part 8 Earthing

51 0 0
                                    

TT, TN , IT neutral and earthing အကြောင်း ( basic electrical knowledge )

Neutral and Earthing arrangement @ LV power distribution
**************************************************
ပထမဆုံး Technical post မှာ စရေး ဖြစ်တာ ကို ပြန်တင်ပေးလိုက်တာပါ ။
ကျွန်တော်တို့ က IFP course အခြေခံထားတဲ့ Oil and Gas electrical engineering မှာ စာတွေ့ လက်တွေ့ ကို Ceeleg က instructor များ က သင်ကြားပေးခဲ့တာပါ ။
ဒါ က ခောတ်မှီ Industry တွေ မှာ design ဆွဲ တည်ဆောက်တဲ့ အခါ အလွန် အရေး ကြီးပါတယ် ။ ကျောင်းတွေ မှာ အခုသင်လားဆိုတော့ မသိပါဖူး။ ကျွန်တော်တို့ ကျောင်းသား ဘ၀ ကတော့ မသင်ခဲ့ရပါဖူး။
Power distribution ရဲ့ TT, TN , IT neutral arrange system အကြောင်း အခြေ ခံ ကို
လျပ်စစ် သမားတိုင်း မဖြစ် မနေ သိထားရပါမယ်။
မိမိ ပတ်၀န်းကျင်ရဲ့ distribution မှာ ဘာ system သုံးလဲ ဆိုတာ အခြေခံ အားဖြင့်တော့ သိထားရပါမယ် ။
ဒါမှလဲ လျပ်စစ် ရဲ့ safety protection system တွေ ကိုနားလည်မယ် ။ဘာတွေနဲ့ သင့်တော်လဲ ဆိုတာ သိပါမယ် ။ အားလုံး က ကျွန်တော် ပြော သလိုပါပဲ ။ safety ကို အခြေခံ ပြီး design ဆွဲ ကျတာပါ ။
စနစ်တိုင်းမှာတော့ အားသာချက် အားနည်းချက် ဖြစ်တာရောရှိပါတယ် ။ သက်ဆိုင် ရာ အလိုက် သင့်တော်တဲ့ နည်းလမ်း ကို သုံးရပါတယ် ။ site တခုထဲ မှာပဲ စနစ်တွေ ပေါင်းထားတာတွေ ရှိပါတယ် ။ သူတို့ ရဲ့ အကြောင်း တွေ ကို နှိုင်းယှည် ပြထားတာ တွဲပေးလိုက်ပါတယ် ။
=================================================
အဓိပ္ပါယ် ဖွင့်ဆိုချက်
IEC terminology စနစ် ကို အခြေခံပါတယ် ။ ပြင်သစ်လက်တင် စကားလုံးတွေ ကို ယူသုံးထားတာပါ ။
T က terra ဖြစ်ပြီး earth လို့ အဓိပ္ပါယ် ရပါတယ်။ I က isolation ဖြစ်ပါတယ်။ N က network က Earthing ကို ပြောပါတယ် ။ တတိယ စာလုံးတွေ ဖြစ်တဲ့ S က separate နဲ့ C က combine ဖြစ်ပါတယ်။
Earthing နဲ့ neutral arrangement system မှာ English စာလုံး ၂လုံးပါတယ် ။
ပထမစာလုံးက neutral ကနေ မြေကြီး ဆီ ( earthing ) ကို connection လုပ်တဲ့ အခြေအနေပါ ။
ဒုတိယ စာလုံးက လျပ်စစ်နဲ့ ထိတွေ့နိုင်တဲ့ conductive equipment အများအားဖြင့် metallic equipment တွေနဲ့ မြေကြီး ဆီ ( earthing ) ကို connection လုပ်တဲ့ အခြေအနေပါ ။
တတိယ စာလုံးက တော့ TN system အတွက်သာဖြစ်ပြီး neutral နဲ့earthing ကို ဘယ်လိုဆက်သွယ်ထားတယ် (connection ) လုပ်တဲ့ အခြေအနေပါ ။
Neutral and earthing arrangement system တွေကတော့
T T
I T
T N
ဆိုပြီး ၃ မျိုး ရှိပါတယ် ။
T N မှာ TN- C နဲ့ TN- S ဆိုပြီး ၂မျိုးခွဲ ပါတယ်။
ပထမစာလုံးမှာ T ရဲ့ အဓိပါယ်ကတော့ neutral က earthing ကို တိုက်ရိုက် ဆက်ထားတာပါ ။
ပထမစာလုံးမှာ I ရဲ့ အဓိပါယ်ကတော့ neutral က earthing ကို တိုက်ရိုက် မဆက်ထား ပဲ သော်၄င်း ဒါမှမဟုတ် Impedance တခုခံ ပြီး သော်၄င်း ဆက်ထားတာပါ ။
ဒုတိယ စာလုံး T ရဲ့ အဓိပါယ်ကတော့လျပ်စစ်တင်ဆင်ထားသော metallic equipment ကနေ တခြား earthing ကို ဆက်ထားတာပါ ။
ဒုတိယ စာလုံး N ရဲ့ အဓိပါယ်ကတော့ metallic equipment ကနေ neutral ကိုပဲ တိုက်ရိုက် ဆက်ထားတာပါ ။
တတိယ စာလုံး TN system မှာ C နဲ့ S ကတော့ neutral ကို ပဲ ပေါင်းပြီး ဆွဲတာလား နောက် တကြိုးခွဲပြီးဆွဲတာလား ပြောတာပါ ။

M & E Short notesWhere stories live. Discover now