9. Sanitary Trade
အောက်တွင်ဖော်ပြထားသော ပုံမှာ office tower တစ်ခုမှ common toilet တစ်ခု၏ M&E service installation ပုံဖြစ်သည်။ Dia 50mm UPVC Pipe များမှာ ပုံတွင်ပြထားသည့်အတိုင်း WC soil waste pipe Elbow တစ်ခုစီမှ နေ၍ အပေါ်သို့ထောင်တက်သွားပြီး common pipe တစ်ခုအနေဖြင့် Ceiling ပေါ်သို့တက်ကာ သတ်မှတ်ထားသောနေရာတွင် တခြားသော common pipe နှင့်ပေါင်းဆုံကြမည်။ ၄င်း pipe မှာ --------pipe အမျိုးစားဖြစ်သည်။
A. Soil Waste Pipe
B. Gas Pipe
C. Ventilation Pipe
D. Waste PipeAns C
8. Fire Protection Trade
စင်္ကာပူ မှာရှိနဲ့ construction industry အတွက် အဆောက်အဦးတွေဆောက်တဲ့ အခါမှာ ကျွန်တော်တို့ရဲ့ M&E Services ( Pipes/ Ducting / Cables & etc)တွဟာ အခန်းတစ်ခန်းကနေ (သို့မဟုတ်) အထပ်တစ်ထပ်ကနေ နောက်တစ်ထပ်ကို ဖြတ်သန်းသွားလာလေ့ရှိပါတယ်။ အဲဒီအချိန်မှာ ဖြတ်သန်းသွားခံရတဲ့ နံရံ နဲ့ ကြမ်းပြင်တို့ရဲ့ မီးလောင်ခံနိုင်မှူ စွမ်းဆောင်ရည် တွေကျဆင်းသွားကြပါတယ်။
အဲလိုမီးလောင်ခံနိုင်တဲ့ စွမ်းဆောင်ရည်တွေလျော့ပါးမသွားအောင် M&E Services တွေဖြတ်သန်းသွားတဲ့ Pipe Sleeve/ Cable Tray Sleeve/ Duct Sleeve / Penetration opening & etc နေရာတွေမှာ
Fig no. 01 မှာပြထားတဲ့အတိုင်း Fire Stop တွေနဲ့ ပြန်ပိတ်ပေးရပါတယ်။Firestop လို့ အကြမ်းဖျင်းပြောလိုက်ပေမဲ့ ပစ္စည်းအမျိုးစား ၂ မျိုးကို ပူးတွဲပြီးတော့ အသုံးပြုထားခြင်းဖြစ်ပါတယ်။ တစ်မျိုးကတော့ _________ ဖြစ်ပြီး တော့ နောက်တစ်မျိုးကတော့ _________ ဖြစ်ပါတယ် ။
A. Fiber Glass & Rock Wool
B. Fire Stop Mortar & Rock Wool
C. Fiber Glass & Fire Stop Mortar
D. Waterstop material & AsphaltAns B
#Swimming Pool Service
01. ခေတ်မှီ၍ နိုင်ငံတကာအဆင့်မှီ ကောင်းမွန်အောင်တည်ဆောက်ထားသော Swimming Pool များတွင် လူများရေဆင်းကူးသောကြောင့် လျှံကျလာသောရေများသည် ------ မှတဆင့် သတ်မှတ်ထားသောနေရာသို့စီးဝင်နေသည်။ ၎င်းမှနေ၍ရေများကို circulation pump ဖြင့် swimming pool သို့ပြန်လည်ဖြည့်တင်းပေရသည်။
A. Overflow Drain / Skimmer Box
B. Roof Gutter/ Rain Water Down pipe
C. Storm Water Drain
D. Culvert DrainAns. A
# Swimming Pool Trade
2. ခေတ်မှီ၍ ကောင်းမွန်အောင်တည်ဆောက်ထားသော Swimming Pool များတွင် လူများရေဆင်းကူးသောကြောင့် လျှံကျလာသောရေများ ကိုပြန်လည်လက်ခံရန်တည်ဆောက်ထားသော container ကို------- ဟုခေါ်သည်။
A. Backwash holding tank
B. Balancing Tank
C. Water storage tank
D. Irrigation tankAns. B
YOU ARE READING
M & E Short notes
Non-Fictionfbမှတစ်ဆင့်ပြန်လည်ကူးယူသည်။တစ်စုတစ်စည်းတည်းမိမိဘာသာပြန်လေ့လာနိုင်အောင်ဖြစ်သည်။မူရင်းပို့စ်များအားcrdပေးပါသည်။