်ပိုနေလား ၊ အတွင်း WINDING ရဲ့ အပူချိန်  အခြေအနေကို ( ပုံမှန် TRANSFORMER တွေကို)  အချိန်နဲ့အမျှ ( ON LINE MONITORING )  ပြုလုပ် ဖို့ ဆိုတာ အတော်ကို ကုန်ကျစရိတ်ရှိပြီး ခက်ခဲနိုင်ပါတယ်။

ဥပမာ အနေနဲ့ POWER TRANSFORMER တလုံးကို
• လက်ရှိ TRANSFORMER LOADING ကဘယ်လောက်
•  ပြင်ပ အပူချိန်က ဘယ်လောက် ၊
• WINDING TEMPERATURE ကဘယ်လောက် ၊
• TOP OIL TEMPERATURE ၊ BOTTOM OIL TEMPERATURE ကဘယ်လောက် ဆိုတာမျိုးကို

သက်ဆိုင်ရာ ( TEMPERATURE SENSOR တွေတပ် ) ၊ ဒီ SENSOR တွေကလာသော FEEDBACK SIGNAL တွေကို SIGNAL CONVERTER တွေ ၊ TRANSDUCER တွေကနေတဆင့် သက်ဆိုင်ရာ SCADA စနစ်ကိုဝင် ၊ SCADA ကနေ လိုအပ်သလို INPUT DATA တွေ ကို ရယူပြီး ဒီ TRANSFORMER ရဲ့ လက်ရှိအခြေအနေကို အဝေးတနေရာကို ဖြစ်စေ၊ သက်ဆိုင်ရာ LOCAL HMI ကတဆင့် TRANSFORMER ရဲ့ အခြေအနေကို  On line monitoring ပြုလုပ် သိရှိနိုင်ပါတယ်။ ဒီလိုပဲ သက်ဆိုင်ရာ TRANSFORMER ရဲ့ CIRCUIT BREAKER ကို ( TRANSFORMER ရဲ့ LOADING အခြေအနေပေါ်မူတည်ပြီး ) ONLINE OPERATION ပြုလုပ်နိုင်ပါတယ်။

လက်တွေ့အခြေအနေမှာတော့ ဒီလို စနစ်တွေသုံးနိုင်ဖို့ဆိုတာက ( POWER TRANSFORMER အားလုံး ) အတွက်မလွယ်ကူနိုင်သေးပါဘူး။
     ဒီအခြေအနေမှာ ကျနော်တို့အနေနဲ့ POWER TRANSFORMER နဲ့ သက်ဆိုင်ရာ CONTROL PANEL / CIRCUIT BREAKER ကြား HARD WIRE တွေနဲ့သာ ( TRANSFORMER CONTROL WIRING ) အနေနဲ့ သွယ်ယူထားပြီး TRANFROMER ရဲ့ အခြေအနေကို ( ANNUCIATOR တွေကနေ ) စောင့်ကြည့်လေ့ ရှိပါတယ်။
Transformer တွေကို စက်ရုံက စတင် တပ်ဆင်လိုက်ကတည်းက သက်ဆိုင်ရာ Protection စနစ်တွေ ထည့်သွင်းတပ်ဆင်ပေးလိုက်ပြီး ကျနော်တို့က ဒီ Transformer protection ပစ္စည်းတွေနဲ့ သက်ဆိုင်ရာ TRANSFORMER  Circuit Breaker တွေရဲ့ Tripping Contact အဆက်အသွယ်တွေနဲ့ မှန်ကန်စွာတပ်ဆင်ရမှာဖြစ်ပါတယ် ။
တပ်ဆင်ပေးလိုက်တဲ့ Protection စနစ် တွေထဲမှာ Transformer ကို အပူလွန်ခြင်း အတွင်းဖိအားမြင့်မားပေါက်ကွဲခြင်းကို အကာအကွယ်ပေး သတိပေးသောစနစ်တွေ ပါ၀င်နေပါတယ်။ ဒါကြောင့် မှန်ကန်သော control wiring တွေသာ Transformer နဲ့ Control Panel/ circuit breaker ကြားတပ်ဆင်ထားရင် Transformer က  ပုံမှန်အလွယ်တကူပျက်စီးနိုင်ခြင်းမရှိကြောင်းသိရှိနိုင်ပါတယ်။

M & E Short notesWhere stories live. Discover now