ဆိုလာပြား မှမီးလောင်ရခြင်းနှင့် မီးမလောင်အောင်ဘယ်လိုကာကွယ်မလဲ
ဆိုလာပြား မှမီးလောင်ရခြင်း
=====================ဆိုလာပြားမှ တစ်ဆင့် မီးလောင်မှုအချို့မှာ အားသွင်းရာ တွင် အဓိကအရေးပါသည့် (Charge Controller) ဘက်ထရီ အားပြည့်ခါနီးနှင့် ပြည့်သောအ ခါ လျှပ်စီးနှုန်းကို ထိန်းချုပ်ပေး သည့် ကိရိယာမတပ်ဆင်ကြခြင်း ကြောင့် ဖြစ်ပွားနိုင်ပါတယ်
‘‘ဆိုလာကနေထွက်တဲ့ ကြိုး ကို သင့်တော်တဲ့ကြိုးမသုံးတာ၊ အရည်အသွေးပြည့်မီတဲ့ ကြေး ကြိုးမသုံးတာ၊ ဆိုလာပြားကို သယ်လာ သယ်သွားလုပ်ရင်း ဝိုင် ယာကြိုးတစ်လျှောက် ကြိုးပေါက် တာကို ဂရုမစိုက်မိတာ၊ ဆိုလာ ပြားကိုခေါင်မိုးပေါ်ထားတဲ့အခါ သေချာစွာ တပ်ဆင်တုပ်နှောင် ခြင်း မပြုမိဘဲ ဘက်ထရီရော ဆိုလာပြားအနောက်မှာပါ အပေါင်း၊ အနုတ်ငုတ်မှာ ကြိုးချောင်နေတာ၊ ကြားထဲမှာ ကြိုးဆက်ထား တဲ့ အပိုင်းတွေမှာမသေချာတာ က မီးလောင်ဖို့အတွက် ဖြစ်စေနိုင်ပါတယ် ”
ဆိုလာပြား မှမီးလောင်ခြင်းများ မဖြစ်ပွားရအောင်ဘယ်လိုကာကွယ်မလဲ
======================================၁/Controller ခံသုံးပါ။
၂/အဝင်ကြိုးကို သတိမှတ်ထား သောoriginal ဝါယာကြိုးကိုသာအသုံးပြုပါ။
၃/အိမ်၌ လူမရှိသည့်အခါမျိုး ခရီးရှည်ထွက်သည့်အခါမျိုးတွငိ Controller or breaker main switch ပိတ်ထားပါ။
၄/ ဘက်တရီမှာ အားအဝင်များ၍အသုံးမပြုနိုင်သောအခါမျိုးတွင် မီးလောင်မှုများမဖြစ်ပါွးရလေအောင် ဆိုလာအဝင်ကြိုးကို breaker ခံပါ ပီးလျှင်controller ခံထားပါ ခရီးရှည်ထွက်လျှင် ပိတ်ထားခဲ့ပါ။
၅/ နေပူပြင်းသောနွေရာသီအချိန်ကာလမျိုးတွင်ဆိုလာပြားနှင့် ဘက်ထရီအိုးကြား ချိတ်ဆက်အသုံးပြုသည့် ဆိုလာဝိုင်ယာကြိုးကို နေအပူဒဏ်ခံနိုင်ရန်နှင့် အပူချိန်မလွန်ကဲရန် ပိုက်လုံးထဲထည့်၍ အသုံးပြုသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည် ။ ။
Credit: Kyaw Swa Win
YOU ARE READING
M & E Short notes
Non-Fictionfbမှတစ်ဆင့်ပြန်လည်ကူးယူသည်။တစ်စုတစ်စည်းတည်းမိမိဘာသာပြန်လေ့လာနိုင်အောင်ဖြစ်သည်။မူရင်းပို့စ်များအားcrdပေးပါသည်။