Power Transformer များကို ပင်လယ်ရေမျက်နှာပြင် ( ၁၀၀၀ မီတာ အထက် ) တွင် တပ်ဆင်ခြင်း
Power Systems နဲ့ ပတ်သတ်ပြီး Technical ပိုင်း Design ပိုင်းကို အဓိက လုပ်ကိုင်နေတဲ့ လျှပ်စစ်အင်/ယာ တွေ အတွက် ( အချို့ သိရှိပြီး ဖြစ်နိုင်သော်လည်း ) လေ့လာလုပ်ကိုင်နေသူ မိတ်ဆွေများအတွက် Power Transformer များနှင့် သက်ဆိုင်သော Design/Clearance Calculation တွက်ချက်မှု ဆိုင်ရာ လိုအပ်ချက် တစ်ခုကို သတိပြုနိုင်ဖို့ အကြောင်းအရာတစ်ခုပါ ။ ဒါကလည်း နိုင်ငံတကာ အဆင့် တင်ဒါ ပစည်းနဲ့ ဒီဇိုင်းတွက်ချက် မှု စီမံကိန်းတွေ လုပ်ကိုင်ရင်း တွေ့လာရတဲ့ အတွေ့အကြုံ ကို ဝေမျှပေးခြင်းဖြစ်ပါတယ်။
သာမန်အားဖြစ် Design တွက်ချက်မှု တွေ မစတင်ခင် ကတည်းက သက်ဆိုင်ရာ အလုပ်တွေအလိုက် အတိအကျ လိုက်နာရမည့် Design/Technical Specification ကို အတိအကျ ရေးသားတောင်းဆို ထားပါတယ် ။ ဥပမာ။ ။ဓာတ်အားခွဲရုံ တစ်ခုကို တည်ဆောက်မည် ဆိုပါက အထက်ပါ တည်ဆောက်မည့် နေရာ ဒေသ ၏
• System and Environmental Data
• System Parameters and Design Data
• Climatic & Geographic Condition
• Electrical Network Statistics စသဖြစ် ပေးထားလေ့ရှိပြီး ( အကယ်၍ မပေးထားပါက သက်ဆိုင်ရာ ဌာနသို့ RFI များ Comment Register များ ပြုလုပ်၍ တောင်းခံရမည် ဖြစ်သည်။ )
Electrical Power Station / Substation များ ( ဓာတ်အားခွဲရုံ / Switchyard ) များကို တည်ဆောက်ရာတွင် များသော အားဖြစ် ဓာတ်အားခွဲရုံများကို မြေပြန့်ဒေသ များတွင် ဖြစ်စေ ကုန်းမြင့်ဒေသများတွင် တည်ဆောက်သည် ဖြစ်စ ( မြေမျက်နှာ သွင်ပြင် အရ အနိမ့်အမြင့် မညီညာလျှင်တောင်မှ သက်ဆိုင်ရာ ခွဲရုံ တည်ဆောက် မည့်နေရာကို ညီညာပြန့်ပြူးသော မြေပြင်ရသည်အထိ လိုအပ်သော မြေဧရိယာ/ မြေနေရာကို ညှိယူ တည်ဆောက်လေ့ရှိပါသည် )။
ထိုကဲ့သို့ တည်ဆောက်ရာတွင် ဓာတ်အားခွဲရုံ တည်ဆောက်ရေးနှင့် သက်ဆိုင်သော Design Engineer များအနေ ဖြစ် ( ကျနော်တို့ အခေါ် Primary Design ) အတွက် လိုအပ်သော အချက်အလက်များကို စဥ်းစား အတည်ပြု တွက်ချက်ကြရာမှာ အခြေခံအားဖြစ် Switchyard Layout အတွက် နေရာချထားမှုကို ( နမူနာပြ ရလျှင် )
• အဝင် ( Incoming power line ) က ဘယ်ဘက်က ဝင်မှာလဲ
• Incoming line က Over head လား Under ground လား
• Line gantry ကို ဘယ်ဘက်ကို မျက်နှာ လှည့်မလဲ
• Equipment တစ်ခု နဲ့ တစ်ခုကြားက line to line clearance ကို ဘယ်လောက်ထားမလဲ
• Section Clearance ကို ဘယ်လောက် ထားမလဲ
• Future အတွက် Spare Bay ထားအုန်းမလား
• Substation Bus Arrangement ကို Single bus ထားမလား Double bus ထားမလား
• Bus Arrangement ကို Design ဘယ်လိုလုပ်မထားမလဲ အခြေခံအားဖြစ်
• H Arrangement ( 2 line in – 2 TX out Arrangement ) up to 66 kV
• In-line longitudinal Arrangement ( 132 – 230 kV )
• Center-tower Arrangement ( 132 – 230 kV )
• Breaker-and-a-half ( 500 kV ) စသဖြစ် ( တည်ဆောက်မှု မူကွဲများကို သက်ဆိုင်ရာ Voltage level အလိုက် ) တွေ့ရနိုင်ပါတယ်။
အဓိက ပြောချင်တဲ့ပွိုင့်က ကျနော်တို့တွေ သာမန် AIS ( Air insulated switchgear / Switchyard ) တွေကို Design ပြုလုပ်နေတာ မှာ Air insulated switchgear တွေနဲ့ပတ်သတ်ပြီး ကျနော်တို့ Design တွက်ချက်မှုကို တိုက်ရိုက် ထိခိုက်နိုင်သည့် သတိပြုရမည့် အချက်တွေက
1. Altitude
အားလုံးသိသလို AIS ( Air Insulated Switchyard ) ဆိုတာ Energize ဖြစ်နေတဲ့ ( မတူညီ တဲ့ 3 Phase Bus အချင်း ချင်းကြား / 3 Phase Bus နဲ့ Earth ကြား မှာ လျှပ်ကာပစည်းအနေနဲ့ ( Air ) လေကိုသာ သုံးထားခြင်း လေနဲ့သာ ခြားထားခြင်း ဖြစ်ပါတယ်။
သာမန်အားဖြစ် သဘာဝ လေ ၏ လျှပ်ကာစွမ်းရည် ( Dielectric Strength ) သည် လေထုအတွင်း ၊ 1 mm အကွာအဝေးသည် 3 kV အထိ ခံနိုင်ရည်ရှိ အကာအကွယ်ပြု နိုင်ပြီး အထက်ပါ လေထု အတွင်းရှိ Air Insulated Switchgear များ၏ လျှပ်စစ်ပစည်းများ ၏ သက်ဆိုင်ရာ Voltage အလိုက် အနည်းဆုံးရှိသင့်သည့် အကွာအဝေးများကို IEC 60076-3 Power transformers –
Part 3: Insulation levels, dielectric tests, and external clearances in air တွင် အကိုးအကားပြုလေ့လာနိုင်ပါသည်။
YOU ARE READING
M & E Short notes
Non-Fictionfbမှတစ်ဆင့်ပြန်လည်ကူးယူသည်။တစ်စုတစ်စည်းတည်းမိမိဘာသာပြန်လေ့လာနိုင်အောင်ဖြစ်သည်။မူရင်းပို့စ်များအားcrdပေးပါသည်။