part 45

8 0 0
                                    

MCB size Vs Over current and Earth Fault Current

နမူနာတစ်ခုကို ​တွေးကြည့်လို့ရ​အောင်ပါ။

● အကယ်၍ မိမိ အိမ်မှာ  Total load ​တွေကို တွက်ချက်ကြည့်တာ Total Rated Current က  7 A Maximum Load Current ဖြစ်​နေတယ်​ပေါ့ ။ ဒီ 7 A Full load current ရှိ​နေတဲ့  အိမ်အတွက်  အကာအကွယ်ပြုဖို့ရာ Protection MCB Rating /size ကို ​ရွေးချယ်မယ်ဆိုရင်   အ​စောက တွက်လို့ရတဲ့ 7A နဲ့ညီ​​​သော ( သိုမဟုတ် ) တဆင့်ကြီး​သော Breaker Rating ကို ​ရွေးချယ်ရမှာ ဖြစ်လို့ ( Same or Next Higher Rating For Protection Device အရ ) 7 A ထက်ကြီး​​သော Breaker size ကို ​ရွေးချယ်ရာ 10 A ဖြစ်သည်။

Breaker Type  ကို ​ရွေးချယ်ရာမှာ အသုံးပြုမည့် Load အမျိုးအစား​တွင် ( lighting များ ၊ အိမ်သုံး​မော်တာများ စသည့်  small inductive load ​တွေပါ၀င်လို့ ) load အမျိုးအစား​ပေါ်မူတည်၍ Breaker ကို Type  C အမျိုးအစား သုံးပါမည်။ 

■  Type C MCB  - C10 ကို သုံးမယ်။
■   C Type ရဲ့ Over load ( Thermal Tripping က  5In to 10In  ) လို့​ပြောထားတယ် ။ ဒီ​တော့  In က 10 A ဖြစ်လို့  (  5x10 ~ 10x10 ) ဆို​တော့ C10 MCB က overload current 50 A နဲ့ 100 A ကြားမှာသာ အလုပ် လုပ်မှာပါ။
​​တွေးကြည့်ရင် မူလ 7 Ampere Maximum Current ရှိတဲ့ အိမ်က C10 MCB ​ကြောင့် Overload Tripping ကို 50 A နှင့် 100 A ကြား​​​ရောက်မှသာ ဖြတ်ချမှာပါ။ အကယ်၍ Rating ပိုကြီးတဲ့ MCB C16,C20 ကိုသာ ​ရွေးထားမိရင်​တော့ ....ဖြစ်လာနိုင်တဲ့ overload current ရယ် breaker trip ဖြစ်မယ့် current ကိုသာ နှိုင်းယှဥ်ကြည့်နိုင်ပါတယ်။

C16 ကို ​ရွေးမိရင် 80 A နှင့် 160 A ကြား မှ အလုပ် လုပ်မယ်။
C20  ကို ​ရွေးမိရင် 100 A နှင့် 200 A ကြားမှာ မှ ထို MCB က အလုပ် လုပ်မှာပါ။

ဒီ MCB နဲ့ Earthing စနစ် Earthing Resistance က ဘယ်လိုသွားပြန်ပတ်သတ်ပြန်ပြီလဲ

TT  Earthing စနစ်က အလွယ်​ပြောရရင် Main Earth / Mother Earth / TX Star Point ကို TX မှာသာရိုက်ထားတာပါ။ မိမိကိုယ်တိုင် မိမိ အိမ်  အတွက် လိုအပ်မယ့်  Earth ကို ကိုယ်တိုင် ရိုက်ယူရတဲ့ စနစ်ပါ။
အိမ်ကိုဝင်လာတဲ့ supply cable မှာကိုက 3 Phase - 4 wire သာ ပါ၀င်လာတာပါ။ အခြား TNC , TNS တို့လို့ 3 Phase 5 wire ​တွေနဲ့ Incoming Supply အ​နေနဲ့ လာတာ မဟုတ်ပါဘူး။
ဒီ​တော့ တခြား Earthing စနစ်လို Zs ​တွေ Ze ဘာ​တွေက Utility Side နဲ့ မဆိုင်ပဲ ကိုယ်ကိုယ်တိုင် Earthing Resistance / Earthing စနစ်ကို အနည်းဆုံးဖြစ်​အောင် လုပ်ရတာပါ။

မိမိ  Earthing Resistance က 5 ohm ပဲရတယ်။ မိမိ Main MCB က 10 A တပ်ထားတယ်​ပေါ့။

Maximum Earth fault current = 230 V / 5 ohm  = 46 A
ဒီ​တော့ ဒီ fault current 46 A ကို  C10 ရဲ့ overload tripping current  50A ~ 100A  နဲ့ ယှဥ်ကြည့်ပါက ...

Max Earth fault current < Minimum Pickup Current of MCB

ဒီ​တော့ ဒီ  46 A Earth Fault ကို  50 A  က​နေ စပြီး  Over current Trip ဖြစ်မယ့် C 10  MCB က အချိန်ကာလ အတိုင်းအတာတစ်ခုအတွင်း မြင်နိုင်မှာ မဟုတ်ပါဘူး။

ဒီအ​ခြေအ​နေ ​အတွက် MCB ရဲ့ Over current / over load Tripping က မမြင်နိုင်တဲ့ သူ့ရဲ့ Pickup Current ပမာဏ ​အောက် ​သေးငယ်တဲ့ ပမာဏ ရှိတဲ့  Earth leakage fault current ကို မြင်နိုင်ဖို့  ဖြုတ်ချနိုင်ဖို့ အတွက်က  ( Earth leakage current/ Earth faulf ကို ​ထောက်လှမ်းနိုင်ဖို့ ) သီးခြား 30mA RCD ကို  TT စနစ်မှာ မဖြစ်မ​နေ ( မဖြစ်မ​နေကို ) တပ်သင့်တဲ့ အ​ကြောင်းနဲ့ မလိုအပ်ဘဲ ပိုကြီးတဲ့ Main Breaker ​တွေက သက်ဆိုင်ရာ  Protection အ​ပေါ်  ဘယ်လို သက်​ရောက်မှု​တွေ ရှိ​စေတယ်ဆိုတာနဲ့ သက်ဆိုင်ရာ MCB Type အလိုက် ရှိသင့် ရှိရမည့်  Maximum Zs တန်ဖိုးများရရှိ​အောင်  မိမိတပ်ဆင်မှု MCB နှင့်ကိုက်ညီ​အောင် တပ်ဆင်ကြမည်ဖြစ်ပါသည်။

အကယ်၍ Earthing Resistance ကို 1 ohm ရရှိသည်အထိ Earth ရိုက်ထားပါက
Maximum fault current = 230 V / 1 ohm = 230 A

Max Earth fault current > Minimum Pickup Current of MCB

Earth fault ဖြစ်ရင်  C10 MCB ကို ဖြတ်ပြီး  230 A စီးဆင်းမှာဖြစ်လို့  50 A က​နေ စပြီး Overload Trip ဖြစ်မယ့် C10 က ဒီ အ​ခြေအ​နေမှာ အလုပ် လုပ်မှာပါ။

■ အချုပ်အားဖြစ် TT စနစ်မှာ Earthing စနစ်ကို ဘယ်လိုလုပ်လဲ ဘာဖြစ်လို့ Earthing Resistance တန်ဖိုးက နည်းသင့်တာလဲ။
■ C Type MCB ​တွေရဲ့ Over load Tripping Curve အရ Trip Current က သူ့ရဲ့ Rated Ampere ​ပေါ်မူတည်ပြီး ဘယ်​လောက်ဖြစ်မယ်ဆိုတာရယ်။

■ရာသီဥတု ​မြေထုအတွင်းရှိ​သော ​ရေအစိုဓါတ်ကို မူတည်၍ /  ရာသီဥတု အလိုက်​ပြောင်းလဲနိုင်​သော Low  Earthing Resistance / လမ်း​ကြောင်းကို fault current စီးဆင်းရာလမ်း​ကြောင်းအဖြစ် အားကိုး​နေသည့်တိုင် ပမာဏ အရ ​သေးငယ်​သော်လည်း လူကို​သေ​စေနိုင်​သော Earth leakage current များကို ကာကွယ်ဖြတ်​တောက်ရန်အတွက် သက်ဆိုင်ရာ မှန်ကန်​သော RCD များကို အဆင့်လိုက် စနစ်တကျ တပ်ဆင်သင့်​ကြောင်းပါ ခင်ဗျာ

ဒါက သီအိုရီ​တွေ Zs , Ze Earth fault loop impedance ​တွေ မပါ၀င်​သော ရိုးရှင်း​​သော တွက်ချက်မှုတစ်ခုပါ။ အကျယ်ကို​တော့   ​နောက်ပိုင်းအားရင်  Theory နဲ့ Standard အရ ပြန်ရှင်း​ပေးပါ့မယ်။

#komyozaw
#CType_MCB_Trip_Curve
#TT_Earthing_RCD

M & E Short notesWhere stories live. Discover now