အခြေခံဘက် ပြန်သွားကြည့်ကြမလား
အိမ်တွင်း Wiring ပြုလုပ်သူများအတွက် အခြေခံ SWITCH & BREAKER အမျိုးအစားများရွေးချယ်ခြင်း
အိမ်တွင်း Wiring ပြုလုပ်သူများအတွက် မိမိပြုလုပ်တပ်ဆင်ထားသော Panel Board တွင်ပါဝင်သော Switch များ Breaker များသည် Electrical Fault များဖြစ်ပေါ်လာပါက လုံလောက်ပြည့်စုံသော အကာအကွယ်ပေးနိုင်မှုရှိမရှိကို စစ်ဆေးနိုင်ရန်အတွက်
မှန်ကန်ကောင်းမွန်သော တပ်ဆင်မှု ELECTRICAL INSTALLATION နဲ့ တိကျမှန်ကန်စွာ ဖြတ်တောက်ပေးသော အကာအကွယ်ပြုမှု PROTECTION စနစ်ကို ရရှိနိုင်ရန် အတွက် လိုအပ်သော SWITCH များ၊ ISOLATORS များ၊ BREAKER များကို မိမိတပ်ဆင်မည့်နေရော ၊ ဝန်အားအမျိုးအစားပေါ် မူတည်ပြီး မှန်ကန်စွာ ရွေးချယ်နိုင်ဖို လိုအပ်ပါတယ်။
မိမိ အသုံးပြုထားသော ELECTRICAL DEVICE များ SWITCH ELEMENTS များသည်လည်း အသုံးပြုသော နေရာ ( INDOOR / OUTDOOR ) ကိုမူတည်ပြီး မိုးလုံ/ရာသီဥတုဒဏ်ခံနိုင်မှု အခြေအနေများကိုပါ ရွေးချယ်ရန်လိုအပ်သလို / သီးခြားလိုအပ်ချက်များဖြစ်သော FLAME PROOF / EXPLOSION PROOF စသော နေရာများအတွက် လိုအပ်သလို သင့်လျှော်သော ELECTRICAL DEVICE များကို အသုံးပြုရမည် ဖြစ်ပါသည်။
အထူးသဖြစ် ကျနော် တို့ စက်မှုဘက်ဆိုင်ရာ စက်ရုံ/အလုပ်ရုံ ( INDUSTRIAL ELECTRICAL INSTALLATION) တွေဖြစ်စေ၊ အိမ်တွင်း ဝါယာရင်း ဖြစ်စေ LIGHTING နဲ့ SWITCH / SOCKET / POWER WIRING တွေပြုလုပ်ရင် ဝါယာရင်းတွေ မပြုလုပ်ခင် ၊Main Distribution Board မထိုင်ခင်ကတည်းကကြိုတင် စဉ်းစားရမှာက
ဒီ နေရာမှာ အများဆုံးဖြစ်ပေါ်လာနိုင်သော ELECTRICAL FAULT တွေက ဘာတွေဖြစ်မလဲ၊
ဒီ FAULT တွေကို ကာကွယ်နိုင်ရန်အတွက် လိုအပ်သော တပ်ဆင်သင့်သော အကာအကွယ်ပြု PROTECTION ( SWITCHING DEVICES ) တွေက ဘာတွေဖြစ်မလဲ၊
FAULT ဖြစ်နေသော အပိုင်းကို ပိုင်းခြား ဖြတ်တောက်နိုင်ရန် အတွက် ဘယ်လို SWITCHING DEVICE တွေကိုသုံးမလဲ
မိမိ ၀ယ်ယူ တပ်ဆင်ထားတဲ့ Main Board မှာပါတဲ့ FUSE / ISOLATOR / BREAKER တွေက ဘာ FAULT တွေကို အကာအကွယ်ပေးမှာလဲ၊ဒီလို နည်းလမ်းအားဖြစ် ဖြစ်ပေါ်လာနိုင်သော FAULT များ နဲ့ ကြိုတင်ကာကွယ်နိုင်သော ELECTRICAL SWITCHING DEVICES တွေကို ကြိုတင်ရွေးချယ် တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။
YOU ARE READING
M & E Short notes
Non-Fictionfbမှတစ်ဆင့်ပြန်လည်ကူးယူသည်။တစ်စုတစ်စည်းတည်းမိမိဘာသာပြန်လေ့လာနိုင်အောင်ဖြစ်သည်။မူရင်းပို့စ်များအားcrdပေးပါသည်။