part 40 မိုးကြိုးလွှဲ

143 0 0
                                    

Equalpotential bonding – Separation Distance In Lightning Protection...

Roof top solar ​တွေအတွက် လိုအပ်တဲ့ Earthing စနစ် Design ပြုလုပ်ခြင်းအ​ကြောင်း ​ရေး​နေတာ​မပြီးခင် ..အကြိုဖတ်ထားလို့ရ​အောင်..

မိုးကြိုးပစ်ခြင်းကြောင့် ဖြစ်စေ ( တိုက်ရိုက်မိုးကြိုး ပစ်ခံရခြင်း မဟုတ်သော်လည်း )  ရံဖန်ရံခါတွင် ကျနော်တို့ ၏ အဆောက်အဦးသည် တိုက်ရိုက်မိုးကြိုးပစ်ခြင်းကို မခံရသော်လည်း  မိုးကြိုးပစ်ခြင်းဖြစ်စဥ်တွင် ၄င်း၏  လျှပ်ညှို့မှု ကြောင့် မိုးကြိုးလွှဲ နှင့် နီးစပ်ရာ သတ္တု သံထည်များကို လျှပ်စီးညှို့၀င် ပျက်စီးမှု ဖြစ်တတ်ပါတယ်။
ဒီလို lightning secondary effect / induction effect ကြောင့် မိမိအိမ်အတွင်းမှ လျှပ်စစ်အသုံးပြု ပစ္စည်းကိရိယာများကို မပျက်စီးစေရန် ကျနော်တို့ အနေဖြစ် လိုအပ်သော ပြင်ပ မိုးကြိုးလွှဲစနစ် ( External lightning protection system ) အပြင် မိုးကြိုးလျှပ်စီးကဲ့သို့ မပြင်းထန်သော်လည်း သာမန်ထက်ပိုမိုများပြားသော Voltage surge များကို ကာကွယ်ရန်အတွက်  အဆောက်အဦးအတွင်း လိုအပ်သော SPD ( Surge Protection Devices ) များကို သက်ဆိုင်ရာ class အလိုက် တပ်ဆင်ရန် လိုအပ်ပါသည်။

ဒီနေရာမှာ ကျနော်တို့က အိမ်ပြင်ပ မှာအသုံးပြုသော External lightning Protection System ကို မိုးကြိုးပစ်ခြင်းဖြစ်စဥ်တွင် အနီးအနားရှိ Metal Structure များမှ တဆင့် အိမ်အတွင်းရှိ လျှပ်စစ်ပစည်း များကို ညှို့၀င်မှု မရှိစေရန် လိုအပ်သော တပ်ဆင်မှု စနစ်ကို လေ့လာကြည့်မည် ဖြစ်ပါသည်။

Lightning current မိုးကြိုးလျှပ်စီးသည် မိုးကြိုးပစ်ခြင်းမှ တဆင့် သက်ဆိုင်ရာ Down conductor တလျောက်ဖြတ်သန်းစီးဆင်းစဉ် နီးစပ်ရာသတ္တုပစ္စည်းများဖြစ်သော စတီးဖရိန်များ ပိုက်များ သို့ down conductor နှင့် အကွာအဝေး ပမာဏ ကွဲပြားမှုအပေါ်မူတညိ၍ ပမာဏ မတူညီသော voltage များ ညှို့၀င်စေလေ့ရှိပါသည်။
တနည်း down conductor တွင် High Frequency lightning current များ စီးဆင်းချိန်တွင် ၄င်း conductor အနီးအနားရှိ အခြား လျှပ်ကူး ပစ္စည်းများကို high voltage များ ညို့၀င်ခြင်းဖြစ်ပြီး ပိုမိုဆိုးရွားသော ဖြစ်ရပ်တွင် မိုးကြိုးလွှဲ ကြိုးမှတဆင့် ( တိုက်ရိုက်မိုးကြိုးပစ်မခံရသည့်တိုင်) အခြားလျှပ်စစ် သတ္တုပစ္စည်းများသို့ မီးပန်းခြင်း၊ မီးပွားခုန်ကူးခြင်းများ(sparking ) ဖြစ်ပေါ်လေ့ရှိတတ်ပါသည်။
ဥပမာ။ ။ Capacitor အတွင်းရှိ conductor plate နှစ်ခုကြား voltage ညှို့၀င် မှုကို နမူနာထားကြည့်ပါ။
Conductor နှစ်ခုကြား insulation medium တစ်ခုရှိနေသော အနေအထား/ အကွာအဝေးအရ voltage ညှို့၀င်မှုကို နားလည်နိုင်မည်။

M & E Short notesWhere stories live. Discover now