ကောင်းကင်မဟာဓာတ်အားလိုင်းတွေ တည်ဆောက်တဲ့အခါ 80km ထက်နည်းတဲ့ ဓာတ်အားလိုင်းတွေကို Short Transmission Line လို့ သတ်မှတ်ပြီးတော့ 80km နဲ့ 200km အတွင်းရှိတဲ့ ဓာတ်အားလိုင်းတွေကို Medium Transmission Line လို့ သတ်မှတ်ကြပါတယ်။ 200km အထက်နဲ့ System Voltage 100kV ဓာတ်အားလိုင်းတွေကိုတော့ Long Transmission Line လို့ ခေါ်ဝေါ် သတ်မှတ်ကြပါတယ်။
ဒီနေရာမှာ မိတ်ဆက်ပေးလိုတာက ဓာတ်အားလိုင်းတွေမှာ
လုပ်ရိုးလုပ်စဉ် Single Conductor တွေ အစား Bundle Conductor တွေကိုဘာကြောင့် အသုံးပြုရသလဲ ဆိုတာကို လက်လှမ်းမှီ သလောက်လေး ပြန်မျှဝေပေးချင်တာပါ။
Bundle Conductor ((Bundle Two Conductors, Three Conductors, Four Conductors & Multi Conductor) ဆိုတာ လုပ်ရိုးလုပ်စဉ် နဲ့မတူ ကွဲပြားတာက Transmission Line ရဲ့ လျှပ်စစ်ပတ်လမ်း တခုမှာ Conductor (ဓာတ်ကြိုး) တစ်ချောင်းထက် ပိုမို ပါဝင်ပါတယ်။ Phase တခုချင်းစီရဲ့ Conductor တွေ အဖြစ် ဆင့်ပွား ဓာတ်ကြိုး (Sub conductor) တွေ ပါဝင်လာတာကို Bundle Conductor လို့ ခေါ်ဆိုတာပါပဲ။Twin Bundle (သို့မဟုတ်) Two bundle စနစ်ရဲ့ Phase တခုမှာ Sub Conductor ၂ ချောင်း ရှိပါမယ်။ တချို့ကတော့ ဒါကို Duct Conductor လို့လည်း ခေါ်ဝေါ် သုံးစွဲကြပါတယ်။ပုံသဏ္ဌာန်အားဖြင့် ထောင်လိုက် ဖြစ်စေ၊ ရေပြင်ညီ ဖြစ်စေစီစဉ်ထားရှိနိုင်ပါသည်။အလားတူပဲThree Bundleစနစ်မှာ Sub Conductor ၃ ချောင်း စီစဉ်ထားပြီး ကြိဂံ ပုံစံ အတည့် (သို့မဟုတ်) ဇောက်ထိုး ထားနိုင်ပါတယ်။
Four Bundle ( or) quad _ Conductor စနစ်မှာ Sub - Conductor ၄ချောင်း ပါဝင်လာပါမယ်။
ပုံမှန်အားဖြင့်တော့ စတုရန်း ပုံစံ စီစဉ် ထားလေ့ရှိကြပါတယ်။
အခြားသော ပုံသဏ္ဌာန် အစီအစဉ်ဖြင့် တွေ့ရှိနိုင်သော်လည်း အထက်ဖော်ပြပါ စနစ်တွေကတော့ အများဆုံး အသုံးပြုနေကြတာပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ရိုးရိုးတစ်ချောင်းတည်းသော ဓာတ်ကြိုး Single Conductor ပတ်လမ်းနဲ့ Twin Bundle စနစ်တွေ ကိုသာတွင်ကျယ်စွာ အသုံးပြုတည်ဆောက်ခဲ့ပြီး မကြာမီ တွေ့မြင်ရဖွယ်ရှိတဲ့ Four Bunde (or) Quad Bundle Double Circuit ဖြင့်တည်ဆောက်မယ့် 500kV Transmission Line တခု တည်ဆောက်လျှက် ရှိနေပြီ ဖြစ်ပါတယ်။BUNDLE CONDUCTOR အသုံးပြုခြင်း၏အားသာချက်များ
Transmission Line တခုအတွက် ဝန်အားသုံးစွဲမယ့် ဝေးကွာသောအရပ်ဒေသ ( နေရာ )များသို့ ဗို့အားပို့လွှတ်ရာမှာ အလွန်မြင့်မားတဲ့ စွမ်းအား ပိုမိုလိုအပ်ပါတယ်။
ဗို့အားပျောက်ဆုံးမှုလျော့ချဖို့ နဲ့ စွမ်းရည်တိုးတက်ဖို့ အတွက် EHV (Extra High Voltage) ဓာတ်အားလိုင်းတွေ တည်ဆောက်ရခြင်းပဲ ဖြစ်ပါတယ်။
Transmission Line တစ်ခုမှာ ပို့လွှတ်တဲ့ ဗို့အား 300kV ကိုကျော်လွန်ခဲ့ရင် ဓာတ်အားပျောက်ဆုံးမှုနဲ့ Corona Effect ကဲ့သို့ ဆက်သွယ်ရေးစနစ်တွေကို အနှောင့်အယှက် ဖြစ်စေခြင်း တွေ့ရှိလာပါတယ်။ တကယ်လို့ လုံးဝန်းတဲ့ ဓာတ်ကြိုးကိုပဲ phase တစ်ခုမှာ တစ်ချောင်းနှုန်းပဲ သုံးမယ်ဆိုရင် Corona Effect ကို လျော့ချဖို့ Hollow Round Conductor ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အခြားရှုထောင့်အနေနဲ့ ပြောရရင်တော့ စီးပွားရေးအရ တွက်ခြေကိုက်မှုမရှိတဲ့အတွက် hollow round conductor ကို မသုံးတော့ပဲ phase တစ်ခုမှာ Sub- Conductor ဆင့်ပွားကြိုးတွေ နဲ့ Bundle Conductor စနစ်ကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။
Bundle Conductor စနစ်ကို သုံးခြင်းအားဖြင့် Corona Loss နဲ့ radio noise တွေကို လျော့ချပေးပါလိမ့်မယ်။
ထို့အပြင် ပို့လွှတ်ဓာတ်အားလိုင်းအနီး ဝန်းကျင်က Phase တခုချင်းစီမှာရှိနေတဲ့ Conductor တွေရဲ့ ဗို့အားအနိမ့်အမြင့်ဖြစ်ပေါ်မှု/ ဗို့အားမတည်ငြိမ်ဖြစ်မှုကိုလည်း လျော့ကျစေပါတယ်။
Corona Effect ကို လေ့လာကြည့်တဲ့အခါ အခုလို တွေ့ရှိရမှာဖြစ်ပါတယ်။ Phase တစ်ခု နဲ့ တစ်ခုကြားက ကြားခံလေထုထဲမှာ ဗို့အားမြင့်တက်လာပြီး ဓာတ်ပြုခြင်းစတင်ဖြစ်ပေါ်လာတယ်။ အဲဒီနောက်မှာ လျှပ်ကူးနိုင်တဲ့ကြားခံအဖြစ် ပြုမူဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီလိုဖြစ်ပေါ်ခြင်းတွေကို Bundle Conductor တွေက ပျက်ပြယ်အောင်စွမ်းဆောင်ပေးနိုင်ပါတယ်။
Coronaဖြစ်တဲ့ အကြိမ်အရေအတွက်ကိုလိုက်ပြီး ဓာတ်အားလိုင်းရဲ့ efficiency ဟာ ကျဆင်းလာပါတယ်။
Bundle Conductor Line တွေမှာ Single Line တွေနဲ့ နှိုင်းယှဉ်ရင် Capacitance ပိုမိုမြင့်မားပါတယ်။ဒါကြောင့် Bundle Conductor တွေဟာ လျှပ်စီးသိုလှောင်နိုင်မှု ပိုမိုမြင့်မားပြီး Power Factor တိုးတက်လာမှုကို အထောက်အကူပြုစေပါတယ်။
မူလ Single Conductor လိုင်းတွေမှာ Bundle Conductor စနစ် သုံးလိုက်ခြင်းဖြင့် Capacitance ပိုမိုမြင့်မားပြီး Inductance နိမ့်စေပါတယ်။ Surge Impedance Loading (SIL) များလာလေလေ စွမ်းအင်ထုတ်လွှင့်မှုများလေလေ ဖြစ်ပါသည်။Single Conductor လိုင်းတွေနဲ့ နှိုင်းယှဉ်ရင် Phase တခုချင်းမှာရှိတဲ့ GMR Inductance (သို့) အသီးသီးမှာရှိတဲ့ GMD တိုးပွားလာမှာ လည်း ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် မူလ Single Line တွေထက် Reactance ကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ အဲ့ဒီလိုဖြစ်လာတာနှင့်အမျှ Reactance ကြောင့်ဖြစ်တဲ့ Loss ကို လျော့ကျစေပါမယ်။
GMD=Geometric Mean Distance
GMR=Geometric Mean RadiusThank For Reading.
Crd:Original Writer
YOU ARE READING
M & E Short notes
Non-Fictionfbမှတစ်ဆင့်ပြန်လည်ကူးယူသည်။တစ်စုတစ်စည်းတည်းမိမိဘာသာပြန်လေ့လာနိုင်အောင်ဖြစ်သည်။မူရင်းပို့စ်များအားcrdပေးပါသည်။